နေ့တိုင်း အမှတ်မထင် လုပ်နေကျအလုပ်လေးတွေရှိပါတယ်။ တစ်ခါတစ်လေမှာ အလိုအလျောက် တုန့်ပြန်နေနေမိတတ်တဲ့ အရာလေးတွေ ရှိပါတယ်။ အလေ့အထတွေက အကျင့်တစ်ခုအဖြစ် စွဲသွားတဲ့ သဘောဖြစ်ပါတယ်။ ဒါကို Micro-Habits လို့ ခေါ်ကြပါတယ်။ သင့်ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အသုံးတည့်တဲ့ Micro-Habits တွေက ဘာတွေ ဖြစ်မလဲ

(၁) နေ့တိုင်း စာတစ်ပိုဒ်ရေးပါ

Photo: Freepik

သင်သိပ်ကို ရေးချင်နေတဲ့ စာအုပ်တစ်အုပ် ရှိတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ဘလော့ဂ်လေးပဲ ဖြစ်ဖြစ် ဒါမှမဟုတ်ရင် စီးပွားရေး Plan လေး ရေးဖို့ပဲ ဖြစ်ပါစေ နေ့တိုင်း ဝါကျအနည်းငယ်လောက် စာရေးပေးပါ။ တစ်နေ့ ဝါကျတစ်ပိုဒ်နှစ်ပိုဒ်လောက် ရေးလိုက်တာနဲ့ စာရေးရတာ ပိုပြီးချောမွေ့လာပါလိမ့်မယ်။ စာရေးကောင်းခြင်းဟာ သင့်ကို အများကြီး အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ အကျင့်ထဲမှာ ပါပါတယ်။

(၂) လက်ရှိအချိန်ကို တန်ဖိုးထားတတ်ပါစေ

Photo: Freepik

ဘဝကို ပြောင်းလဲချင်တယ်ဆိုရင် အနာဂါတ်အတွက် အကျိုးရှိမယ့်အရာတွေပဲ လုပ်ရမှာပါ။ ဒီနေ့အချိန်မှာ အကောင်းဆုံး လုပ်နေတဲ့ အရာတွေက သင့်အနာဂါတ်ကို ဦးတည်နေပါတယ်။ ဒါ့ကြောင့် ပစ္စုပ္ပန်ကို တန်ဖိုးထားပြီး အကောင်းဆုံးနေထိုင်ပါ။

(၃) အခြေခံလိုအပ်ချက်တွေ ဖြည့်ထားပါ

Photo: Freepik

လူဆိုတာ စက်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ဟာ ပင်ပန်းလာရင် နားပေးဖို့ လိုပါတယ်။ ဆာလာရင် စားပေးဖို့ လိုပါမယ်။ အဲ့ဒီလို ခန္ဓာကိုယ်ရဲ့ ပြောစကားကို နားထောင်တတ်ဖို့ လိုပါတယ်။ဒီလိုမှ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် မသိဘဲ ပစ်ထားခိုင်းထားလိုက်ရင် မကြာခင် လဲပြိုသွားမယ်။ Burnout ဖြစ်သွားပါလိမ့်မယ်။

(၄) ကိုယ့်ရဲ့ Idol ကို အသေအချာ ရွေးပါ

Photo: Freepik

ကျွန်တော်တို့အပေါ် လွှမ်းမိုးနေတဲ့ လူတွေရှိတတ်ပါတယ်။ အဲ့ဒီလူဟာ ဟစ်တလာလည်း ဖြစ်ချင်ဖြစ်မယ်။ မာသာထရီဇာလည်း ဖြစ်နိုင်တာပါပဲ။ ကိုယ့်စိတ်ထဲမှာ ဩဇာလွှမ်းနေတဲ့ လူဟာ အရေးကြီးပါတယ်။ ဒီလူတွေက ကိုယ့်ရဲ့ Life ကိုပါ ဆုံးဖြတ်သွားလို့ ဖြစ်ပါတယ်။ ဂရုတစိုက် ရွေးချယ်ပါ။

(၅) ဖုန်းလျှော့သုံးပါ

Photo: Freepik

ဖျော်ဖြေရေးတွေက သင့်ကို မယုံလောက်အောင် များတဲ့ အချက်အလက်တွေပေးပါတယ်။ ဖျော်ဖြေရေးတွေနောက် လိုက်ရင်းနဲ့ ဘယ်ကိုမှ မရောက်ဘဲ ခေတ်သစ်လူမှုရဲ့ အဓိပ္ပါယ်မဲ့မှုမှာပဲ စိတ်လေစရာတွေ မြင်ရပါလိမ့်မယ်။ Social Media Apps သုံးတာ လျှော့ပါ။ ဖုန်းတွေ ၊ ဂိမ်းနဲ့ ဖျော်ဖြေရေးတွေကနေ ခပ်ခွာခွာနေတတ်တဲ့ အကျင့်လုပ်ပါ။

(၆) ကိုယ့် Pattern ကို အကဲဖြတ်စောင့်ကြည့်ပါ

Photo: Freepik

ကိုယ့်ကိုယ်ကိုယ် ပြန်သိခြင်းဟာ အရေးကြီးဆုံး အရည်အချင်း ဖြစ်ပါတယ်။ ကိုယ်က အပျင်းကြီးတတ်သလား ။ အချိန်မလေးစားတတ်သူလား ။ ကျန်းမာရေးနဲ့ မညီတာတွေ လုပ်နေမိပြီလား စတဲ့စတဲ့ အချက်တွေကို အပြင်လူ Third Party အနေနဲ့ ပြန်ကြည့်တတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Pattern ကို သိခြင်းဟာ ကိုယ့်ဘဝကို ပြန်လမ်းညွှန်ပေးပါလိမ့်မယ်။

(၇) လူတွေနဲ့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းတွေ ဖွင့်ထားပါ

Photo: Freepik

သင့်ဆီကို လူတွေ လာနိုင်မယ့် ချန်နယ်လေးတွေ ဖွင့်ထားပါ။ လူ့အသိုင်းအဝိုင်းနဲ့ အဆက်အသွယ်လုပ်နိုင်မယ့် လမ်းကြောင်းတွေ ပေးထားခြင်းဟာ သင့်ကို တိုးတက်စေပါလိမ့်မယ်။ သင်နဲ့ ဆက်သွယ်ချင်သူတွေအတွက် ကိုယ့်အကြောင်း အချက်အလက်တွေကို အွန်လိုင်းမှာ ၊ လူမှုကွန်ရက်မှာ စသည်ဖြင့် လူတိုင်းအလွယ်တကူလာကြည့်နိုင်အောင် လုပ်ထားခြင်းဟာ ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ လူမှုဘဝကို အပြောင်းအလဲသစ်တွေ ယူဆောင်ပေးနိုင်ပါတယ်။