Leather Jacket ဖက်ရှင်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ ယောင်္ကျားလေးတွေအကြိုက်တွေ့တဲ့ ဖက်ရှင်ထဲမှာ ပါပါတယ်။ အခုထိလည်း လယ်သာဂျက်ကတ်တွေဟာ အမျိုးသားတွေရဲ့ အဝတ်ဗီရိုမှာ တမြတ်တနိုး ထည့်ထားရတဲ့ ဖက်ရှင်တစ်ခုဖြစ်နေဆဲပါပဲ။ လယ်သာဖက်ရှင်တွေက ကိုယ်ပိုင်စတိုင်ကို ဖော်ညွှန်းနိုင်သလို ယောင်္ကျားပီသမှု ၊ ပြတ်သားတဲ့ အသွင်နဲ့ လွတ်လပ်မှုရှိခြင်းကို ဖော်ပြနေပါတယ်။

Leather Jacket ဖက်ရှင်ကို ပုံစံအမျိုးမျိုးနဲ့ ဝတ်ဆင်နိုင်ပြီး အရွယ်နဲ့ ကိုယ်လိုချင်တဲ့ဒီဇိုင်းပေါ်လိုက်ပြီး Fashion အတွဲအစပ်လေး ပြောင်းပေးရုံပါပဲ။ ဒီတစ်ခေါက်မှာ ယောင်္ကျားလေးတွေအတွက် အမိုက်စား Jacket စတိုင်တချို့အကြောင်း မျှဝေပေးသွားမှာပါ။

(၁) All Black စတိုင်

A Handsome Young Hipster Man Sitting On A Bench

Photo: nextluxury

Leather Jacket ဖက်ရှင်တွေထဲမှာ All Black စတိုင်တွေက ရေပန်းအစားဆုံးထဲမှာပါ ပါတယ်။ လုံးဝ အလွင့်ကြီးဆိုတဲ့ ဖက်ရှင်မျိုးဖြစ်ပြီး Show ပွဲတွေ သွားတာမျိုးမှာ ဝတ်လို့ ကောင်းပါတယ်။ ရိုးလည်း မရိုးနိုင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ တကယ်လို့ All Black ဝတ်ရမှာ သိပ်သဘောမတွေ့ရင်တော့ တီရှပ်အဖြူ ၊ Denim Jeans နဲ့ ဗြောင်ခပ်ရှင်းရှင်း Sneaker အဖြူတစ်ရံနဲ့ Leather Jacket ကို တွဲဝတ်သင့်ပါတယ်။

(၂) Biker စတိုင်

Handsome Bearded Biker With Classic Style

Photo: nextluxury

ယောင်္ကျားတွေ ခရီးထွက်ရင် Leather ဂျက်ကတ်တစ်ထည် ယူသွားသင့်ပါတယ်။ ဆိုင်ကယ်နဲ့ ထွက်တဲ့ခရီးဆိုရင်တော့ Biker ဖက်ရှင် ဝတ်သွားသင့်ပါတယ်။ Biker ဖက်ရှင်မှာ အနက်ရောင် T-Shirt ပါမယ် ၊ အနက်ရောင် Skinny Jeans ၊ အနက်ရောင် မော်တော်ဆိုင်ကယ်စီး Boot တို့ ပါသင့်ပါတယ်။ အရမ်းကြီး Biker ဆန်စရာ မလိုပါဘူး။ ခေတ်အလျောက် ပေါ့ပါးလွတ်လပ်မှုနဲ့ အကြမ်းပတမ်းခံလူတစ်ယောက်ရဲ့ ပုံစံပေါက်ရုံဆို အဆင်ပြေပါတယ်။

(၃) Dapper စတိုင်

Dapper Leather Jacket Styles

Photo: nextluxury

Dapper စတိုင်ဆိုတာ Leather ကိုယ်ကျပ်စတိုင်လို့ ဆိုနိုင်ပါတယ်။ Tailoring မှန်ရင် Fitting အကျဆုံး လယ်သာဂျက်ကတ်ဖက်ရှင်ကို ရမှာ ဖြစ်လို့ Best Fitting ဖြစ်ဖို့တော့ လိုပါတယ်။ Dapper စတိုင်က တွဲဝတ်စရာဖက်ရှင်ပုံစံတွေ များပါတယ်။ အရောင်ဖျော့ Light-Colored Pants ကို အပြာရောင် Button-Up Shirt ၊ အညိုရောင် ခါးပတ်/အညိုရောင် လယ်သာဂျက်ကတ်ကို အပြင်ထွက်တိုင်း နေကာမျက်မှန်တပ် ဝတ်လိုက်ရင် ပြီးပြည့်စုံတဲ့ Dapper ဖက်ရှင်စတိုင်နဲ့ ပွဲထုတ်နိုင်ပါပြီ။

(၄) Rugged စတိုင်

Rugged Leather Jacket Styles

Photo: nextluxury

သက်လတ်ပိုင်း အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး Rugged ဖက်ရှင်တစ်ခုက Rugged Leather Jacket စတိုင်ပါပဲ။ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးနဲ့ ယောင်္ကျားရင့်မကြီး အရွယ်မျိုးတွေနဲ့ လိုက်ဖက်တဲ့ စတိုင်လို့ ဆိုနိုင်ပါတယ်။ Rugged ပိုဆန်အောင် Boots နဲ့ တွဲဝတ်ရပါတယ်။

Featured Photo: nextluxury