ဖက်ရှင်ဆိုတာ သင်ယူရမယ့်အရာ ဖြစ်ပါတယ်။ စမတ်ကျကျ ဝတ်တတ်စားတတ်သူတွေဆီကနေ ဝတ်စားဆင်ယင်နည်းတွေ အတုခိုးရမှာပါ။ အခုလို ရာသီဥတုအေးနေတဲ့အချိန်မှာ Streetwear ဖက်ရှင်အနေနဲ့ Denim Jacket ကိုမှ အောက်ခံမှာ သိုးမွေးဆွယ်တာခါးရှည်တွဲဝတ်တာမျိုး ဖြစ်ပါတယ်။ သက်တောင့်သက်တာ ရှိချင်ရင် Sweat Pants နဲ့ ခြေအိတ်ပါ Boots တွေ တွဲဝတ်သင့်ပါတယ်။

ဆောင်းတွင်း သိပ်အေးလာရင်တော့ Layering စတိုင်နဲ့ အရောင်ခပ်ရင့်ရင့်မျိုး ရွေးချယ်ဖို့ လိုပါတယ်။ Winter Boots အညိုရောင် အပေါ်မှာ မီးခိုးဖျော့ရောင် ကုတ်မျိုး ဝတ်နိုင်ပါတယ်။ လူငယ်ဆန်ချင်ရင် သံလွင်စိမ်းရောင် Hoodie ၊ Black Jeans နဲ့ Sneakers တွေ တွဲဝတ်လို့ ကောင်းပါတယ်။ Streetwear ဘက် ပိုအသားပေးချင်ရင် ဖလန်နယ်ရှပ်ကို Layer ထားပြီး အောက်မှာ အနက်/နက်ပြာတီရှပ်နဲ့ တွဲဝတ်နိုင်ပါတယ်။

Photo: onpointfresh

ကာလာ Unison ဖြစ်ဖို့အတွက် အောက်မှာလည်း အညို/အနက်ဘောင်းဘီနဲ့ Sneaker အမြင့်တို့ တွဲစီးသင့်ပါတယ်။ နည်းနည်းလေး သပ်သပ်ရပ်ရပ်နဲ့ ဆောင်းတွင်းကို ဖြတ်သန်းချင်ရင် Smart Style ဖြစ်စေဖို့ အပေါ်မှာ အရောင်လွင်လွင် Sweat Shirt ဒါမှမဟုတ် Sweater အပါးနဲ့ အောက်မှာ အညိုဖျော့ Chino Pant လေး ဝတ်ပါ။ လူငယ်ဆန်ဖို့အတွက်ဆို Sneaker စီးတာ အကောင်းဆုံးဖြစ်ပါတယ်။

Jeans ဘောင်းဘီ သဘောကျတဲ့သူဆိုရင်တော့ အောက်မှာ Sky Blue Jeans ဘောင်းဘီ ၊ အညိုရောင် Winter Boots ဝတ်ပြီး အပေါ်မှာ Beanie ခေါင်းစွပ်နဲ့ Overcoat သဲဝါရောင်မျိုး ဝတ်တာ အလိုက်ဖက်ဆုံးနဲ့ ကြည့်ရ အဆင်ပြေဆုံး ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း တီရှပ်ဗြောင်အနက်ကို Denim Jeans နဲ့ တွဲဝတ်ပြီး အောက်မှာ အညိုဖျော့ Pant ဝတ်ရင်လည်း ဖြစ်ပါတယ်။ တချို့တွေကတော့ Chelsea Boots စီးရတာ ပိုသဘောကျပါလိမ့်မယ်။

Photo: onpointfresh

ဆောင်းအကုန် နွေဦးပေါက်ကာလမျိုးမှာ အရောင်ဖျော့ကာလာတွေ ရွေးသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်အောင် Slipper ဒါမှမဟုတ် Sneaker ဖိနပ် အပြာဖျော့ကာလာဘောင်းဘီမျိုး ဝတ်သင့်ပါတယ်။ Ripped Fashion ကြိုက်တတ်ရင်အောက်မှာ အနက်ရောင် Ripped Jeans နဲ့ အပေါ်မှာ ခဲရောင်တီရှပ် ၊ Jeans Jacket ထပ်ဝတ်နိုင်ပါတယ်။ Oversized ဖက်ရှင်တွေကတော့ တတ်နိုင်သလောက် ရှောင်ဖို့ သတိပေးချင်ပါတယ်။

နွေရောက်ရင်တော့ ဘောင်းဘီတို ၊ Sneaker နဲ့ ဟိုနားဒီနား သွားတာလည်း ဖက်ရှင်မိတဲ့ စတိုင်တစ်ခုပါပဲ။ ဒါမှမဟုတ်ရင်လည်း Jeans Shirt အပါးလက်ရှည်မိုးပြာဖျော့လေး လက်ခေါက် ဝတ်သွားတာ ကြည့်လို့ကောင်းပါတယ်။ နွေဆန်းချိန်မှာ အဖြူရောင်ရှပ်တွေ ၊ Sweatshirt အပါးတွေလည်း ဝတ်လို့ကောင်းပါတယ်။ ဘာပဲဝတ်ဝတ် ကိုယ့်ဘော်ဒီနဲ့ Regular Fit ဖြစ်ပြီး ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အရောင်လေး ဖြစ်ဖို့ရယ် ၊ သပ်ရပ်သန့်ရှင်းနေဖို့ရယ်ကို ဦးစားပေးဖို့လည်း အကြံပြုချင်ပါတယ်။