မိုက်ကယ် ကားရစ်ဟာ ကြာသပတေးနေ့ညက အာဆင်နယ်အသင်းကို အနိုင်ရရှိအောင် နည်းပြပေးခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို ချက်ချင်း စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Manchester United Players

Photo: Evening Standard

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့လမှာ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှား ရာထူးကနေ ထုတ်ပယ်ခံရပြီးကတည်းက အသင်းကို ယာယီကိုင်တွယ်ပေးခဲ့သူဖြစ်ပြီး ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲမှာ ဗီလာရီးရဲလ်ကို အနိုင်၊ ချဲလ်ဆီးနဲ့သရေ၊ အာဆင်နယ်ကို ၃-၂ နဲ့ ကြာသပတေးနေ့ညမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

နည်းပြဟောင်းတွေဖြစ်တဲ့ ဆိုးလ်ရှားနဲ့ မော်ရင်ညိုတို့ လက်အောက်မှာ ပထမအသင်း နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အများစုက ကားရစ်အနေနဲ့ ယာယီနည်းပြသစ် ရန်းနစ်ခ်ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်သွားမယ်လို့ ခံစားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၄၀ အရွယ် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းက လက်ရှိအချိန်မှာ အသင်းကို စွန့်ခွာဖို့ အချိန်ကောင်းဖြစ်တယ်လို့ ခံစားနေရကြောင်း ပြောကြားခဲ့ပါတယ်။

Interim Coach Michael Carrick

Photo: Metro

“ဒီကြီးကျယ်ခမ်းနားတဲ့အသင်းမှာ ရှိခဲ့တဲ့အချိန်တွေဟာ ကျွန်တော့် ကစားသမားဘဝရဲ့ အကောင်းဆုံးနှစ်တွေအဖြစ် ကျွန်တော် အမြဲတမ်း သတ်မှတ်ထားခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်မှာ ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ ကျွန်တော့်ရဲ့ အရူးမိုက်ဆုံးအိပ်မက်တွေထဲမှာတောင် ဆုဖလားတွေအများကြီး အနိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထည့်မမက်ခဲ့ဖူးပါဘူး။ ကျွန်တော် ကစားသမားအဖြစ်နဲ့ရော၊ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဆန်းကြယ်တဲ့ အမှတ်တရတွေကို ဘယ်တော့မှ မေ့မှာမဟုတ်တာ ကျိန်းသေပါတယ်”

“ဒါပေမယ့်လည်း သေသေချာချာ အများကြီး တွေးခဲ့ပြီးနောက်မှာတော့ အခုအချိန်က အသင်းကို စွန့်ခွာဖို့ ကျွန်တော့်အတွက် အချိန်ကောင်းလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော့်အတွက် မှတ်တမ်းဖြစ်မယ့်နေရာကို သွားချင်ပြီး ဒီလို အရမ်းကောင်းတဲ့ အစုအဖွဲ့တွေဖြစ်တဲ့ ကစားသမားတွေအားလုံး၊ နည်းပြအဖွဲ့ဝင်တွေအားလုံးနဲ့ နာရီပေါင်းကြာရှည် အလုပ်လုပ်ခဲ့ရတာက စစ်မှန်တဲ့ စိတ်ပျော်ရွှင်စရာဖြစ်ခဲ့ပါတယ်။ ကျွန်တော် တသက်လုံး ခင်မင်သွားရမယ့် ဆက်ဆံရေးအချို့ကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်”လို့ Amazon Prime ကတဆင့်ပြောကြားခဲ့ပါတယ်။

Featured Photo: Teamtalk