Jeans ဘောင်းဘီတွေက ၁၈၇၁ ခုနှစ်လောက်ကစတင်ပြီး ဒီနေ့အထိ လူကြိုက်များနေဆဲ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ စတိုင်ကျပြီး သက်တောင့်သက်သာရှိတဲ့အတွက် ကွီးတို့ရဲ့အဝတ် ဘီရိုထဲမှာ Jeans ဘောင်းဘီကောင်းကောင်းတစ်ထည်တော့ မဖြစ်မနေရှိ နေသင့်ပါတယ်။ Jeans ဘောင်းဘီဝတ်မယ်ဆို လိုက်ဖက်ညီတဲ့ ဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်တက်ဖို့လည်း အရေးကြီးပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ဖက်ရှင်ကို စတိုင်ကျကျနဲ့ ပိုမိုပြည့်စုံသွားစေဖို့ Jeans ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်သင့်တဲ့ Shoes တွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) အပြာရောင် Shoes များ
Jeans တွေနဲ့ လိုက်ဖက်မှုရှိတဲ့ ဖိနပ်တွေထဲမှာ အပြာရောင် Shoes တွေက ထိပ်ဆုံးက ပါပါတယ်။ အခြေခံအားဖြင့် နက်ပြာရောင် ၊ မိုးပြာရောင်နဲ့ အပြာရင့်ရောင် Shoes တွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ ဖက်ရှင်ကျတဲ့ အသွင်အပြင်အတွက် နက်ပြာ ရောင် လည်သာ Shoes တွေကို ရွေးချယ်နိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်အတွက် အပြာရောင်ဖောက်ထားတဲ့ Sneakers တွေနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
(၂) အနက်ရောင် လည်သာ Shoes များ
Jeans နဲ့ အနက်ရောင် လည်သာ Shoes ကတာ့ ရိုးရှင်းပြီး စမတ်ကျစေတဲ့ ဖက်ရှင်စတိုင် တစ်မျိုးပါပဲ။ ရုံးတက်ဖက်ရှင်အနေနဲ့ ဝတ်လို့အဆင်ပြေသလို ပုံမှန်ထသွားထလာ ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် ဝတ်ရတာသက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျဖက်ရှင်အသွင်အပြင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
(၃) အညိုရင့်ရောင် Shoes များ
အညိုရင့်ရောင် Shoes တွေကတော့ အခုလိုဆောင်းရာသီဖက်ရှင်အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ jacket ဒါမှမဟုတ် coat တွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် အလိုက်ဖက်ဆုံး ဖြစ်စေမှာပါ။ လူငယ်ဆန်ပြီး တက်ကြွတဲ့ ဖက်ရှင်စတိုင်မျိုး နှစ်သက်သူတွေအတွက်ဆို အညိုရင့်ရောင် Chelsea boots တွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ စမတ်ကျပြီး ရင့်ကျက်တဲ့ ကွီးတို့အတွက်တော့ အညိုရောင် loafer shoes တွေက အသင့်တော်ဆုံးပါပဲ။
(၄) Sneakers များ
Sneakers တွေကတော့ Jeans နဲ့ အများဆုံး တွဲဝတ်ကြတဲ့ ဖိနပ်တွေလို့ ပြောလို့ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ ဖက်ရှင်အသွင် အပြင်ကို အပြည့်အဝရစေပါတယ်။ Classic sports brands တွေဖြစ်တဲ့ Nike ၊ Converse ၊ Adidas ကနေ Prada ၊ Lanvin စတဲ့ designers brands တွေအထိ ရွေးချယ်စရာလည်း များပါတယ်။ ရာသီတိုင်းလိုလို ဝတ်ဆင်လို့ရပြီး အမြဲလူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမယ့် ဖက်ရှင်အတွဲအစပ်တစ်မျိုးပဲ ဖြစ်ပါတယ်။
Featured Photo : Top Trends Guide