ပြင်တတ်ဆင်တတ်ရင် ချောသွားတာပဲ ဆိုတဲ့ အချက်ကို မမေ့ပါနဲ့။ ရုပ်သိပ်မဆိုးရင် ကိုယ့်ကိုယ်ကို ကြည့်ကောင်းအောင်တော့ ပြင်လို့ရပါတယ်။ ရုပ်ချောတယ်ဆိုတဲ့ အမျိုးသားတွေဟာ နဂိုချောတာကိုမှ ပေါ်လွင်အောင် ဆင်တတ်ပြင်တတ်လို့ ဖြစ်ပါတယ်။ ကြည့်ကောင်းတဲ့ အမျိုးသားတွေဟာ အခုပြောတဲ့ ဖက်ရှင်အမြင်တွေ ရှိတတ်ကြပါတယ်။

ဟင်းချက်တာတောင် အစပ်အဟပ်တည့်ရင် စားကောင်းသလိုပါပဲ။ ဖက်ရှင်မှာလည်း ခေါင်းအစ ခြေအဆုံး သူ့အရောင် ၊ သူ့ အဆင် ၊ သူ့ဖက်ရှင်နဲ့ သူ လိုက်ဖက်ရင် ကြည့်လို့ကောင်းပါတယ်။ ခါးပတ်ဟာ ဘောင်းဘီနဲ့ အရောင်ချင်း Match ဖြစ်နေရင် လူဟာ ပိုပြီး အရပ်ရှည်သယောင် ထင်ရစေပါတယ်။

Photo: Quora

အင်္ကျီကို လက်ခေါက်ဝတ်ချိန်မှာလည်း ကြည့်ကောင်းရုံ လက်မောင်းလယ်အထိ ခေါက်တင်ထားတတ်ပါတယ်။ အဝတ်အစား ဝတ်ချိန်မှာ သန့်သန့်ပြန့်ပြန့်ရှိဖို့ကိုလည်း အမြဲဂရုစိုက်ပါတယ်။ ကော်လာပါတဲ့ ရှပ်တွေ ဝတ်ရာမှာလည်း ကော်လာတွေ တွန့်ခေါက်မနေအောင် မီးပူလေး ထိုးတတ်ပါတယ်။

ဝတ်တတ်စားတတ်သူတွေဟာ အဝတ်အစားဝတ်ရာမှာ ဖက်ရှင်ကျဖို့ အကူပစ္စည်း Accessory တွေရဲ့ နေရာကျပုံကိုလည်း နားလည်ထားသူတွေ ဖြစ်ပါတယ်။ သွားမယ်နေရာနဲ့ လိုက်ဖက်အောင် နေကာမျက်မှန်ကောင်းတစ်လက် တပ်တာ ၊ အရည်အသွေးကောင်းတဲ့ နာရီတစ်လုံး ပတ်တာ ဒါမှမဟုတ် ဂျာကင်လေး ကောက်ဝတ်သွားတာမျိုး စသည်ဖြင့် သွားမယ့်နေရာနဲ့ လိုက်အောင် ဘယ်လိုဝတ်ရမလဲ အချိန်ပေးပြီး စီစဉ်တတ်ပါတယ်။

Photo: Just Be thing

ဘယ်အဝတ်အစား အသုံးအဆောင်ပဲ ဝတ်ဝတ် Right Fit ဖြစ်ဖို့ လိုပါတယ်။ ဘောင်းဘီနဲ့ အင်္ကျီဟာ ကိုယ့်ကိုယ်လုံးနဲ့ ချပ်ချပ်ရပ်ရပ် ကွက်တိဖြစ်နေဖို့ လိုပါတယ်။ Oversize ဖက်ရှင်နဲ့ Skinny ဘောင်းဘီတွေ ရှောင်သင့်ပါတယ်။ အဝတ်အစားအပြင် အသားအရေနဲ့ မုတ်ဆိတ် ၊ ဆံပင်တွေကိုလည်း ကြည့်ကောင်းအောင် ဂရုစ်ိုက်ပေးဖို့ လိုပါတယ်။

မုတ်ဆိတ်ဆိုလည်း ပုံမှန် ရိတ်ပေးသင့်သလို ဆံပင်ဆိုလည်း Hair Products လေးနဲ့ သေသေချာချာ Care လုပ်ပေးသင့်ပါတယ်။ အရေးကြီးတာက အိမ်ထဲက အိမ်အပြင်ထွက်တိုင်း သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင် ဝတ်စားသွားဖို့ပါပဲ။ ဒါဆိုရင်တော့ ပုံမှန်ရုပ်အခံထက် ပိုပြီး ရုပ်ထွက်လာမှာ ဖြစ်ပါတယ်။