ဝတ်စားဆင်ယင်မှုဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ပုံမှန်အချိန်ဆိုရင် အဝတ်အစားအကြောင်း မစဉ်းစားဖြစ်ရင်တောင် ထသွားလာသွား ပွဲတက်ဖက်ရှင်ဝတ်ရမယ်ဆိုရင် ခေါင်းပူအောင် အလုပ်ပေးရပါတယ်။ Dress Code တွေ အများကြီး ရှိပေမယ့် တကယ်အသုံးများတဲ့ Dress Code တွေကို ခွဲကြည့်ရင် ဒီ ၄ မျိုးကို တွေ့ရမှာပါ။

(၁) Casual

Photo: thetrendspotter

Dress Code တွေထဲမှာ အဝတ်အများဆုံးနဲ့ သက်တောင့်သက်သာအရှိဆုံး အမျိုးအစားပါ။ နေ့တိုင်း ကျွန်တော်တို့ ဝတ်နေတာ Casual စတိုင် များပါတယ်။ Casual စတိုင်မှာ Jeans ပါမယ် ၊ Sweater ၊ Sneaker နဲ့ T-Shirt ပါမယ်။ ဂျက်ကတ်လည်း ပါလေ့ ရှိပါတယ်။

(၂) Smart Casual

Photo: thetrendspotter

လူငယ်ပညာတတ်အသိုင်းအဝိုင်းအကြားမှာ အတွေ့ရများပါတယ်။ ကိုယ့်ရဲ့ Personal Style ပေါ် ယုံကြည်မှု ရှိချင်လို့ ဝတ်ကြသလို အလုပ်သဘောအရလည်း သပ်ရပ်ကျော့မော့နေအောင် ဝတ်ရတဲ့ ဖက်ရှင်ပါ။ Smart Casual ဝတ်မယ်ဆိုရင် T-Shirt နဲ့ Jean Pant ကိုမှ Blazer Coat နဲ့ တွဲဝတ်နိုင်သလို Chino နဲ့ Chambray Shirt တွဲပြီးလည်း ဝတ်နိုင်ပါတယ်။

(၃) Semi Formal

Photo: thetrendspotter

Semi Formal ဝတ်စုံကတော့ ပေါ့ပေါ့ပါးပါး ပွဲတက်တဲ့ ဝတ်စုံထဲမှာ ပါပါတယ်။ Suit အပေါ့စားတစ်ထည်နဲ့ Beige Shoe ဝတ်နိုင်ပါတယ်။ Neck Tie နဲ့ Dress Shirt ကတော့ မပါလည်း ရပါတယ်။

(၄) Formal

Photo: thetrendspotter

Formal စတိုင်က အများကြီး ရှိပါတယ်။ တက်ရတဲ့ ပွဲပေါ်လိုက်ပြီး ဖက်ရှင်ကို အဆင့်မြှင့်လိုက်ရတာလည်း ရှိပါတယ်။ Tuxedo Suit ၊ Pant အကောင်းစား ၊ Bow Tie နဲ့ Oxfords shoes တွေ တွဲဝတ်ရလေ့ ရှိပါတယ်။ တစ်ချို့ပွဲတွေမှာ Waistcoat ပါ ထည့်ကြပါတယ်။