ယောကျ်ားလေးတစ်ယောက်မှာလည်း မိန်းကလေးတွေလိုမျိုးပဲ မရှိမဖြစ် လိုအပ်ပြီး ဆောင်ထားရမယ့် Accessories တွေအများအပြားရှိပါတယ်။ အဲ့ဒီထဲက အရေးကြီးတဲ့ Accessories တွေကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

ယောကျ်ားလေးတွေအတွက်ကတော့ ကျိန်းသေပေါက်နီးပါး ရှိနေပြီးဖြစ်တဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မရှိသေးဘူးဆိုရင်လည်း ဝယ်တာပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးမယ်ဆိုလည်း အခုပြောသွားမယ့် Accessories တွေက အံကိုက်ဖြစ်နေစေမှာပါ။

ပိုက်ဆံအိတ်

 

Source: AliExpress

ယောကျာ်လေးတစ်ယောက်အတွက် ပိုက်ဆံအိတ်ဆိုတာက နာရီထက်တောင်ပိုပြီး အရေးပါပါသေးတယ်။ ပိုက်ဆံအိတ်အရှည်မဟုတ်ပဲ အရည်အသွေးကောင်းပြီး Minimal ဖြစ်တဲ့ Leather Bifold Wallet တစ်ခုက ယောကျ်ားလေးတစ်ယောက်အတွက် မရှိမဖြစ်လို့တောင်ပြောလို့ရပါတယ်။

ကျောပိုးအိတ်

 

Source: Carousell

ယောကျ်ားလေးအတော်များများ၊ အထူးသဖြင့် အလုပ်လုပ်ကိုင်နေတဲ့သူတွေအများစုက ကိုယ့်ရဲ့ Laptop ၊ စာရွက်စာတမ်းနဲ့ အခြားသော ပစ္စည်းတွေအများအပြားထည့်ထားလို့ရအောင် ကျောပိုးအိတ်ကိုပဲ အသုံးပြုကြတာများပါတယ်။ အဲ့ဒီအတွက် အရည်အသွေးကောင်းတဲ့ Leather Backpack တစ်ခုကလည်း မရှိမဖြစ် အသုံးအဆောင်တွေထဲမှာပါပါတယ်။

ခါးပတ်

 

Source: Business Insider

ခါးပတ်ဆိုတာက ယောကျ်ားလေးတစ်ယောက်အတွက် ကိုယ့်ရဲ့ အဆင့်အတန်းကို ဖော်ပြနေတာနဲ့ အတူတူပါပဲ။ ထသွားထလာဝတ်တဲ့ ခါးပတ်တွေက အရေးမကြီးပေမယ့် တကယ့်ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်ဖို့ကတော့ အကောင်းစား Leather ခါးပတ်တစ်ခုရှိထားဖို့ လိုအပ်ပါတယ်။

နေကာမျက်မှန်

 

Source:Business Insider

ဒါကတော့ ယောကျ်ားလေးတိုင်းအတွက် မဟုတ်ပေမယ့် အများစုကတော့ သဘောကျပြီး နှစ်သက်ကြတဲ့ အသုံးအဆောင်တစ်ခုပါ။ နေရောင်ဒဏ်ကို ကာကွယ်ပေးနိုင်ရုံတင်မကပဲ ကိုယ့်ဖက်ရှင်ကိုပါ ပိုပြီးလန်းစေပါတယ်။

နာရီ

 

Source: Entrepreneur Resources

ယောကျ်ားလေးတစ်ယောက်အတွက် နာရီဆိုတာက ပြောနေဖို့တောင်မလိုတဲ့ အသုံးအဆောင်တစ်ခုပါ။ Minimal ဖြစ်ပြီးတော့ ရိုးရှင်းတဲ့ ဒီဇိုင်းပဲဖြစ်ဖြစ်၊ ဒိုင်ခွက် ၃ ခုလောက်နဲ့ ထူထဲပြီး Functions တွေအများအပြားပါတဲ့ နာရီပဲဖြစ်ဖြစ် ယောကျ်ားလေးတွေအတွက်ကတော့ နာရီတစ်လုံးက မရှိမဖြစ်ပါ။