လူတိုင်းဟာ နေ့စဉ်နေ့စဉ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ တာဝန်ကြီးကြီးယူထားပြီး ရည်မှန်းချက်မြင့်မြင့် ထားတတ်သူတွေမှာဆို ကိုယ်သွားလိုတဲ့ ပန်းတိုင်တစ်လျှောက်မှာ ပိုပြီး ကြီးမားတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို မဖြစ်မနေ ဖြတ်သန်းရမှာ သေချာပါတယ်။ တကယ်စိတ်ဓါတ်ရင့်ကျက်သူတွေကတော့ ဒီလိုမျိုး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိထားပါတယ်။

(၁) အရှုံးနဲ့ ကြုံရင်တောင် ကိုယ့်ရဲ့ စွမ်းရည်ကို သံသယအဝင်မခံပါဘူး။

Source: ShutterStock

အရှုံးက ကိုယ့်ရဲ့ ဦးတည်ချက်နဲ့ အိပ်မက်တွေကို ဖျက်ဆီးနိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို သံသယဝင်သွားတာက ကိုယ့်ရဲ့ လမ်းကြောင်းကို အကျဘက် ပြောင်းသွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှုံးနိမ့်မှုကို လက်ခံပြီး မှန်မှန်ကန်ကန် သုံးသပ်ဖို့လိုပါတယ်။ သာမန်လူတွေဟာ အရှုံးနဲ့ ကြုံလာရင် တည်ငြိမ်အောင် မဆောက်တည်နိုင်တော့ဘဲ ကိုယ်သွားနေတဲ့ လမ်းကြောင်းကနေ သွေဖည်တဲ့အမှုကို စပြီး လုပ်မိတတ်ပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်သူတွေက ရှုံးနိမ့်ပြီးနောက် ဒီအရှုံးကနေ သင်ခန်းစာယူဖို့ သင်ယူဖို့ပဲ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုတော့ သံသယအဝင်မခံပါဘူး။

(၂) တစ်ခြားသူများရဲ့ သံသယကိုလည်း လက်မခံပါဘူး။

Source: ShutterStock

အောင်မြင်တဲ့ စွန့် ဦးတီထွင်သမားတော်တော်များများဟာ ကိုယ့်ကို မင်းမလုပ်နိုင်ပါဘူးလို့ မပြောတတ်သလို သူတစ်ပါးက လာပြောရင်လည်း အချိန်ကုန်ခံပြီး နားထောင်နေတတ်တွေ မဟုတ်ပါဘူး။ သံသယသဘောကတော့ ကိုယ့်ကိုယ်ကို ပဲ သံသယရှိရှိ သူတစ်ပါးကပဲ ကိုယ့်ပေါ် သံသယရှိရှိ ကူးစက်ပြီး ဖျက်ဆီးတတ်တယ်ဆိုတာ စိတ်ဓါတ်ရင့်ကျက်သူတွေက ပိုသိပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဟာ အတွင်းကလာတဲ့ အရာဖြစ်ပြီး အရေးကြီးဆုံး ဖြစ်သလို အပြင်လူတွေရဲ့ ကိုယ့်အပေါ်အမြင်ကလည်း အရေးပါတဲ့ အရာတွေ ဖြစ်ပါတယ်။ ပိုကောင်းအောင်လုပ်မယ့်သူဟာ ကိုယ့်ဦးတည်ရာကို ပြောင်းလဲသွားစေမယ့် သံသယနဲ့ အဝေးဆုံးမှာနေတဲ့သူတွေလည်း ဖြစ်ပါတယ်။

(၃) မဖြစ်မနေ လက်လွတ်ဆုံးရှုံးတော့မယ်ဆိုရင်တောင် အကောင်းတွေ ဖြစ်လာမှာကို သိတယ်။

Source: ShutterStock

အလိုက်သင့် အခြေအနေတစ်ရပ်ကို ဒီနေ့ခေတ်မှာ ပိုပြီး ကျင့်သုံးဖို့ လိုလာပါတယ်။ အားလုံးက တရစပ်ပြောင်းလဲနေချိန်မျိုးမှာ မဖြစ်မနေ အရှုံးဆိုတာ ကြုံနိုင်ပါတယ်။ တစ်ခါတစ်လေ မျှော်လင့်ချက်မဲ့ ထွက်ပေါက်မဲ့ အခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင်တောင် အကောင်းဆုံး အခွင့်အလမ်းတွေဟာ တစ်နေရာမှာ ရှိနေသေးတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။

စိတ်ဓါတ်ရင့်ကျက်သူတွေအမြင်မှာ စိန်ခေါ်မှုတွေက လူတွေကို ပိုသန်မာစေပြီး အရှုံးတွေက လူတွေကို ပိုပြီး အနှစ်သာရပြည့်ဝစေတယ်လို့ မြင်ပါတယ်။ ရှုံးမှာကို ကြောက်တဲ့စိတ်က အရှုံးက ပိုပြီး ဆုံးရှုံးမှုပိုများပါတယ်။ ဒီအသိကို သိသွားရင် တကယ်ရှုံးနိမ့်သွားရင်တောင် ဘဝကို အကောင်းဆုံး ပြန်လည်ဦးမော့နိုင်မယ့် လမ်းကို တွေ့မြင်သွားမှာ ဖြစ်ပါတယ်။