လူကို အကျင့်က ဦးဆောင်တယ်ဆိုတဲ့ စကား ရှိပါတယ်။အောင်မြင်မှုဆီ သွားတဲ့ လမ်းကြောင်းမှာလည်း အလေ့အထက အရေးပါလှပါတယ်။ ချမ်းသာကြွယ်ဝသူတွေကို ဘဝမှာ အောင်မြင်သူတွေလို့ သတ်မှတ်မယ်ဆိုရင် အောင်မြင်ချင်ရင် သူတို့လက်ကိုင်ထားတဲ့ အလေ့အကျင့်တွေကို လိုက်နာဖို့ လိုပါမယ်။ ဒီအတွက် ရိုးရှင်းပြီး နေ့တိုင်း လုပ်ဆောင်သွားနိုင်တဲ့ အလေ့အကျင့်တွေ ရှိပါတယ်။
(၁) တိုးတက်ဖို့ စာဖတ်တယ်
Photo: Pixabay
သန်းကြွယ်သူဌေးတွေမှာ တွေ့လေ့ရှိတဲ့ ဝါသနာတစ်ရပ်က စာဖတ်တာပါပဲ။ အတော်များများက နေ့တိုင်း စာဖတ်ပါတယ်။ ဖတ်တဲ့စာတွေကလည်း Personal Development ပိုင်းအတွက် အကျိုးရှိတဲ့ စာတွေ ဖြစ်ပါတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ချမ်းသာလာသူတွေရဲ့ ၈၅% ဟာ တစ်လကို အနည်းဆုံးစာအုပ် ၂ အုပ်ဖတ်ကြတယ်လို့ ဆိုပါတယ်။ ဝါရင်းဘတ်ဖတ်ဆိုရင် တစ်နေ့တာရဲ့ ၈၀% ကို စာဖတ်ရင်း ကုန်ဆုံးစေသူ ဖြစ်ပါတယ်။
(၂) ဝင်ငွေရပေါက် အများကြီး လုပ်ထားတယ်
Photo: Pixabay
နောက်ထပ် ချမ်းသာသူတွေရဲ့ အောင်မြင်ရေး အလေ့အကျင့်က ဝင်ငွေစီးကြောင်း တစ်ခုတည်းပေါ် အားမကိုးဘဲ ဝင်ငွေရမယ့် လမ်းကြောင်းတွေ အလုပ်တွေ အများကြီး လုပ်တာ ဖြစ်ပါတယ်။ အလုပ်နဲ့ ဝင်ငွေ ရပေါက်တွေ ခွဲထားလို့ လုပ်ငန်းထိခိုက်မှုမှာလည်း ခံသာသလို လုပ်ငန်းတည်တံ့တိုးပွားဖို့အတွက်လည်း ပိုပြီး စိတ်ချရပါတယ်။ မီလျံနာတွေဟာ ဝင်ငွေစီးကြောင်းသစ်တွေ တည်ဆောက်ဖို့အတွက်လည်း အမြဲလေ့လာနေသူ ဖြစ်ပါတယ်။
(၃) ငွေကြေး စီမံပြီး တိုးပွားအောင်လုပ်တယ်
Photo: Pixabay
ကိုယ်စွမ်းကိုယ်စနဲ့ ချမ်းသာလာတဲ့သူတွေဟာ ကံကိုယုံပြီး အလောင်းအစား မလုပ်ကြပါဘူး။ သူတို့ဟာ ဝင်ငွေ/ထွက်ငွေစီးကြောင်းကို နားလည်အောင် လေ့လာပြီး လစဉ် အသုံးစရိတ်ကို ချိန်ဆပြီး စီမံခန့်ခွဲပါတယ်။ ငွေကြေးကိုလည်း စုရုံသက်သက်ထက် တိုးပွားမယ့် နေရာတွေမှာ ရင်းနှီးမြှပ်နှံမှု လုပ်ပါတယ်။ ဒီအတွက်လည်း လုပ်ငန်းလည်ပတ်တဲ့ ငွေကြေးပုံစံကို သိအောင်လုပ်ပြီး ငွေကုန်ကြေးကျ သက်သာမယ့်နည်းလမ်းကို ရှာပါတယ်။
(၄) အကြွေးကင်းအောင် နေတယ်
Photo: Pixabay
မီလျံနာတွေရဲ့ ဒီအကျင့်ဟာ သင့်ရဲ့ နေ့စဉ်ဘဝမှာပါ အသုံးဝင်ပါလိမ့်မယ်။ သူတို့ဟာ တကယ်လိုအပ်တာပဲ ဝယ်ပါတယ်။ ဟိုတယ်တွေ ၊ လေယာဉ်လက်မှတ်ခတွေကို Credit Card သုံးပြီး ငွေမချေပါဘူး။ အကြွေးဝယ်ကဒ်သုံးရင် တက်မယ့် အတိုးနှုန်းကို သူတို့ သတိထားပါတယ်။ ချမ်းသာတယ်ဆိုပြီး ဗုံးပေါလအောင် မသုံးပါဘူး။ တန်ဖိုးကြီးကားဝွေ ၊ luxury brand တွေကို ဝယ်ဖို့ထက် လုပ်ငန်းတိုးချဲ့ဖို့ဘက် ပိုစိတ်အားထက်သန်ကြပါတယ်။ ဒါဟာ ငွေကြေးစီမံမှု အတတ်ပညာတစ်ခုပါပဲ။
(၅) နေ့တိုင်း ပန်းတိုင်ထားတယ်
Photo: Pixabay
သင့်အနေနဲ့ ဘာလုပ်ငန်းပဲ လုပ်လုပ် အောင်မြင်ဖို့အတွက် ရေတိုရည်မှန်းချက်လေးတွေလည်း ထားတတ်ဖို့ လိုပါတယ်။ နေ့တိုင်းဟာ အသစ်ဖြစ်နေတာပါ။ ဒါ့ကြောင့် ချမ်းသာရေးအတွက် သွားတဲ့ သင့်လမ်းကြောင်းမှာလည်း သတင်းအချက်အလက်သစ်တွေ ၊ လုပ်ဆောင်ချက်သစ်တွေ ပြင်သွားရမှာ ဖြစ်ပါတယ်။ တစ်နေ့တာအလိုက် နေ့စဉ် ဦးစားပေးလုပ်စရာလေးတွေ ပုံမှန်အာရုံစိုက်သွားရင် ဒီအလေ့အကျင့်ကြောင့် တစ်နေ့မှာ ချမ်းသာကြွယ်ဝပြီး ငွေကြေးမပူပန်ရသူ ဖြစ်လာမှာပါ။