ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဝုလ်ဗ်အသင်းတို့ ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အိမ်ရှင်ဝုလ်ဗ်အသင်းကို (၂-ဝ) ဂိုးရလဒ်ဖြင့် အဝေးကွင်းအနိုင်ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အာဆင်နယ်အသင်းအနေနဲ့ ဆာကာ အန်ခီတီယက်ခ် အူဘာမီယန်း ချာကာ စီဘယ်ယို့စ် ကိုလာစီနက် ဒေးဗစ်လူးဝစ်ဇ် မူစတာဖီ စတဲ့ကစားသမားကောင်းတွေနဲ့ အဝေးကွင်းပွဲစဉ်ကိုအကောင်းဆုံးပြင်ဆင်လာခဲ့ပြီး အိမ်ရှင်ဝုလ်ဗ်အသင်းကလည်း ဂျီမီနက်ဇ် ထရာအိုရေး နေးဗက်စ် မော်တင်ဟို ဒန်ဒွန်ကာ ဆာအိ ကိုအာဒီ ဘိုလီ စတဲ့ကစား သမားအစုံအလင်နဲ့ အိမ်ကွင်းမှာအနိုင်ရလဒ် ဖော်ဆောင်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard

ပထမပိုင်းပွဲကစားချိန်တွေမှာတော့ အိမ်ရှင်ဝုလ်ဗ်အသင်းအနေနဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် အာဆင်နယ်အသင်း ဂိုးသမားအကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိဖို ခက်ခဲနေခဲ့ပါတယ်။ ပွဲကစားချိန်ကြာမြင့်လာတာနဲ့အမျှ အာဆင်နယ်အသင်းဘက်နေ ပြန်လည်တိုက်စစ်စင် ကစားလာနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးဖို့ မိနစ်ပိုင်းအလို ပွဲကစားချိန် (၄၃) မိနစ်မှာ အာဆင်နယ်အသင်းလူငယ်ကစားသမား ဆာကာရဲ့ မြေမကျကန်ချက်နဲ့အတူ အာဆင်နယ်အသင်းအတွက်ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပထမပိုင်းကို (၁-ဝ)ဂိုးရလဒ်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။

Source : Evening Standard

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်အသင်းအနေနဲ့ ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့ပြီး ချေပဂိုးရရှိဖို့ကြိုးပမ်းခဲ့ပေမယ့် ဂိုးပေါက်လွဲချော်မှုတွေကြောင့် ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့သလို အာဆင်နယ်နောက်တန်းကလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးရရှိဖို့ အတော်လေးရုန်းကန်နေခဲ့ရပါတယ်။ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်နေခဲ့တဲ့ အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်က ပွဲစဉ်ဒုတိယပိုင်းမှာ လူစားလဲဝင်ရောက်လာခဲ့ပြီး ပွဲကစားချိန် (၈၆) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ အိမ်ရှင်အသင်းကတော့ လက်ကျန်မိနစ်တွေမှာ ဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် (၂-ဝ) ဂိုးရလဒ်ဖြင့် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard