အားကစားလုပ်ခြင်းဟာ ကြွက်သားတွေကျစ်လျစ်သန်မာရုံတင်မဟုတ်ဘဲ ချွေးထွက်မှန်လို့ အသားအရေကြည်လင်ဝင်းပတဲ့ အကျိုးလည်း ပေးနိုင်ပါတယ်။ တစ်ခု သတိထားရမှာက အားကစားခန်းမတွေဟာ လူပေါင်းစုံ လာကစားတဲ့ နေရာဖြစ်လို့ ဘက်တီးရီးယားတွေနဲ့ အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေ ရှိပါတယ်။ ဒါကြောင့် Gym ခန်းသွားပြီး အားကစားလုပ်သူတွေဟာ Skin Care အတွက်လည်း အမြဲ ဂရုစိုက်သင့်ပါတယ်။
ချွေးထွက်များတဲ့ အားကစားတွေ လုပ်ပြီးတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ဖို့က အရေးကြီးဆုံးပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် Gym ကစားသူတွေ အမြဲဆောင်ထားသင့်တဲ့ အလှကုန်ပစ္စည်းတွေထဲမှာ အခုပြောမယ့် ပစ္စည်းတွေကိုလည်း မေ့မထားသင့်ပါဘူး။
(၁) All in One Shower Gel

Photo: theviaa
ရေချိုးဆပ်ပြာကတော့ ကိုယ်လုံးအတွက်အပြင် ဆံပင်နဲ့ မျက်နှာပါ သုံးလို့ ရတာကြောင့် အမျိုးသားတွေအတွက် အဆင်ပြေဆုံးပါပဲ။ အရည်အသွေးမြင့် All In One Shower Gel တွေဟာ အသားအရေလည်း ခြောက်သွေ့မှု မဖြစ်စေသလို ဆံပင်တွေထဲက သဘာဝအဆီတွေကိုလည်း မပျက်စီးအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။
(၂) Deodorant

Photo: FashionBeans
Gym ကစားချိန်မှာ ချွေးထွက်တာ ကောင်းပါတယ်။ ဒါပေမယ့် ဘေးက Gym ကစားဖော်တွေအတွက်တော့ သင့်ချွေးနံ့က ပြဿနာရှိပါတယ်။ အကောင်းဆုံးက Gym ခန်း မသွားခင်မှာ ချွေးနံ့ပျောက်ဆေး Deodorant လေး လိမ်းသွားဖို့ပါပဲ။ Deodorant ရွေးချယ်ရာမှာ အယ်လ်ကိုဟော ၊ အလူမီနီယံနဲ့ တစ်ခြားအနံ့ပြင်းတဲ့ ပါဝင်ပစ္စည်းတွေ မပါတဲ့ အနံ့သင်းသင်းလေးတွေပဲ ရွေးသင့်ပါတယ်။
(၃) Body Powder

Photo: groomandstyle
အားကစားလုပ်ပြီး ရေမိုးချိုးပြီးချိန်မှာ တစ်နေ့လုံး လန်းဆန်းနေချင်ရင် ရေမွှေးအစား Body Powder လည်း သုံးနိုင်ပါတယ်။ ပေါင်ဒါဟာ ကိုယ်လုံးကို ခြောက်သွေ့လန်းဆန်းစေပါတယ်။ သိပ်အများကြီး မသုံးဖို့လည်း သတိထားစေချင်ပါတယ်။
(၄) Hand Cream

Photo: beardoholic
Gym မှာ ဝိတ်မပြီးရင် လက်တွေ ကြမ်းတမ်း ခြောက်သွေ့အက်ကွဲနိုင်ပါတယ်။ လက်တွေ နူးညံ့ချောမွေ့စေချင်ရင်တာ့ Hand Cream သုံးဖို့ လိုပါတယ်။ Hand Cream ဟာ လက်ကို အစိုဓါတ်ထိန်းပေးပြီး လက်အသားမာမတက်အောင် ကူညီပေးနိုင်လို့ ဖြစ်ပါတယ်။
