စာစောင်တွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ အားကျစရာယောင်္ကျားတစ်ယောက်ရဲ့ ရုပ်ပုံကို ဖော်ပြတဲ့အခါ ဘော်ဒီကျစ်ကျစ် Six Pack နဲ့ ကြွက်သားအဖုဖု ထွက်တဲ့ပုံကိုပဲ ပြကြတာ များပါတယ်။ ဒီလို ပြောလို့ မိန်းကလေးတွေက ကြွက်သားအမြောင်းမြောင်းနဲ့ ဘဲတွေကိုပဲ ကြွေသလားဆိုတော့လည်း မဟုတ်ပါဘူး။

အွန်လိုင်းစစ်တမ်းတစ်ခုအရ အမျိုးသမီးတွေဟာ ယောင်္ကျားတစ်ယောက်ကို ရုပ်ပိုင်းထက် အရည်အချင်းပိုင်းကို ဦးစားပေးပြီး ပိုသဘောကျကြတယ်လို့ ဆိုပါတယ်။ ဒီအချက်ကတော့ ရင့်ကျက်ပြီး အရွယ်ရောက်နေတဲ့ အမျိုးသမီးအများစု ဖြေမယ့် အဖြေမျိုး ဖြစ်နိုင်ပါတယ်။ လူတွေဟာ အသက်ကြီးလာတဲ့အခါ ရုပ်ရည်ထက်စာရင် စရိုက်သဘာဝနဲ့ အရည်အချင်းကောင်း ရှိတဲ့သူကိုပဲ ပိုပြီး နှစ်သက်ကြမှာပါပဲ။

nearly 75% shared that they are a fan of the “dad bod

Photo: Brightside Me

နောက်တစ်ချက် သူတို့သဘောကျတဲ့အပိုင်းက စိတ်ဝင်စားစရာပါ။ အဲ့ဒါကတော့ မိန်းကလေးတွေဟာ Dad Bods လို့ခေါ်တဲ့ ဗိုက်နည်းနည်းပူတဲ့ အမျိုးသားတွေကို ပိုနှစ်သက်ကြတယ်ဆိုတာပါပဲ။ Dad Bods ဆိုတာ ပိန်ကျစ်ကျစ်နဲ့ Fit ဖြစ်တာမျိုးမဟုတ်ဘဲ တောင့်တောင့်တင်းတင်းနဲ့ ကြည့်လိုက်ရင် ခန့်ညားတဲ့ ကိုယ်လုံးမျိုး ဖြစ်ပါတယ်။ စုံတွဲရှာဖွေပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Dating.com က လုပ်တဲ့ စစ်တမ်းအရ အမိုက်စားကျစ်လျစ်ပြီး ကြွက်သားတွေနဲ့ ကြည့်ကောင်းတဲ့ ဘော်ဒီပိုင်ရှင်တွေကို ကြိုက်တဲ့ အမျိုးသမီးက စစ်တမ်းဖြေဆိုသူရဲ့ ၁၅% ပဲ ရှိတယ်လို့ ဆိုပါတယ်။

ကျန်တဲ့ ၇၅% ကတော့ Dad Bod စတိုင် ဘော်ဒီပိုင်ရှင်တွေကို နှစ်သက်တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ ဒီစစ်တမ်းကနေ ထွက်လာတဲ့ ရလဒ်အရ စစ်တမ်းဖြေဆိုသူရဲ့ ၂၀% ဟာ လူတစ်ယောက်ကို ကိုယ်လုံးကိုယ်ပေါက်ကြည့်ပြီး မကြိုက်တတ်ဘဲ သူတို့ရဲ့ Personality ကို ကြည့်ပြီးပဲ ကြိုက်တယ်လို့ ပြောပါတယ်။ အမျိုးသမီး အတော်များများဟာ ကြွက်သားအဖုဖုနဲ့ ကိုယ်လုံးတွေထက် လုံးဝိုင်းဝိုင်းနဲ့ နူးညံ့ပျော့ပြောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုးကို ပိုသဘောကျကြောင်းလည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

More women prefer soft and round bodies rather than toned ones

Photo: Brightside Me

Dad Bod ဘော်ဒီပိုင်ရှင်တွေကို သဘောကျရတဲ့ အကြောင်းအရင်းက အဲ့ဒီလို ကိုယ်လုံးကိုယ်ပေါက်ပိုင်ရှင်တွေဟာ တခြားသူတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းတတ်တယ် ၊ ရင့်ကျက်ပြီး ခင်မင်စရာကောင်းတယ်လို့ ပြောထားပါတယ်။ တချို့သူတွေကတော့ Dad Bod ကိုယ်လုံးပိုင်ရှင်တွေက ဟာသဉာဏ်ရှိတတ်လို့ သဘောကျတယ်လို့ ပြောပါတယ်။ ဘာပဲပြောပြော ပုံမှန်ထက် နည်းနည်းဝတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီစစ်တမ်းက ဝမ်းသာစရာပါပဲ။

တကယ်တော့ Dad Bod ဆိုတာ ဘီယာဗိုက်လို ဗိုက်ရွှဲရွှဲကြီးမျိုး မဟုတ်ဘဲ ကျစ်လျစ်ကြံ့ခိုင်မှုနဲ့ သိသာတဲ့ ဗိုက်သားရှိခြင်းတို့အကြား ဟန်ချက်မျှတဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုးကို ပြောတာ ဖြစ်ပါတယ်။ Dad Bods ရဖို့ဆိုရင် အားကစားလည်း တစ်ပတ် နှစ်ရက် သုံးရက်လောက်လုပ်ပေးပြီး သက်တောင့်သက်သာ နေထိုင်စားသောက်တဲ့ Lifestyle နဲ့ မျှမျှတတ နေထိုင်ဖို့တော့ လိုပါတယ်။