ဖက်ရှင် Brands တွေထဲမှာ ၄,၅,၆ နှစ် Warranty ပေးတဲ့ အဝတ်အစားဆိုတာ ရှားပါတယ်။ အီလက်ထရွန်းနစ်ပစ္စည်းတွေပဲ ဘယ်နှစ်နှစ် အာမခံဆိုပြီး လာတာ မဟုတ်လား။ ဒီလိုပြောလို့ ဖက်ရှင် Brands တွေထဲမှာ အာမခံနဲ့ ရောင်းတဲ့ အဝတ်အစားတွေ မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ယောင်္ကျားဝတ်ဖက်ရှင်တွေထဲမှာ Lifetime Guarantees ပေးထားတဲ့ Brands တွေလည်း ရှိပါတယ်။
(၁) A.P.C. Jeans

Photo: Fashion Beans
ပဲရစ်အခြေစိုက် A.P.C က ထုတ်တဲ့ Jeans ဖြစ်ပြီး APC ဆိုတာ Atelier de Production et de Création ကို ပြောတာပါ။ APC Jeans ဖက်ရှင် ဝယ်သူတွေဟာ Label အညွှန်းတိုင်းလျှော်လို့ အိတ်ကပ်တွေနဲ့ ခွတွေ ပြဲတာမျိုးဖြစ်လာရင် ပြန်လဲပေးတဲ့ Butler Exchange Programme ရှိပါတယ်။ Jeans ဟောင်းပေး အသစ်ကို တစ်ဝက်ဈေးနဲ့ ဝယ်နိုင်မှာပါ။
(၂) Tom Cridland Sweatshirt

Photo: Fashion Beans
ဗြိတိန်ဒီဇိုင်နာ တွမ်ကရစ်ဒ်လန်းဒ်ကလည်း သူ့ရဲ့ Sweatshirt တွေကို နှစ် ၃၀ အထိ Guarantee ပေးထားပါတယ်။ အဲ့ဒီနှစ် ၃၀ အတွင်းမှာ စုတ်ပြဲတာတွေ ရှိရင် လက်ခမယူဘဲ ပြင်ပေးပါတယ်။ ဒီဇိုင်နာ တွမ်ကတော့ ဒါဟာသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ကူညီတာ ဖြစ်တယ်လို့ ဆိုပါတယ်။
(၃) Blundstone Boots

Photo: Fashion Beans
Blundstone ဖက်ရှင်အမှတ်တံဆိပ်တွေကို ၁၈၇၀ ကတည်းက ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားမှာ ထုတ်လုပ်လာခဲ့တာပါ။ အရည်အသွေးစိတ်ချရတဲ့ Footwear Brand တစ်ခုအဖြစ် နာမည်ကျော်တဲ့အပြင် ကုမ္ပဏီရဲ့ ထုတ်ကုန်တွေအပေါ် အာမခံချက်ပေးထားတာကလည်း အားရစရာကောင်းပါတယ်။ တကယ်လို့ Blundstone က ထုတ်တဲ့ ဖိနပ်တွေ အချိန်မတိုင်ခင် ပျက်စီးမှု ဖြစ်ရင် ကုမ္ပဏီဘက်က ဘာမေးခွန်းမှ မမေးဘဲ အသစ်လဲပေးတယ်လို့ ဆိုပါတယ်။ ဝယ်သူ့ဘက်က ပုံမှန်သန့်ရှင်းရေးလေးလုပ်ရုံပါပဲ။
(၄) Eastpak Bags

Photo: Fashion Beans
ကျောပိုးအိတ်တွေ ၊ ခရီးဆောင်အိတ်တွေနဲ့ နာမည်ကြီးတဲ့ Eastpak ကလည်း သူတို့ရဲ့ အထူးထုတ်ကုန်တွေ (ဥပမာ Raf Simons ၊ Ami နဲ့ Lab Series မျိုး) ကို နှစ်နှစ် အာမခံချက်ပေးပါတယ်။ Classic ရိုးရိုး Backpacks ဆိုရင် နှစ် ၃၀ Warranty ပေးပြီး ပစ္စည်းအရည်အသွေးမကောင်းလို့ ပြန်လဲတာ ၊ ပျက်တဲ့အပိုင်း ပြင်တာမျိုးတွေ လုပ်ပေးပါတယ်။
(၅) Filson Shirts

Photo: Fashion Beans
အမေရိကန်ထုတ် ဖက်ရှင်ကုမ္ပဏီ Filson က အပေါ်အင်္ကျီ Outfitter ရှပ်တွေ အဓိက ထုတ်ပါတယ်။ အကြမ်းခံတဲ့ ဖလန်နယ်လို နယ်ဘက်တွေမှာ ဝတ်တဲ့ ရှပ်တွေလည်း ထုတ်တာပါပဲ။ တကယ်လို့ ဝတ်ရင်းစုတ်ပြဲလာရင် ဆီယက်တယ်မှာ ရှိတဲ့ ကုမ္ပဏီရဲ့ အထည်ဟောင်း ပြုပြင်ရေးစင်တာကို ပေးပို့နိုင်ပါတယ်။
Featured Photo: ledvance
