Outfit လို့ ခေါ်တဲ့ ဝတ်ပုံစားပုံအိုင်ဒီယာတွေကို အကြမ်းဖျဉ်းအားဖြင့် Casual နဲ့ Formal ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ ဒီထဲကမှ Casual ၊ Smart Casual ၊ Business Casual ၊ Cocktail Attire နဲ့ Business Professional ဆိုမျိုး အမျိုးမျိုး ထပ်ခွဲနိုင်မှာပါ။ အခုခေတ်မှာ Suit လောက် Formal မကျသလို Tracksuit ထက် စမတ်ပိုကျတဲ့ Smart Casual တွေက အမျိုးသားတွေအကြိုက် ဖက်ရှင်ဖြစ်လာပါပြီ။

Smart Casual တွေက သပ်သပ်ရပ်ရပ်ရှိပြီး ရှင်းရှင်းသန့်သန့်ပုံပေါက်ပါတယ်။ များသောအားဖြင့် Smart Casual ကို လစာမြင့်အလုပ်တွေမှာ လုပ်နေကြတဲ့ ပရော်ဖက်ရှင်နယ်ဝန်ထမ်းတွေ အဝတ်များပါတယ်။ Smart Casual ဖက်ရှင်ဝတ်မယ်ဆိုရင် အခုပြောမယ့် Outfit အိုင်ဒီယာလေးတွေ ဦးစားပေး စဉ်းစားသင့်ပါတယ်။

(၁) Blazer ဂျက်ကတ်အပါးဖက်ရှင်

Man with Jacket Fashion

Photo: Fashion Beans

Casual ဆန်တဲ့ အဝတ်အစားနဲ့ Smart ကျတဲ့ဖက်ရှင်ကို တွဲဝတ်တာကိုပဲ Smart Casual လို့ ခေါ်ပါတယ်။ Casual ဖြစ်တဲ့ T-Shirt နဲ့ Jeans ဘောင်းဘီကို Bomber Jacket /Blazer ကုတ်တစ်ထည်နဲ့ Trainer Shoes မျိုး တွဲဝတ်သင့်ပါတယ်။ Blazer ကို Tee ရှပ်အင်္ကျီ ၊ Trouser ဒါမှမဟုတ် Chinos ဘောင်းဘီနဲ့လည်း ဝတ်နိုင်ပါတယ်။ စီးမယ့်ဖိနပ်ဟာ Minimal ဆန်ဆန် ရိုးရှင်းတဲ့ White Shoes ဖြစ်ရင် ပိုကောင်းပါတယ်။

(၂) Shade အတွဲအစပ်မှန်ကန်မှု

Young Man Smart Casual Style

Photo: Fashion Beans

Smart Casual ဝတ်မယ်ဆိုရင် အရောင်ရင့် ၊ အရင်ဖျော့ကို မှန်အောင် တွဲဖက်ဝတ်ဆင်ပေးဖို့ လိုပါတယ်။ အရောင်ရင့်ရင့်တွေဟာ Formal ပိုဆန်ပြီး အရောင်လွင်လွင်တွေက Casual ဘက်ကို ပိုရောက်လို့ ဖြစ်ပါတယ်။ ဥပမာ- သံလွင်စိမ်းရောင် Bomber Jacket ၊ အဖြူရောင် White T-Shirt ၊ ကာလာဖျော့ Jeans အပါးသားဘောင်းဘီနဲ့ White Trainers Shoes လို ဖက်ရှင်အတွဲအစပ်မျိုး ဖြစ်ပါတယ်။
ဒါမှမဟုတ်ရင်လည်း နက်ပြာရောင် ကုတ်အပါး ၊ Indigo Jeans ဘောင်းဘီ ၊ မီးခိုးရောင် တီရှပ်နဲ့ အနက်/နက်ပြာ Trainers မျိူး ဝတ်နိုင်ပါတယ်။ အရောင်ဖျော့ ၊ အရောင်ရင့် မှန်မှန်ကန်ကန် တွဲဖက်ဝတ်ဖို့နဲ့ Smart ဆန်အောင် သိပ် Formal မဆန်တဲ့ Jacket/Coat အပါးနဲ့ ဘောင်းဘီသန့်သန့်တစ်ထည်တွဲဝတ်ဖို့ လိုပါတယ်။

(၃) အကြမ်းအချော မျှတမှု

handsome man style

Photo: Fashion Beans

အပေါ်ပိုင်း Layering ကို Texture ပေါ်လွင်တဲ့ သိုးမွေး Business Suit ၊ Dinner Jacket ဒါမှမဟုတ် Smart Sweater မျိုး ရွေးချယ်နိုင်ပါတယ်။ အောက်ခံ ရှပ်အင်္ကျီကို ကာလာဖျော့ဖျော့နဲ့ Sleek ဖြစ်တဲ့ ရှပ်လက်ရှည်ခံဝတ်နိုင်ပါတယ်။ ဘောင်းဘီကို ချည်ဘောင်းဘီ ဒါမှမဟုတ် ဖလန်နယ်ဆန်တဲ့ ဘောင်းဘီမျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။ ဖိနပ်ကိုတော့ Smart ဆန်အောင် ရိုးရှင်းသပ်ရပ်ပြီး ကာလာတစ်ရောင်တည်းရှိတဲ့ Sneaker မျိုး စီးသင့်ပါတယ်။

(၄) Polo Shirt ၊ Chambray ဘောင်းဘီ

smart Casual with Polo Shirt

Photo: Fashion Beans

T-Shirt ဖက်ရှင်က Smart Casual မှာ အများဆုံးဝတ်ကြတဲ့ဖက်ရှင် ဖြစ်ပါတယ်။ T-Shirt ကို Smart Casual ဖက်ရှင်ဆန်ဆန် ဝတ်ချင်ရင် ဗြောင် Plain ဖြစ်ပြီး ကိုယ့်ကိုယ်လုံးကိုယ်ပေါက်နဲ့ Well-Fitting ဖြစ်တဲ့ အရည်အသွေးကောင်းတီရှပ်မျိုး ဖြစ်ဖို့ လိုပါတယ်။ T-Shirt ထက် ပိုပြီး Smart ဆန်တာက Polo Shirt ဖြစ်ပါတယ်။ Polo Shirt တွေက Smart ဆန်ပြီး ယောင်္ကျားဆန်မှုကို ပေါ်လွင်စေတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ Polo Shirt ကို Chino Pant လို ချည် Chambray Pant လိုမျိုး ဘောင်းဘီမျိုးနဲ့ တွဲဝတ်နိုင်ပါတယ်။

(၅) Sweatshirt

Man and Sweatshirt

Photo: Fashion Beans

Smart Casual Outfit တွေထဲမှာ ရွေးစရာတစ်ခုက Sweatshirt ကောင်းကောင်းတစ်ထည်ကို ပင်တိုင်ထားပြီး အကောင်းစားချည်ဘောင်းဘီနဲ့ တွဲဝတ်တာပါပဲ။ လီနင်ချည်ဘောင်းဘီကို Sweatshirt လက်ရှည်နဲ့ သူ့ချည်း ဝတ်နိုင်သလို ဆောင်းရာသီလို သိပ်အေးတဲ့ကာလမျိုးမှာ Sweatshirt အောက် ရှပ်လက်ရှည်တစ်ထည် ခံဝတ်နိုင်ပါတယ်။ ပုံမှန်အတိုင်းဆို Trainer Shoes တွေနဲ့ တွဲဝတ်နိုင်တဲ့ ဖက်ရှင် ဖြစ်ပါတယ်။

Featured Photo: urbanmenoutfits