အမျိုးသားတွေက များသောအားဖြင့် အဝတ်အစားဝတ်ပြီးရင် ပြီးရောဆိုပြီး ဖက်ရှင်ကျဖို့ မကျဖို့ကို သိပ်အလေးပေးလေ့မရှိပါဘူး။ အဲ့ဒီလိုအကျင့်မျိုးရှိရင်တော့ အခုချက်ချင်းပဲ ပြင်လိုက်ပါ။ သပ်သပ်ရပ်ရပ်နဲ့ဖက်ရှင်ကျအောင် ဝတ်စားတတ်ခြင်းက သင့်ကို ဆွဲဆောင်မှုတစ်မျိုးတိုးစေတာတော့ အမှန်ပါပဲ။

ဖက်ရှင်ကျအောင် ဝတ်စားတတ်ခြင်းကလည်း ဈေးကြီးတဲ့အဝတ်အစားတွေကို ဝယ်ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ သင့်မှာ ပုဆိုးတစ်ထည် ရှပ်အင်္ကျီအဖြူတစ်ထည်ရှိရင်တောင် သပ်သပ်ရပ်ရပ်နဲ့ ဖက်ရှင်ကျနိုင်ပါတယ်။ ဒါပေမဲ့ နေရာတိုင်းကိုတော့ ပုဆိုးကြီးတကားကားနဲ့ ဝတ်ဆင်နေလို့မရပါဘူး။ သူ့နေရာနဲ့ သူ့ဖက်ရှင်နဲ့ လိုက်ဖက်အောင် ဝတ်စားဖို့လိုပါတယ်။

ဒါ့ကြောင့် အမျိုးသားထုကြီးအားလုံး ဖက်ရှင်ကျနေဖို့ ရည်ရွယ်ချက်နဲ့ ဖက်ရှင်ပိုင်းဆိုင်ရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဘော်ဒါတို့အားလုံး ပြီးခဲ့တဲ့နှစ်တွေတုန်းက ဖက်ရှင်ကျအောင် မဝတ်စားခဲ့ဘူးဆိုရင် အခုပဲစတင်ပြီး စတိုင်လ်ကျအောင် ဝတ်ဆင်လိုက်ရအောင်။

သက်သောင့်သက်သာနဲ့ ဖက်ရှင်ကျတဲ့ ပွပွယယဘောင်းဘီဝတ်ပါ

ကြပ်ထုပ်နေတဲ့ဘောင်းဘီတွေက ဝတ်ရတာ သက်သောင့်သက်သာမဖြစ်တဲ့အပြင် အမျိုးသားများနဲ့ မလိုက်ဖက်တဲ့ဖက်ရှင်ပဲဖြစ်ပါတယ်။ ပွတဲ့ဘောင်းဘီဆိုပေမယ့်လို့ ကိုယ့်ထက်ဆိုဒ်အရမ်းကြီးနေတာမျိုးကို ရှောင်ကြဉ်ပါ။ နို့မဟုတ်ရင် သင့်ဘော်ဒါတွေက သားကြီး မင်းအဖေဘောင်းဘီဝတ်လာတာလားလို့ ဝိုင်းပြီးနောက်ပြောင်နေမှာပေါ့။

၁၉၇၀ ခုနှစ်က ခေတ်စားခဲ့တဲ့ဖက်ရှင်မျိုး ဝတ်ဆင်ပါ

အနောက်နိုင်ငံတွေမှာ ၁၉၇၀ ဝန်းကျင်က ခေတ်စားခဲ့တဲ့ ဖက်ရှင်တစ်မျိုးရှိပါတယ်။ အင်္ကျီနှစ်ထပ် ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။ ချမ်းအေးတဲ့နေ့မျိုး၊ ဒါမှမဟုတ် အေးတဲ့နေရာကို အလည်အပတ်သွားတဲ့အခါ ရှိုးထုတ်လို့ရပါတယ်။ နောက်ပုံစံ တစ်မျိုးကတော့ လိပ်လည်ပင်းလို့ တင်စားခေါ်ဝေါ်တဲ့ လည်ပင်းပိတ်ဆွယ်တာကို အပေါ်က ကုတ်အင်္ကျီထပ်ဝတ်ခြင်းပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျတဲ့ စတိုင်လ်ပဲဖြစ်ပါတယ်။

ကော်လံပါတဲ့ ခ်ည္သားအက်ႌ၊ လီနင္အက်ႌေတြ ဝတ္ဆင္ပါ

ဒီဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်ပဲဖြစ်ပါတယ်။ ထသွားထလာဝတ်ဆင်လို့ရတဲ့ဖက်ရှင်ပဲဖြစ်ပါတယ်။ ပုခုံးကျဉ်းတဲ့အမျိုးသားတွေ အထူးရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ သူတို့ရဲ့ပုခုံးကို ပိုကျယ်ပြန့်အောင် ကူညီပေးနိုင်လို့ပါပဲ။

အညိုရောင်ကို ဦးစားပေးဝတ်ဆင်ပါ

အမျိုးသားများကို ဆွဲဆောင်မှုမြင့်မားအောင်၊ တည်ကြည်ခန့်ညားအောင် ကူညီပေးတဲ့အရောင်ကတော့ အညိုရောင်ပဲဖြစ်တယ်လို့ ဖက်ရှင်ကျွမ်းကျင်ပညာရှင်များက ပြောကြားထားပါတယ်။ ဒါ့ကြောင့် အညိုရောင်ကို ကစားတတ်အောင် လေ့ကျင့်ပါ။

အခြားသော ဖက်ရှင်များကိုလည်း လေ့လာလို့ရအောင် ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

Source: Fashionbeans.com