ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ Minimalist ဆန်ဆန် နာရီတွေဆိုတာ ဖက်ရှင်ရေစီးကြောင်းပေါ်မှာ ဘယ်တော့မှ ခေတ်နောက်ကျ ကျန်ခဲ့တယ်ဆိုတာ မရှိပါဘူး။ ရိုးရှင်းမှုဟာ တစ်ရံတစ်ရံမှာ ဆန်းသစ်မှု တစ်ခုပဲလို့ ပြောကြသလိုပါပဲ။ ဖက်ရှင် Trend တွေ ဘယ်လောက်ပဲပြောင်းပြောင်း ၊ ရွေးချယ်စရာ ခေတ်ပေါ် နာရီဒီဇိုင်းတွေ ဘယ်လောက်ပဲ ပေါ်လာပေါ်လာ Minimalist ဆန်တဲ့ နာရီတွေဟာ နာရီချစ်မြတ်နိုးသူတွေကြားမှာတော့ အမြဲတမ်း နေရာတစ်ခု ယူထားပြီး ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီဇိုင်းပိုင်း ရိုးရှင်းသေသပ် လှပသလို ဈေးနှုန်းအသင့်တင့်နဲ့ ဝတ်ပျော်တဲ့ နာရီ ကောင်း အချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။

(၁) RADO True Round Thinline

RADO True Round Thinline

Photo : Man Of Many

Swiss ဇိမ်ခံနာရီ Brand တစ်ခုဖြစ်တဲ့ RADO ထဲက ရိုးရိုးလေးနဲ့ Minimalist ဆန်ဆန်လှတဲ့ အမိုက်စား နာရီ တစ်လုံးပါ။ အထူ ၅ မီလီမီတာသာရှိတဲ့ RADO True Round Thinline နာရီရဲ့ ပါးလွှာပြီး ပေါ့ပါးကျစ်တဲ့ ဒီဇိုင်းက ရိုးရိုးရှင်းရှင်းနဲ့ အတော်လေး ဆွဲဆောင်မှု ရှိနေပါတယ်။ နာရီဒိုင်ခွက်မှာဆိုရင် ကိန်းဂဏန်းတွေ ဘာတစ်ခုမှ ထည့်မထားတာကိုက ရိုးသလိုနဲ့ဆန်းစေတာပါ။ ကွီးတို့ရဲ့ လက်ကောက်ဝတ်ပေါ်မှာ ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၆၀၀ ဝန်းကျင် ရှိပါတယ်။

(၂) A. Lange & Söhne Saxonia Thin

A. Lange & Söhne Saxonia Thin

Photo : Man Of Many

၁၈ ကာရက် White Gold Case အတွင်းမှာ Silver ဒိုင်ခွက်ဒီဇိုင်းကို အသုံးပြုထားတဲ့ A. Lange & Söhne Saxonia Thin နာရီ ကတော့ လုံးဝ Masterpiece ဖြစ်တဲ့ ဖန်တီးမှုလက်ရာတစ်ခုလို့ ပြောရမှာပါပဲ။ ငွေဖြူရောင် ဒိုင်ခွက်ပေါ်မှာ သေးသွယ်တဲ့ နာရီလက်တံတွေ ၊ ငွေရောင်ကိန်းဂဏန်းတွေနဲ့ပေါင်းစပ်ထားတဲ့ ဒိုင်ခွက်ဒီဇိုင်းက တော်တော်လေး ရိုးရှင်းပြီး ဆွဲဆောင်မှု ရှိသလို စတိုင်ကျတဲ့ အနက်ရောင် မိကျောင်းသားရေ လည်သာကြိုးသားနဲ့ တွဲဖက်လိုက်ချိန်မှာတော့ လုံးဝပြီးပြည့်စုံတဲ့ နာရီတစ်လုံးအသွင်ကို ပေါ်ထွက်လာစေတာပဲ ဖြစ်ပါတယ်။ ဒိုင်ခွက်အချင်း ၃၇ မီလီမီတာနဲ့ အထူ ၅.၈၉ မီလီမီတာ ရှိတဲ့ ဒီနာရီဟာ ပေါ့ပါးမှုနဲ့ စတိုင်ကျကျ သေသပ်လှပမှုတို့ ပေါင်းစပ်ထားတဲ့ နာရီတစ်လုံးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀၀ ဝန်းကျင် ရှိပါတယ်။

(၃) JUNGHANS Max Bill Automatic

JUNGHANS Max Bill Automatic

Photo : Man Of Many

JUNGHANS Max Bill Automatic နာရီ ကတော့ ၁၉၅၀ ခုနှစ် ကာလတွေမှာ ရေပန်းစားခဲ့တဲ့ ခေတ်ဟောင်းဒီဇိုင်းကို ပြန်လည်ဆန်းသစ်ပြီး အနုစိတ်တဲ့လက်ရာတွေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ခပ်မိုက်မိုက် နာရီတစ်လုံး ဖြစ်ပါတယ်။ အဖြူရောင် ဒိုင်ခွက်ပေါ်မှာ ငွေရောင်နာရီလက်တံတွေနဲ့ ပိုက်ကွက်ပုံ ငွေရောင်ကြိုးတပ်ဆင်ထားတဲ့ ဒီနာရီဟာ ရိုးရှင်သလောက် လှလွန်းသလို Retro Vibe ကိုလည်း အပြည့်အဝ ခံစားရစေပါတယ်။ နာရီရဲ့ အထူက ၆.၇၉ မီလီမီတာရှိပြီး လက်ကောက်ဝတ်ပေါ်မှာ ဝတ်ထားရတာ လေးပင်မနေပဲ သက်တောင့်သက်သာ ရှိနေစေမှာ ဖြစ်ပါတယ်။ လည်သာကြိုးနဲ့မှ ကြိုက်တဲ့ နာရီချစ်သူတွေအတွက် Leather Strap Models တွေလည်း ရရှိနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀၀ ဝန်းကျင် ရှိပါတယ်။

(၄) Longines La Grande Classique De Longines

La Grande Classique De Longines
Photo : Man Of Many

ပါးလွှာပြီး ရိုးရိုးရှင်းရှင်းနဲ့ သေသပ်လှပတဲ့ ဒီဇိုင်းကို ပုံဖော်ထားတဲ့ La Grande Classique De Longines နာရီ ကတော့ Minimalist ဆန်ဆန် နာရီတွေ ကြိုက်သူတွေ သေချာပေါက် သဘောကျမိမှာပါ။ ဝန်းဝိုင်းကျယ်ပြန့်တဲ့ အဖြူရောင် နာရီဒိုင်ခွက်နဲ့အတူ ဝင်းဝင်းထနေတဲ့ ဒိုင်ခွက်ဘောင် အနားသပ်ဒီဇိုင်းက လုံးဝဆွဲဆောင်မှုရှိရှိ လှပနေပြီး ကျစ်လျစ်သွယ်လျတဲ့ အနက်ရောင် လက်တံတွေ ၊ ကြော့ရှင်းတဲ့ ရောမအက္ခရာ ကိန်းဂဏန်းတွေကို ထည့်သွင်းပေးထားပါတယ်။ နာရီကြိုးကိုလည်း ချောမွေ့တဲ့ လည်သာကြိုးနဲ့ တွဲဖက်တပ်ဆင် ပေးထားတာ ဖြစ်ပါတယ်။ ဒီနာရီဟာ Minimalist ဆန်ပြီး Unique ဖြစ်တဲ့ ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ နာရီတစ်လုံးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၄၅၀ ဝန်းကျင်ခန့် ရှိပါတယ်။

Source : Man Of Many

Featured Photo : Nordgreen