ယူကေနိုင်ငံသားတွေရဲ့ သုံးပုံတစ်ပုံဟာ ညဘက် အိပ်ရာဝင်ချိန်မှာ အဝတ်ဗလာနဲ့ အိပ်ရာဝင်ဖြစ်တယ်လို့ SleepFoundation က လုပ်တဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

အမျိုးသားတွေ အဝတ်မဝတ်ဘဲ ညဘက် အိပ်ရာဝင်ခြင်းဟာ သုတ်ပိုးကျန်းမာရေးအတွက် ကောင်းတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်နဲ့ ကလေးများ ကျန်းမာဖွံ့ဖြိုးရေး အင်စတီကျူဒ်တို့ လုပ်ဆောင်တဲ့ လေ့လာမှုက ဆိုပါတယ်။ ဒီလေ့လာမှုအရ နေ့ရော ညပါ Boxers တွေ ဝတ်ပြီး အိပ်ကြတဲ့ အမျိုးသားတွေထက် ညဘက် အဝတ်ဗလာနဲ့ အိပ်ကြတဲ့ အမျိုးသားတွေဟာ DNA ပြိုကွဲမှု ဖြစ်စဉ်မှာ ၂၅% ပိုနည်းတယ်လို့ ဆိုပါတယ်။

Photo: Independent

လူပေါင်း ၅၀၀ ကို ၁၂ လကြာ လေ့လာခဲ့တဲ့ ဒီလေ့လာမှုမှာ သုတ်ပိုးအရည်အသွေးနဲ့ ကျန်းမာရေးကိုပါ လေ့လာခဲ့တာ ဖြစ်ပါတယ်။ ညဘက် အတွင်းခံမဝတ်ဘဲ အိပ်သူတွေဟာ မျိုးပွားမှု အကောင်းဆုံး အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ သားသမီးလိုချင်တဲ့ အမျိုးသားတွေကို ညဘက်မှာ အဝတ်မဝတ်ဘဲ အိပ်ဖို့ အကြံပြုထားပါတယ်။

အဝတ်ဗလာနဲ့ ညဘက်အိပ်ရာဝင်ခြင်းဟာ ပိုပြီးလည်း အိပ်ပျော်ဖို့ လွယ်ကူစေပါတယ်။ လူဟာ အိပ်ပျော်သွားချိန်မှာ သဘာဝအတိုင်း ကိုယ်ခန္ဓာအပူချိန်ဟာ လျှော့ချပေးလာပါတယ်။ အဝတ်တွေအထပ်ထပ် ထုတ်ပိုးဝတ်ဆင်ထားတဲ့ ခန္ဓာကိုယ်ဟာ အိပ်စက်ဖို့ အကောင်းဆုံး အပူချိန်ကို မကျနိုင်တာကြောင့် အိပ်ပျော်ဖို့လည်း ခက်စေနိုင်ပါတယ်။

Photo: MSN

ဒါကြောင့်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့နဲ့ အမျိုးသား သုတ်ပိုးကျန်းမာရေးကောင်းချင်သူတွေအတွက် ညဘက်တွေမှာ Naked Night အဖြစ် ဖြတ်သန်းသင့်‌‌‌ကြောင်း တင်ပြလိုက်ပါတယ်။