အာဆင်နယ်အသင်းနည်းပြ အာတီတာက ဝီလ်ရှိုင်းယားဟာ ၎င်းရဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့နဲ့ နည်းပြတစ်ယောက်ဖြစ်လာဖို့ လုပ်ဆောင်နေချိန်မှာ အသင်းသစ်ရှာဖွေနိုင်ခြေရှိလာဖို့အတွက် အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်ရောက်နေတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ဘုန်းမောက်အသင်းကနေ ထွက်ခွာခွင့်ပေးပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်ပြီး အီတလီစီးရီးဘီအသင်းဖြစ်တဲ့ ကော့စ်မိုနဲ့ လေ့ကျင့်ရေးပြုလုပ်ပြီး အချိန်အနည်းငယ်ကုန်ဆုံးခဲ့ပေမယ့်လည်း အပြီးသတ် စာချုပ် ကမ်းလှမ်းမှု မရရှိခဲ့တာဖြစ်ပါတယ်။

Jack-Wilshere-Arsenal-training-2021

photo: arseblog.news

လက်ရှိမှာတော့ ဝီလ်ရှိုင်းယားဟာ မြောက်လန်ဒန်က အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်နေတဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပြီး အာဆင်နယ်အသင်းက အသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းဟာ ၎င်းရဲ့ နည်းပြအလုပ်အတွက် လိုအပ်တဲ့အရာတွေကို ပြန်လည်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဝီလ်ရှိုင်းယားဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာပြဿနာနဲ့ ကာလရှည်အနားယူခဲ့ရတဲ့ အာဆင်နယ်ကနေ ဘုန်းမောက်ကို အငှားနဲ့သွားကစားခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ပထမဆုံးအကြိမ် နည်းပြအဖြစ် လုပ်ဆောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဝီလ်ရှိုင်းယားဟာ ဘောလုံးအဖွဲ့ချုပ် အဆင့် ၂ နည်းပြအရည်အချင်းစစ်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ယူအီးအက်ဖ်အေ(ခ)လိုင်စင်အတွက် စတင်ပြီး လေ့လာနေခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ ၎င်းတို့နဲ့အတူ လန်ဒန် ကိုလ်နေးမှာ ကြယ်ပွင့်ဟောင်းရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ခွင့်ပေးထားပြီး ကူညီပေးနေတာဖြစ်ပါတယ်။

“ခင်ဗျား ယုံကြည်သင့်တာကတော့ ကျွန်တော်တို့ ဂျက်ကို သူ့ရဲ့ နောက်တစ်ဆင့်အတွက် ကြိုတင်ပြင်ဆင်ရာမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကူညီချင်တယ်ဆိုတာပါပဲ။ သူက သူ့ရဲ့ နည်းပြလိုင်စင်အတွက် နောက်ထပ်တစ်ကြိမ် ကြိုးပမ်းချင်နေတယ်။ ကျွန်တော်တို့က သူ့လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ဒါက သာမန် စိတ်ကူးဖြစ်ပြီး အဲဒီထက် ပိုပြီး ဘာမှမရှိပါဘူး”

The former England international has struggled to find a new club

Photo: Metro

“သူ ဒီကို ပြန်ရောက်လာတာ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ဂျက်နဲ့ စကားပြောခဲ့ပြီး သူ့မှာ လိုအပ်နေတာကို နားလည်တယ်။ သူ ဖြတ်သန်းနေရတဲ့ အချိန်အပိုင်းအခြားကို နားလည်တယ်။ အသင်းမှာရှိတဲ့လူအားလုံးက အခုအချိန်က သူ့ကို ကူညီရမယ့် မှန်ကန်တဲ့အခိုက်အတံ့ဆိုတာကို သဘောတူညီကြတယ်လို့ ထင်ပါတယ်”

“ကျွန်တော်တို့ သူနဲ့ အတူတူထိုင်ပြီး သူ လုပ်ချင်တာ၊ သူ ဘယ်အဆင့်မှာ ရောက်နေလဲဆိုတာ နားထောင်ပေးတယ်။ ကျွန်တော်တို့ သူ့ကို ကူညီနိုင်အောင် ဘယ်အရာမဆို လုပ်သွားဖို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ တစ်ခါတလေ လေ့ကျင့်သွားမှာပါ။ သူက ဒီနေရာမှာပဲ ရှိနေမှာပါ။ သူက သူ့ရဲ့ နည်းပြလိုင်စင်အတွက် ဆက်လုပ်သွားမှာဖြစ်ပြီး သူ့ကိုယ်သူ ကြံ့ခိုင်နေအောင်နဲ့ ကျွန်တော်တို့ ကစားသမားတွေ၊ လူငယ်ကစားသမားတွေ၊ အကယ်ဒမီက ကစားသမားတွေနဲ့ အတူနေပြီး အတွေ့အကြုံရအောင် ကြိုးပမ်းသွားမှာပါ။ အဲဒါက အသင်းမှာ ကြီးမားတဲ့လွှမ်းမိုးမှုဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Evening Standard