သက်ရှိထင်ရှားအကြီးကျယ်ဆုံး ဖိုက်တာတွေထဲက တစ်ယောက်အဖြစ် အငြင်းပွားစရာမရှိသူတစ်ဦးက မိုက်တိုင်ဆင်ဖြစ်ပါတယ်။ မိုက်တိုင်ဆင်ဟာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံ ၊ အလဲထိုးဘုရင်နဲ့ လက်ဝှေ့သမိုင်းမှာ ဘယ်တော့မှ မမေ့နိုင်စရာ Boxer တစ်ဦးဖြစ်ပါတယ်။
Iron Mike အဖြစ် နာမည်ကြီးခဲ့တဲ့ မိုက်တိုင်ဆင်ရဲ့ ဘဝဖြတ်သန်းမှုဟာ ကြမ်းတမ်းရှုပ်ထွေးပဲ လေ့လာစရာတွေ များပါတယ်။ဒါ့ကြောင့်ပဲ သူ့မှာ ပြောပြစရာဘဝသင်ခန်းစာတွေ အများကြီး ရှိပါတယ်။
(၁) Mindset ကနေ စတင်ပါ

Photo: Give Me Sport

အောင်မြင်ဖို့ဆိုတာ ရုပ်ပိုင်း ၁၀%နဲ့ စိတ်သဘောထား ၉၀% လိုပါတယ်။ မိုက်ကတော့ သူ့ရဲ့ မန်နေဂျာ ကွန်စတန်တိုင်း ဒီအာမာတို ရဲ့ အဆိုလေးကို ပြောပါတယ်။ “ကတ်စ် (ကွန်စတန်တိုင်း ဒီအာမာတို) ကတော့ လက်ဝှေရဲ့ ၉၀%က စိတ်ပညာပဲ ရုပ်ပိုင်းမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အဓိကက ကျွမ်းကျင်မှု (Skill) မဟုတ်ဘူး။ ဆန္ဒ(Will) ပါ” လို့ မိုက်က ဆိုပါတယ်။

(၂) အလုပ်ကြိုးစားချင်တဲ့ စိတ်ရှိနေပါ

Photo: Pinterest

တစ်နေ့တာကို သက်သာသလို နေလိုက်ဖို့က သိပ်လွယ်ပါတယ်။ အချိန်ပို ကြိုးစားမှုတွေ ၊ လေ့လာမှုတွေနဲ့ လေ့ကျင့်မှု‌တွေ မလုပ်ဘဲနဲ့ပေါ့။ မိုက်တိုင်ဆင်ရဲ့ ဆရာကတော့ သူ့ကို ဒီလို သင်ပေးခဲ့ပါတယ်။

“တစ်ခြား ဖိုက်တာတွေက Gym ကနေ ပြန်တဲ့အခါ သူတို့ကောင်မလေးတွေနဲ့ အပြင်သွားကြပြီး ကတ်စ်နဲ့ ကျွန်တော်ကတော့ အိမ်ပြန်ပြီး အစီအစဉ်တွေ ဆွဲနေရတယ်။ ကတ်စ်က ပြောဖူးယ်။ No ဆိုတာ မင်းအတွက် တိုင်းတစ်ပါးဘာသာစကား ဖြစ်ပါစေ ။ No ဆိုတဲ့ သဘောတရားကို မင်းနားမလည်အောင်လုပ်”တဲ့။

(၃) တကယ်ဖြစ်အောင်လုပ်ပါ

Photo: Insider

အိပ်မက်လေး ကောင်းတယ်ဆိုပြီး အိပ်မက်ထဲပဲ သာယာမနေပါနဲ့ ။ အိပ်မက်ကို တကယ်ဖြစ်အောင် လုပ်ဖို့ လိုပါတယ်။ အစီအစဉ်ကတော့ လူတိုင်းမှာ ရှိပြီး လူတစ်ချို့ပဲ လက်တွေ့လုပ်ကြတယ်။ လူနည်းစုလောက်က တကယ်လုပ်ရင်း တွေ့လာတဲ့ အခက်အခဲတွေကို ကျော်လွှားရင်း ဆက်လုပ်သွားတာပါ။
မိုက်တိုင်ဆင်ကတော့ ဒီနေရာမှာ လက်ဝှေ့သမားပီပီ ခပ်ပြင်းပြင်းပြောပါတယ်။ “လူတိုင်းကတော့ သူတို့ပါးစပ်ကို အထိုးခံရတဲ့အထိ Plan တစ်ခု ရှိနေတတ်တယ်။”

(၄) အခွင့်အလမ်းတိုင်းကို အသုံးချပါ

Photo: Insider

အခွင့်အလမ်းဟာ နှစ်ကြိမ်မလာဘူးဆိုတဲ့ စကားရှိပါတယ်။ အကန့်အသတ်ရှိတဲ့ အချိန်အပိုင်းအခြားလေးအတွင်းမှာ ရောက်လာတာ ဖြစ်လို့ မလွတ်တမ်း ဖမ်းဆုပ်နိုင်ဖို့ လိုပါတယ်။

“၉ နာရီကနေ ၅ နာရီအလုပ်လုပ်တယ်ဆိုတဲ့ ပုံမှန်လူတွေနဲ့ ကျွန်တော်က မတူပါဘူး။ ကျွန်တော်တို့ တွေးပုံကလည်း ကွာပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်ထဲက ကွန့်မြူးမှုနဲ့ ဆန္ဒတွေက သူတို့နဲ့ကွာပါတယ်။ ပုံမှန်လူတွေက တစ်ခြားတစ်ခုခုနဲ့ အချိန်ကုန်သွားချင် ကုန်သွားမယ်။ ကျွန်တော်တို့လို အခွင့်အလမ်းတွေ လိုက်ရှာမနေတတ်ဘူး ”

(၅) တစ်ခြားသူတွေ ဘာထင်မလဲ တွေးမပူနဲ့

Photo: Fight Sports

အောင်မြင်ချင်ရင် တစ်ခြားသူတွေရဲ့ အထင်အမြင်တွေကို သိပ်ပြီး ဂရုမစိုက်ဖို့ လိုပါတယ်။ သင့်အကြောင်းကို အသိဆုံးက သင်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်နေဖို့က ပိုပြီး အရေးကြီးပါတယ်။

“တစ်ယောက်ယောက်က ကျွန်တော့်အကြောင်း ပြောတာတွေကြောင့် ဘယ်လိုမှ တွန့်မသွားဘူး။ အရေးလည်း မကြီးပါဘူး။ ကျွန်တော်က တစ်ခြားသူတွေ ထင်တာနဲ့ လုံးဝကွဲပြားတဲ့ တစ်ယောက်ပါ။ မိုက်ကယ်နဲ့ တိုင်ဆင်ဆိုတာ မတူတဲ့လူနှစ်ယောက်ပါ။ ကျွန်တော်က ဒီမှာ တိုင်ဆင် ဖြစ်ပါတယ်။” လို့ မိုက်တိုင်ဆင်က ဆိုဖူးပါတယ်။