မက်စီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာနိူင်သလို သူ့ရဲ့ပြိုက်ဘက်ဟောင်းဖြစ်သူ ရော်နယ်ဒိုနဲ့လည်း တစ်သင်းထဲမှာ အတူတူ ကစားဖို့ဖြစ်လာနိူင်တယ်လို့ ဘာကာ ဒါရိုက်တာဟောင်း Ariedo Braida ကပြောဆိုသွားပါတယ်။

Source: Spread

Ballon d’Or (၆) ကြိမ်တိုင်တိုင်ရရှိထားတဲ့ မက်စီဟာ သူ့ရဲ့ မိခင်အသင်းလိုဖြစ်နေတဲ့ ဘာကာ ကနေပြောင်းထွက်ခွာဖို့ သတင်းထွက်လာတာဟာ အခုမှ ပထဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်နှစ်တွေတုံးကလည်း ကြားခဲ့ရဖူးပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုံးကလည်း သူ့ရဲ့ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းထံ ပြောင်းရွှေ့တော့မယ်လို့လည်း ကောလဟာလတွေ ထွက်လာခဲ့ပါသေးတယ်။ မက်စီကတော့ အသင်းကနေထွက်ခွာလိုခြင်းမရှိပေမဲ့ အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကြောင့် အသင်းနဲ့လမ်းခွဲရဖို့ ဖြစ်လာနိူင်ပါတယ်။

Source: www.9sportpro.com

ဘာစီလိုနာအသင်းကတော့ သူတို့ရဲ့တိုက်စစ်မူးနဲ့ စာချုပ်အသစ်တစ်ရပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေပါတယ်။ ဒီတစ်ခေါက်စာချုပ်မှာတော့ မက်စီကို အသင်းပြောင်းခွင့် မပြုရေးကိုပါ ထည့်သွင်းချုပ်ဆိုဖို့ရှိနေပါတယ်။

“မက်စီဟာ မယုံနိူင်စရာကောင်းတဲ့ ကစားသမားပါ။ ဘာစီလိုနာမှာလည်း အောင်မြင်မူတွေ အများကြီးရထားပါတယ်။ ဘာကာမှာ သူ (၁၃) နှစ်သားကတည်းက ကစားနေတာ အခုချိန်ထိပါပဲ။ အသင်းပြောင်းဖို့ ဆိုတာသူ့အတွက် တော်တော်ခတ်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မဖြစ်နိူင်တာတော့မဟုတ်ပါဘူး။ မက်စီနဲ့ ရော်နယ်ဒိုဟာ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ အသင်းတစ်သင်းထဲမှာ အတူတူ ကစားဖို့လည်း ဖြစ်လာနိူင်ပါတယ်” လို့ Ariedo Braida ကပြောသွားပါသေးတယ်။

Source: Teller Report

မက်စီနဲ့ရော်နယ်ဒို တို့ကိုခေါ်ယူနိူင်တဲ့ ကလပ်အသင်းက အနည်းငယ်ပဲရှိပါတယ်။ ဒေးဗစ်ဘက်ခမ်း ရှယ်ယာ ထည့်ဝင်ထားတဲ့ MLS လိဂ်က အသင်းတစ်သင်းဖြစ်တဲ့ Inter Miami ကို ရော်နယ်ဒိုက သွားရောက်ကစားချင်တယ်လို့ ပြောဖူးပါတယ်။

မက်စီနဲ့ ရော်နယ်ဒို တစ်သင်းထဲမှာ တွဲဖက်ကစားတာကို လိုလားတဲ့ ပရိသတ်တွေ ရှိသလို မလိုလားတဲ့ ပရိသတ်တွေလည်းရှိနေပါတယ်။ ဘာပဲပြောပြော သူတို့နှစ်ယောက် တစ်သင်းထဲမှာ အတူတူကစားကြမဲ့အရေးကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘာလုံးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပါပဲ။