Laureus တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားဆုကို ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီနှင့် မာစီဒီးစ်အသင်းမှ ဖော်မြူလာဝမ်းကားမောင်းချန်ပီယံ (၆) ကြိမ်ရရှိထားတဲ့ ဟာမီလ်တန်တို့က ပူးတွဲ ရရှိခဲ့သည်။
Source: Firstopost
၂၀၂၀ Laureus ဆုပေးပွဲအခမ်းအနားကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ဖေဖော်ဝါရီ (၁၇) ရက်က ကျင်းပခဲ့တာပါ။ မက်စီကတော့ ဒီပွဲမှာ ဆုရရှိခဲ့ပေမဲ့ တတ်ရောက်နိူင်ခဲ့ခြင်းမရှိပဲ ဗီဒီယို မက်ဆေ့သာ ပေးပို့ခဲ့ပါတယ်။ သူ့ရဲ့မက်ဆေ့မှာ သူဟာ ဒီဆုကိုရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်ဆိုပြီးပြောဆိုသွားပါတယ်။
Source: Yeni Safak
US ကျွမ်းဘားအားကစားမယ် Simone Biles ကလည်း တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးအားကစားသမားဆုကို (၃) ကြိမ်မြောက်ဆုခူး ရရှိသွားခဲ့ပါတယ်။
ဒီလို Laureus ဆုကို မဲအရေအတွက်တူညီစွာ ပူတွဲရရှိတာဟာဆိုရင် သမိုင်းမှာ ပထမဆုံးပဲဖြစ်ပါတယ်။ Ballon d’Or (၆) ကြိမ်ရရှိထားတဲ့ မက်စီဟာလည်း ဒီဆုကို ရရှိတဲ့ ပထမဆုံး ဘောလုံးကစားကမားဖြစ်လာခဲ့ပါတယ်။
The Laureus World Sports Awards ဟာ ကမ္ဘာပေါ်မှာ မတူညီတဲ့ အားကစားနယ်ပယ်က ကစားသမားတွေကို အသိအမှတ်ပြုဆုတွေပေးနေတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
Source: AI Jazeera
၂၀၂၀ မှာ ဆုရရှိခဲ့ကြတဲ့သူတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
Sportsman of the Year: Lewis Hamilton and Lionel Messi
Sportswoman of the Year: Simone Biles
Team of the Year: South Africa Men’s Rugby Team
Breakthrough of the Year: Egan Bernal
Comeback of the Year: Sophia Floersch
Sportsperson of the Year with a Disability: Oksana Masters
Action Sportsperson of the Year: Chloe Kim
Best Sporting Moment: Sachin Tendulkar
Lifetime Achievement Award: Dirk Nowitzki
Laureus Academy Exceptional Achievement Award: Spanish Basketball Federation
Laureus Sport for Good Award: South Bronx United