သင်ဟာ လူဝကြီးတစ်ယောက်ဖြစ်နေပြီလား။ တကယ်တော့သိပ်မဝပါဘူး။ အဆီပိုလေး နည်းနည်းထွက်ရုံပါလို့ သင်တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေက သင့်ကိုဝက်ဝံရုပ်ကြီးလို့ စနောက်နေပြီဆိုရင်တော့ သင်ဟာဒီအတိုင်း ငြိမ်မနေသင့်တော့ပါဘူး။

နီးစပ်ရာအားကစားခန်းမကို အမြန်သွားပြီး လေ့ကျင့်ခန်းစလုပ်ပါ

Source: Addiction.com

သင်ဟာ ဝက်ဝံရုပ်ကြီးလို့ အခေါ်ခံနေရပြီဆိုတာနဲ့ အနီးဆုံးမှာရှိတဲ့ အားကစားခန်းမတစ်ခုကို အမြန်သွားပြီး သင့်တော်ရာအားကစားတစ်ခုကို လုပ်သင့်ပါပြီ။ တပတ်မှာတစ်ရက် (သို့) နှစ်ရက်လောက်ဖြစ်ဖြစ် အချိန်ပေးပြီး လုပ်ပေးပါ။ ဒါပေမယ့်လည်း ယောက်ျားလေးတွေက အစားအသောက်လည်း ပိုစားနိုင်ကြလို့ ချက်ချင်းဝိတ်ကျဖို့ကလည်း မဖြစ်နိုင်တဲ့အတွက် ဇွဲရှိပါ။

အစားအသောက်ကို စနစ်တကျ စီမံခန့်ခွဲပါ

Source: Rudy Mawer

များသောအားဖြင့် အမျိုးသားတွေဟာ အစားအသောက်ကောင်းတွေကို ခုံမင်ကြပါတယ်။ ချစ်သူနဲ့ တစ်ခုခုသွားစားပြီဆိုရင်လည်း ချစ်သူမကုန်တဲ့အစားအသောက်တွေကို ဒိုင်ခံဖြေရှင်းပေးတတ်ကြပါတယ်။ ဒါဟာ ပြဿနာတစ်ခုပါ။ သူတို့က အဆီအဆိမ့်တွေကိုလည်း ကြိုက်တတ်ကြလို့ ချိစ်ကိတ်၊ ကြက်ကြော်တို့လို အစားအသောက်တွေဟာ ယောက်ျားလေးတွေရဲ့ အကြိုက်ပါပဲ။ ဒီအစားအစာတွေဟာ သူတို့ကို ဝက်ဝံကြီးအဖြစ် ပြောင်းလဲပေးနိုင်တယ် ဆိုတာသတိထားမိပြီး ရှောင်ကြဉ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်တွေကို ရှာဖွေစားသောက်ပါ

Source: Muscle & Fitness

လူကြိုက်များအောင် တီထွင်ထားတဲ့ အသင့်စားအစားအစာတွေနဲ့ အရက်ဘီယာတွေကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ အော်ဂန်းနစ်လို အသီးအရွက်မျိုးမဟုတ်ရင်တောင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်မျိုးကို စားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါမှ အဆီပိုတွေကို သင်ဟာ အောင်မြင်စွာဖယ်ရှားနိုင်မှာပေါ့။

အရက်၊ဘီယာနဲ့အချိုရည်တွေကို ခေါင်းခါလိုက်ပါ

Source: rebuildyourvision.com

ယနေ့ခေတ်ကြီးထဲက အမျိုသားတစ်ဦးဖြစ်တဲ့သင်ဟာ အရက်၊ဘီယာနဲ့အချိုရည်တွေကို ရှောင်နိုင်ဖို့ကမလွယ်ပါဘူး။ ဒါကြောင့် နေ့တိုင်းမသောက်သုံးပဲ ရံဖန်ရံခါမှ သောက်သုံးမယ်ဆိုရင် သင်ဟာဝက်ဝံကြီးတစ်ကောင် မဖြစ်နိုင်တော့ဘူးပေါ့။