Meta ပိုင် Messenger စာပို့ဝန်ဆောင်မှုမှာ အပြန်အလှန်ပေးပို့ကြတဲ့ မက်ဆေ့တွေကို လုံခြုံမှုရှိစေမယ့် အဆင့်မြင့် Feature တစ်ခုကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေးအတွက် ကာကွယ်ပေးနိုင်မယ့် End-To-End Encrypted (E2EE) Chat စနစ်ကို ထည့်သွင်းလိုက်တာပါ။ လူတိုင်း သုံးနိုင်ပြီ ဖြစ်တဲ့ ဒီ Features ဟာ တစ်ဦးချင်းပြောတာပဲ ဖြစ်ဖြစ် အဖွဲ့လိုက် Chatting ထိုင်တာ ၊ ရုပ်သံခေါ်ဆိုမှုတွေ လုပ်တာတွေကို လုံခြုံမှုရှိစေအောင် Encrypt လုပ်ပြီး လျှို့ဝှက်ပေးသွားမှာ ဖြစ်ပါတယ်။

Messenger Chat

Photo: messengernews

Messenger သုံးစွဲသူတွေအတွက် စိတ်ချလုံခြုံတဲ့ စကားပြောခန်းတွေ ဖြစ်စေဖို့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။ တစ်မျိုးက ၂၀၁၆ ခုနှစ်က မိတ်ဆက်ခဲ့တဲ့ Secret Conversations ဖြစ်ပြီး နောက်တစ်ခုက Screen ကနေ အပေါ်ကို Swipe Up လုပ်ပွတ်တင်ပြီး ဖွင့်ရတဲ့ Vanish Mode ဖြစ်ပါတယ်။ Vanish Mode ဟာ ကိုယ်ပို့ထားတဲ့ မက်ဆေ့ကို တစ်ဖက်လူ ဖတ်ပြီးတာနဲ့ ပျောက်သွားအောင် လုပ်ထားတဲ့ Feature ဖြစ်ပြီး အဖွဲ့လိုက် စကားပြောကြတဲ့ Group Chat တွေမှာတော့ မရပါဘူး။

အခု Messenger မှာ ပါတဲ့ E2EE စနစ်ကတော့ Chat ထဲဝင်ပြီး သော့ခတ်ထားတဲ့ Lock Icon လေးကို ဖွင့်ရုံပဲ ဖြစ်ပါတယ်။ End-To-End Encrypted လုပ်ထားတဲ့ Chats ထဲမှာ GIFs တွေ ၊ စတစ်ကာ ၊ Reactions ပေးတာ ၊ ကြာကြာဖိပြီး မက်ဆေ့တွေ Reply ပြန်တာ Forward ပို့တာတွေ လုပ်နိုင်ပါတယ်။ Encrypted Chats တွေဟာ တရားဝင်အသိအမှတ်ပြုထားတဲ့ Blue Mark ရတဲ့ အကောင့်တွေကိုလည်း အကောင့်စစ်မှန်ကြောင်း လူတွေသိစေဖို့ Support ပေးထားပါတယ်။

Messenger Updates End-to-End Encrypted Chats with New Features
Photo : Messenger News

Messenger ဟာ E2EE Chats ထဲမှာ မကြာခင် ပျောက်ကွယ်သွားမယ့် မက်ဆေ့တွေကို ScreenShot ဖမ်းတာကိုလည်း အသိပေးသွားမှာပါ။ Messenger ရဲ့ E2EE Chat လုပ်ဆောင်ချက်ကို ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းအပါအဝင် ပလက်ဖောင်းတိုင်းမှာ ရနိုင်အောင် ဖြန့်ချိလိုက်ပြီလို့လည်း Meta က ကြေညာထားပါတယ်။

Featured Photo: How-To Geek