ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီအနေနဲ့ အင်တာမီလန်အတွက် ဘာစီလိုနာကို စွန့်ခွာခဲ့ရင် လာလီဂါအတွက် လွမ်းဆွတ်စရာဖြစ်လာမှာမဟုတ်သလို ၎င်းအနေနဲ့ စီးရီးအေရဲ့ပြဿနာကိုလည်း ချက်ချင်းဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ လာလီဂါဥက္ကဌ ဇေးဘီးယားတီဘက်စ်က ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။
အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ နူးကမ့်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းဟာ မကြာခဏဆိုသလို ရေပန်းစားနေတာဖြစ်ပေမယ့် ယခုရာသီမှာ မက်ဆီနဲ့ ဘာစီလိုနာဘုတ်အဖွဲ့တို့ကြားက အချင်းများမှုဟာ ယင်းသတင်းတွေကို ပိုမိုအားကောင်းလာစေခဲ့တာဖြစ်ပါတယ်။
Photo: Goal.com
အင်တာမီလန်ဥက္ကဌဟောင်း မက်စီမိုမိုရာတီရဲ့ ယခုအပတ် ပြောကြားချက်အရ အင်တာမီလန်အသင်းက မက်ဆီကို ခေါ်ယူဖို့က မဖြစ်နိုင်တဲ့ အိပ်မက်မဟုတ်တော့ဘူးလို့ သိရပြီး လာလီဂါရဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ မက်ဆီရဲ့ထွက်ခွာမှုက လာလီဂါအတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လာလီဂါဥက္ကဌ ဇေးဘီးယားတီဘက်စ်က ခရစ်စတီယာနိုရော်နယ်ဒို ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာကို သက်သေအဖြစ် ညွှန်ပြပြီး လာလီဂါဟာ အမြဲတမ်း တောင့်တင်းနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မက်ဆီရောက်ရှိလာမှုက အီတလီဘောလုံးလောကကို ပြုပြင်နိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။”မက်ဆီရောက်ရှိလာမှုက အကြွေးတွေ၊ မြင့်မားပြီး မလုံလောက်တဲ့ အစုအဖွဲ့တွေကြားက စီးရီးအေရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”
Photo: Insider.com
“စီးရီးအေရဲ့ ပုံပန်းသဏ္ဍာန်က စိတ်ဖိစီးစရာဖြစ်ပြီး ဒီလို စီးပွားရေးပြဿနာတွေက လီယွန်နယ်မက်ဆီ ရောက်ရှိလာမှုနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး”
“ကျွန်တော် မက်ဆီကို ဒီမှာ နေစေချင်ပါတယ်။ ဒါပေမယ့် တကယ်လို့ သူ စွန့်ခွာသွားမယ်ဆိုရင်လည်း လွမ်းစရာမရှိပါဘူး”
“အဲဒီလိုပြောရတာက ခရစ်စတီယာနိုရော်နယ်ဒိုမရှိတဲ့ လိဂ်က ငွေကြေးဆုံးရှုံးရမယ့်အစား ကျွန်တော်တို့ ပေါ်တူဂီမှာတောင် ငွေကြေးရှာဖွေနိုင်ခဲ့လို့ပါ။ ကစားသမားတွေ ကူညီပေမယ့် ချန်ပီယံရှစ်အတွက်တော့ မရှိမဖြစ်လိုအပ်နေတာတော့မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။