ကျွန်တော်တို့ရဲ့နေ့စဥ်ဘဝမှာ ကြုံတွေ့နေရတဲ့ အရာအတော်များများဟာ မသိစိတ်မှာသက်ရောက်မှုတွေ ရှိနေတတ်ပါတယ်။ ဥပမာ- မနက်အိပ်ယာနိုးခိုက် သတင်းဆိုးကြားလိုက်ရလျှင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေမှာ စိတ်မကြည်သာတော့တာမျိုးပေါ့။

ဒါ့အပြင် လက်ရှိအခြေနေတွေရဲ့ ရိုက်ခတ်မှုအရ အနာဂတ်ကိုတွေးပူနေတာ၊ အတိတ်ကိုပြန်လည်တမ်းတနေတာ စတဲ့ အတွေးလွန်ခြင်း၊ စိတ်ကျခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း ကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ခံစားနေရတဲ့ ကွီးတို့ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးက အသုံးတည့်မယ်ဆိုတာ သေချာပါတယ်။

ဘာလို့ဆို ကျွန်တော်တို့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့စိတ်တွေကို လောကကြီးရဲ့ အပြင်ဘက်ကို ခဏတာ ခေါ်ဆောင်သွားနိုင်စေမယ့် စိတ်ဝင်စားဖွယ် Mind Game လေးတွေကို ဖော်ပြပေးမှာမို့ပါပဲ။

(၁) ပြီးပြည့်စုံတဲ့တစ်နေ့တာကို စိတ်ထဲပုံဖော်ကြည့်ပါ

Visualize your perfect day

Photo : The Health Sessions

မျက်လုံးလေးခဏမှိတ်ပြီး ကိုယ့်မှာလိုချင်တာမှန်သမျှ လက်ဝယ်ပိုင်ဆိုင်ထားရပြီ၊ အဲ့အရာတွေနဲ့အတူ တစ်နေ့တာဖြတ်သန်းရမယ်လို့စိတ်ကူးကြည့်ပါ။ ဘာတွေလုပ်မယ်၊ဘယ်တွေသွားမယ်၊ ဘယ်သူတွေနဲ့အတူရှိမယ်စသဖြင့် ဖြစ်ချင်တာမှန်သမျှကို ကိုယ့်ရဲ့စိတ်တစ်ခုလုံးရဲ့ စေရာနောက်ကိုလိုက်ပြီး လွှတ်ချကြည့်ပါ။ ဥပမာ- လှိုင်းခတ်သံလေးတွေနားဆင်ရင်း မနက်ခင်းနေရောင်ခပ်နွေးနွေးအောက်မှာ Yogaကျင့်စဥ်ကျင့်ပြီး စိတ်ခန္ဓာအပန်းဖြေနေတာမျိုးပေါ့။ ဘယ်လောက်အေးဆေးသာယာပြီး Positive vibesတွေရလိုက်မလဲဗျာ။

(၂) ABC အက္ခရာလေးတွေနဲ့ စာလုံးလေးတွေဖန်တီးပါ

Know your ABC’s

Photo : The Health Sessions

သင်ဟာအိပ်မရတဲ့ညတွေ ဖြတ်သန်းနေရလား၊ English languageကို စိတ်ဝင်စားတဲ့သူလား။ ဒါဆိုရင်သင့်အတွက် ဒီဂိမ်းကလုံးဝကို ပြီးပြည့်စုံစေမယ့် အရာဖြစ်မှာပါ။ ဘယ်လိုဆော့ရမလဲဆိုရင် သင်နှစ်သက်ရာအကြောင်းအရာတစ်ခုကိုရွေးပါ။ ဥပမာ-အစားသောက်၊ အသီးအနှံ၊ တိရစ္ဆာန်၊ နိုင်ငံနာမည်စတာတွေပေါ့။ အသီးနာမည်ရွေးလိုက်ပြီဆိုရင် A- apple, B- banana, C- cherryစသဖြင့် Z ထိရအောင်စဥ်းစားကြည့်ရမယ့်ဂိမ်းပါ။ အက္ခရာ၃ခုထပ်ပိုအောင် စဥ်းစားမရတော့ရင် နောက်ခေါင်းစဥ်တစ်ခုပြောင်းဆော့ပါနော်။

(၃) စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေထုတ်ကြည့်ပါ

 Come up with interesting questions

Photo : The Health Sessions

ဒီနည်းလမ်းကတော့ ကမ္ဘာကျော် အနုပညာရှင် Leonardo Da Vinci ရဲ့ လက်စွဲနည်းတစ်ခု ဖြစ်ပါတယ်။ ဘာလဲဆိုရင် သင့်ရဲ့စူးစမ်းချင်စိတ်တံခါးကို အဆုံးထိဖွင့်ပေးလိုက်ဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ သဘာဝကျတာ၊မကျတာကို ပဓာနမထားပဲ သိချင်သမျှ စိတ်ဝင်စားဖွယ် မေးခွန်းတွေထုတ်ကြည့်ပါ။ အဖြေရှိနေစရာလဲမလိုသလို၊ သိပ္ပံနည်းကျဖြစ်စရာလဲမလိုပါဘူး။ အဓိကက ကိုယ့်ရဲ့သိချင်စိတ်နောက်ကိုလိုက်ရင်း ညစ်ညူးဖွယ်လက်တွေ့လောကကြီးကနေ ခဏတာ လွတ်မြောက်ခွင့်ရယူစေချင်ရုံပါ။ Leonardo Da Vinciကိုယ်တိုင်လဲ ဒီနည်းလမ်းနဲ့ပဲ သူ့ရဲ့ဂန္တဝင်ပန်းချီကားမျိုးစုံ ဖန်တီးရေးဆွဲခဲ့တာဖြစ်လို့ သင့်ရဲ့စူးစမ်းချင်စိတ်တံခါးရဲ့ အလွန်မှာလဲ ဘယ်လိုအရောင်သွေးစုံတဲ့ ကမ္ဘာငယ်တစ်ခုရှိနေမယ်ဆိုတာ သိရဖို့ ခုပဲစမ်းကြည့်ရအောင်ခင်ဗျာ။

(၄) Haiku ကဗျာရေးစပ်ကြည့်ပါ

 Write a haiku
Photo : The Health Sessions

သင်ဟာ ကဗျာ၊ စာပေကို ချစ်မြတ်နိုးသူတစ်ယောက်ဆိုရင် ဒီနည်းလေးကလုံးဝအံကိုက်ဖြစ်စေမှာပါ။ Haikuဆိုတာကတော့ ဂျပန်ကဗျာအမျိုးစားတစ်ခုဖြစ်ပြီး 5-7-5 structureနဲ့ ဖွဲ့စည်းထားတာပါ။ ပထမဆုံးစာကြောင်းကို စာလုံးငါးလုံး၊ ဒုတိယအကြောင်းကို ၇ လုံးနဲ့ နောက်ဆုံးစာကြောင်းကို စာလုံး၅လုံးနဲ့အဆုံးသတ်ရမှာဖြစ်ပါတယ်။ စကားလုံးလှလှလေးတွေ စဥ်းစားရင်း ခံစားချက်တွေကိုဖော်ကြူးရတာ အချိန်ကုန်လို့ကုန်မှန်းတောင်မသိရပဲ စိတ်ရောလူပါပေါ့ပါးလန်းဆန်းသွားစေမှာပါ။

Featured Photo : Unsplash