ယောကျာ်းလေးအများစုသည် အလှအပကို စိတ်မဝင်စားသည့်အားလျော်စွာ ဖက်ရှင်ကိုလည်း သိပ်ဦးစားမပေးတတ်ကြပါဘူး။ သင့်ဆီမှာ အဲ့ဒီလိုအကျင့်မျိုးရှိရင်တော့ အခုချက်ချင်းပဲ ပြင်လိုက်ပါ။

ဘာ့ကြောင့်လဲဆိုတော့ သပ်သပ်ရပ်ရပ်နဲ့ ဖက်ရှင်ကျအောင် ဝတ်ဆင်တတ်ခြင်းသည် သင့်ကို ဆွဲဆောင်မှုတိုးစေလို့ပဲဖြစ်ပါတယ်။

ဖက်ရှင်ကျအောင် ဝတ်စားတတ်ခြင်းကလည်း ဈေးကြီးတဲ့အဝတ်အစားတွေကို ဝယ်ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်မှာရှိတဲ့ အဝတ်အထည်များကို လိုက်ဖက်စွာ ဝတ်ဆင်ရုံပါပဲ။

ဒါဆိုရင်တော့ ဖက်ရှင်ကျပြီး ဆွဲဆောင်မှုတိုးစေဖို့အတွက် ဘယ်လိုဖက်ရှင်မျိုးကို ဝတ်ဆင်ရမလဲ။

သက်သောင့်သက်သာနဲ့ ဖက်ရှင်ကျစေမယ့် ဖက်ရှင်စတိုင်လ်မျိုးကို ရွေးချယ်ပါ

 

men fashion

ကြပ်ထုပ်နေတဲ့ဘောင်းဘီတွေက ဝတ်ရတာ သက်သောင့်သက်သာမဖြစ်တဲ့အပြင် အမျိုးသားများနဲ့ မလိုက်ဖက်တဲ့ဖက်ရှင်ပဲဖြစ်ပါတယ်။ ပွတဲ့ဘောင်းဘီဆိုပေမယ့်လို့ ကိုယ့်ထက်ဆိုဒ်အရမ်းကြီးနေတာမျိုးကို ရှောင်ကြဉ်ပါ။

ကော်လံပါတဲ့ ချည်သားအင်္ကျီများ ဝတ်ဆင်ပါ

attractive fashion for Men

ပုခုံးကျဉ်းတဲ့ အမျိုးသားများအနေနဲ့ မိမိပုခုံးကို ပိုကျယ်သွားသယောင် ပေါ်လွင်ချင်တယ်ဆိုရင်တော့ ကော်လံပါတဲ့ အင်္ကျီများ များများဝတ်ဆင်ပါ။ ကော်လံပါသော အင်္ကျီများသည် စမတ်လည်းကျစေသလို ပေါ့ပေါ့ပါးပါးနှင့် ဝတ်ဆင်ရတာ အဆင်ပြေပါတယ်။

အမျိုးသားများနှင့် အလိုက်ဖက်ဆုံးသောအရောင်

attractive fashion for Men

အညိုရောင်များကို များများဝတ်ဆင်ပါ။ အညိုရောင်သည် အမျိုးသားများကို ဆွဲဆောင်မှုမြင့်မားအောင် ကူညီပေးတယ်လို့ ဖက်ရှင်ကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါတယ်။ အညိုရောင်နှင့် လိုက်ဖက်သော အရောင်များကတော့ အဖြူရောင်၊ အပြာရောင်၊ အဝါရောင်၊ ပင်စိမ်းရောင်၊ စိမ်းပြာရောင်နှင့် လိမ္မော်ရောင်တို့ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ထိုအရောင်များကို အမျိုးမျိုးလိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်တတ်ဖို့လိုပါတယ်။

Source: Thetrendspotter.com

Featured Image Source: iStock.com