အဝတ်အစားဆိုတာ အသားအရောင်နဲ့ ကြည့်ရွေးတတ်မှလို့ ပြောကြပါတယ်။ တကယ်ပဲ ဘယ်လောက်ဒီဇိုင်းလှတဲ့ အဝတ်အစားဖြစ်ဖြစ် ကိုယ့်အသားအရောင်နဲ့ မဟပ်မိရင် ထင်သလောက် ရုပ်မထွက်ပါဘူး။ ဒီတော့ အသားအရေပေါ်လိုက်ပြီး မှန်ကန်တဲ့အရောင်ရွေးနိုင်အောင် ကူညီပေးချင်ပါတယ်။

(၁) အသားဖြူ

Blue-suit-color

Photo: thecoolist

အသားဖျော့ အသားလတ်ပြီး ဖြူတဲ့ဘက်ရောက်တဲ့ အသားအရေတွေက အရောင်ရင့်နဲ့ Dark Colors ကို အခြေခံဝတ်သင့်ပါတယ်။ Darker ဖြစ်တဲ့ အညို ၊ မီးခိုး ၊ နက်ပြာ ၊ နီညို နဲ့ အစိမ်းပုတ်ရင့်ရောင်တွေက အသားဖြူသူတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ အသားဖြူသူတွေက အရောင်တောက်တာတွေ ၊ အရောင်နုတာတွေ ရှောင်ကြဉ်သင့်ပါတယ်။ Neutrals ဖြစ်တဲ့ အရောင်တွေကို ဝတ်မယ်ဆိုရင် အဖြူအစား သဲဆန်တဲ့အ‌ရောင် ၊ ကာကီ ၊ မီးခိုးနဲ့ ကုလားအုတ်အရောင်မျိုး ရွေးဖို့ အကြံပြုချင်ပါတယ်။

(၂) သံလွင်/ပုံမှန်အသားအရေ

Male-Model-Blue-Button-Up-Shirt-Phone

Photo: thefashionisto

သံလွင်ရောင်လို့ ခေါ်ကြတဲ့ အသားလတ်ပြီး အသားဝါတဲ့ဘက်ရောက်သူတွေကို Warm Complexion အသားအရေပိုင်ရှင်တွေလို့ ခေါ်ပါတယ်။ သတင်းကောင်းက ဒီလို အသားအရေပိုင်ရှင်တွေဟာ အရောင်အများစုနဲ့ လိုက်ဖက်တာပါပဲ။ အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးအရောင်တွေကတော့ အရောင်ဖျော့ နဲ့ အရောင်ရင့်ရင့်တွေ ဖြစ်ပါတယ်။ ဥပမာ- အရောင်လွင်တဲ့ Neutrals ကာလာတွေ ၊ အရောင်လွင်တဲ့ အညိုသန်းကာလာတွေမျိုး နဲ့ အရောင်ရင့်တဲ့ Solid Color တွေဘက် ပိုစဉ်းစားသင့်ပါတယ်။

သတိထားရမှာက ကိုယ့်အသားအရေနဲ့ သိပ်နီးလွန်းတဲ့ အရောင်တွေ ရှောင်ကြဉ်ဖို့ပါပဲ။ အရောင်အနေနဲ့ သိပ်ရှောင်စရာတွေ မရှိပေမယ့် သတိထားရမှာက သံလွင်စိမ်းရောင် ၊ မိုကာညိုရောင်နဲ့ အဝါရောင်တို့တော့ သတိထားဖို့ လိုပါတယ်။

(၃) အသားညိုသူတွေ

Man Fashion

Photo: apetogentleman

Dark Skin Tones သမားတွေအတွက် အရောင်ရဲ Bold Colors တွေ ဝတ်နိုင်ပါတယ်။ အဝတ်အစားနဲ့ Shades တွေက အရောင်ဟပ်နေဖို့တော့ လိုပါတယ်။ အရောင်အနေနဲ့ အဖြူ ၊ ကာကီ ၊ ခရမ်းရင့် ၊ အနီ ၊ မီးခိုး ၊ အပြာဖျော့ ၊ လိမ္မော် ၊ ရွှေနဲ့ ပန်းဖျော့တွေလည်း ဝတ်နိုင်ပါတယ်။ အနက် ၊ နက်ပြာ ၊ အညိုရင့်နဲ့ အစိမ်းဖျော့တွေကတော့ ရှောင်တာကောင်းပါတယ်။

Featured Photo: nextlevelwardrobe