ရာသီဥတုက အတော်လေး ပူလာပြီ ဖြစ်လို့ အဝတ်အစားကိုလည်း ပေါ့ပေါ့ပါးပါးနဲ့ သက်သာချောင်ချိမယ့် ဖက်ရှင်ပြောင်းနေရပါပြီ။ နွေရာသီမှာ ဝတ်ဖို့အတွက် ရွေးတိုင်း ကျွန်တော်တို့ စဉ်းစားတာက အေးအေးလူလူရှိပြီး ဝတ်ရတာ သက်သောင့်သက်သာ ဖြစ်ဖို့ပါပဲ။ ဒီတော့ ရိုးရှင်းပြီး ဝတ်လို့ကောင်းမယ့် နွေရာသီ Shirt အင်္ကျီတစ်ချို့ ရွေးချယ်ဖို့ အကြံတစ်ချို့ ပေးချင်ပါတယ်။

(၁) ချည်သား ရှပ်လက်ရှည်

Photo: Pinterest

ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့အကောင်းဆုံး ရှပ်အမျိုးအစားက ချည်သားရှပ်တွေ ဖြစ်ပါတယ်။ ချည်တွေဟာ လေဝင်လေထွက်ကောင်းလို့ ဝတ်ဆင်သူကို ပူလှောင်မနေအောင် အကူအညီပေးမှာပါ။

(၂) ပိုလိုရှပ်

Photo: dhresource

ဘောင်းဘီတိုနဲ့ပဲ ဝတ်ဝတ် ဘောင်းဘီအရှည်နဲ့ပဲ ဖြစ်ဖြစ် ဝတ်လို့ကောင်းတဲ့ ရှပ်အမျိုးအစားတစ်ခုက ပိုလိုရှပ် ဖြစ်ပါတယ်။ ပိုလိုရှပ်တွေဟာ ယောင်္ကျားဆန်စေပြီး တည်ကြည်ခန့်ညားတဲ့ အသွင်ကို ပေးပါတယ်။ နွေရာသီအတွက် အရောင်နုနုရွေးဝတ်ဖို့လည်း အကြံပေးချင်ပါတယ်။

(၃) တီရှပ်

Photo: The Independent

လူငယ်ဆန်ပြီး ပေါ့ပါးတာမျိုး ကြိုက်ရင် နွေရာသီမှာ တီရှပ်ရွေးဝတ်သင့်ပါတယ်။ တီရှပ်ဟာ လူငယ်တွေအကြား ဘယ်တော့မှ မရိုးနိုင်တဲ့ ဖက်ရှင်ဖြစ်သလို လွတ်လွတ်လပ်လပ်ခံစားမှု ရချင်ရင် ဝတ်ဖို့အကောင်းဆုံး ဖက်ရှင်လည်း ဖြစ်ပါတယ်။

(၄) ရှပ်လက်တို

Photo: Unsplash

လက်တိုရှပ်တွေကလည်း နွေရာသီမှာ အဝတ်များတဲ့ ရှပ်အင်္ကျီတွေ ဖြစ်ပါတယ်။လက်တိုရှပ်တွေ ဝတ်မယ်ဆိုရင်လည်း ပေါ့ပါးတဲ့ Light Colors တွေ ရွေးဖို့ လိုပါတယ်။ နောက်တစ်ခုက ကိုယ်နဲ့ Fit ဖြစ်ဖို့လည်း ဂရုစိုက်သင့်ပါတယ်။
ရှပ်လက်တိုမှာမှ သက်လတ်ပိုင်းတွေကတော့ အပွင့်ရိုက် ပုံစံ ရှပ်ကွက်တွေသဘောကျကြပါတယ်။ လူငယ်တွေကတော့ ရှပ်လက်တိုကို အကွက်နည်းနည်း စိပ်တာ ရွေးသင့်ပါတယ်။