အာဂျင်တီးနားနိုင်ငံသား မက်ဆီကတော့ ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် ပြိုင်စံရှားနာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ သွင်းဂိုးများစွာ ရယူပေးနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ မက်စီဟာ လက်ရှိမှာတော့ (၁၀) ရာသီအတွင်း သွင်းဂိုး စုစုပေါင်း (၄၀) ထက် သွင်းယူနိုင်တဲ့ မှတ်တမ်းစံချိန်အသစ်ကိုလည်း တင်နိုင်ခဲ့ပြီးပဲဖြစ်ပါတယ်။

Source : GiveMeSport

မတ်လ ၃၀ ရက်နေ့ညက ယှဉ်ပြိုင်ကစားတဲ့ အက်စ်ပန်ညိုအသင်းနဲ့ ကစားပွဲမှာ သွင်းဂိုး ၂ ဂိုးတိတိသွင်းယူနိုင်ခဲ့တာကြောင့် အခုလို (၁၀) ရာသီဆက် သွင်းဂိုး (၄၀) နဲ့အထက် မှတ်တမ်းစံချိန်အသစ်ကိုလည်း တင်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်စီဟာ ဘာစီလိုနာအသင်းအတွက် ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ လက်ရှိ ၂၀၁၈-၂၀၁၉ ရာသီအထိ တစ်ရာသီအနည်းဆုံးဂိုး (၄၀) သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Source : Goal.com

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ပွဲချိန် (၇၁) မိနစ်တွင် ဖရီးကစ်ကန်ချက်မှတစ်ဆင့် အသင်းအတွက် အဖွင့်ဂိုးစတင်စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် (၈၉) မိနစ်မှာထပ်မံပြီး မယ်လ်ကွန်ရဲ့ ပေးပို့ဖန်တီးမှုမှတစ်ဆင့် ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မက်စီရဲ့ သွင်းဂိုးများနဲ့ပဲ ဘာစီလိုနာအသင်းဟာ အက်စ်ပန်ညိုအသင်းကို (၂) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Source : Manchester Evening News