ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အိုဆာဆူနာနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် Newell’s Old Boys အသင်းရဲ့ဂျာစီကို ဝတ်ဆင်ကာ  မာရာဒိုနာအတွက် အောင်ပွဲခံခဲ့ပါတယ်။

မက်ဆီဟာ ပွဲမစခင် မာရာဒိုနာကို လက်ခုပ်တီးဂုဏ်ပြုနေစဉ်အတွင်းမှာလည်း မျက်ရည်တွေ ကျဆင်းနေခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အိုဆာဆူနာအသင်းကို (၄-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး မက်ဆီက (၇၃) မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။‌‌

Source: beIN Sports

ဂိုးသွင်းအပြီးမှာ မက်ဆီဟာ သူ့ရဲ့ဂျာစီကို ချွတ်ပြီး ကျောနံပါတ် (၁၀) ပါ Newell’s Old Boys အသင်းရဲ့ ဂျာစီကို ပြသပြီး မာရာဒိုနာကို ဂုဏ်ပြုခဲ့ပါတယ်။ မာရာဒိုနာဟာ Newell’s Old Boys အသင်းမှာ တစ်နှစ်သာကစားခဲ့ဖူးပြီး ကျောနံပါတ် (၁၀) ဝတ်ဆင်ကစားခဲ့ပါတယ်။ ဘာစီလိုနာ-အိုဆာဆူနာ ပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် ဂိုးကို ဂရေ့ဇ်မန်း၊ ကော်တင်ညို၊ ဘရိတ်ဝိတ် နဲ့ မက်ဆီတို့က သွင်းယူပေးခဲ့တာပါ။

Source: Yahoo News India

“ကျွန်တော်တို့ မာရာဒိုနာကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော်တို့အားလုံး သူ့ကို့သတိရပါတယ်။” လို့ကော်တင်ညိုက ပြောခဲ့ပြီး ဂရေ့ဇ်မန်းကလည်း “မက်ဆီအနေနဲ့ မာရာဒိုနာကို ဒီလိုဂုဏ်ပြုဖို့ ပြင်ဆင်ထားမယ်လို့ မသိခဲ့ပါဘူး။ မက်ဆီလုပ်ခဲ့တာက လှပပြီး အံ့ဩဖို့ကောင်းပါတယ်” လို့ မက်ဆီပြုလုပ်ခဲ့တဲ့ အပြုအမူအကြောင်း သူတို့ကြိုမသိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အခုလို ဂျာစီချွတ်ပြီး အောင်ပွဲခံခဲ့တာကြောင့် အဝါကက်ပြ သတိပေးခြင်းခံခဲ့ရပါတယ်။

Source: Legit.ng

မက်ဆီဟာ ကစားသမားဘဝကို Newell’s အသင်းမှာစတင်ခဲ့ပြီး မာရာဒိုနာကလည်း Newell’s အသင်းမှာ တစ်နှစ်ကြာကစားခဲ့ဖူးပါတယ်။ မာရာဒိုနာဟာ (၂၀၀၈) ခုနှစ်ကနေ (၂၀၁၀) ခုနှစ်အထိ အာဂျင်တီးနားအသင်းကို နည်းပြခဲ့စဉ်အချိန်ကာလတုန်းက မက်ဆီနဲ့အတူ လက်တွဲခဲ့ဖူးပါတယ်။

“ကျွန်တော် နောက်ထပ်နှစ်ပေါင်းများစွာ ကစားဖြစ်ခဲ့မယ်ဆိုရင်တောင် မာရာဒိုနာကိုမှီမှာ မဟုတ်ပါဘူး။ သူက အကောင်းဆုံးကစားသမားတစ်ဦးပါ။” လို့မက်ဆီက ပြောခဲ့ပါတယ်။