ဝက်ခြံကြောင့် စိတ်ညစ်နေတဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ဝက်ခြံကို ပင်စိမ်းရွက်နဲ့ ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။

ပင်စိမ်းရွက်ထဲမှာပါဝင်တဲ့ Salicyclic အက်စစ်သည် ချွေးပေါက်ပိတ်ခြင်းမှ ကာကွယ်ပေးပြီး ချွေးပေါက်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ဝက်ခြံကို အမြန်ခြောက်သွားစေပြီး အနာကျက်မြန်စေပါတယ်။ အသားအရည်ကို ဖြူဖွေးစေပြီး ချောမွတ်ညီညာလာအောင် ကူညီပေးပါလိမ့်မယ်။

ဘယ်လိုနည်းလမ်းမျိုးနဲ့ ဝက်ခြံပျောက်ကင်းအောင် ပြုလုပ်နိုင်မလဲဆိုတော့ …

နည်းလမ်း (၁)

Mint leaves for men with Acne Scars

ပင်စိမ်းရွက် ၁၀ ရွက်မှ ၁၅ ရွက်ခန့်နှင့် ရေ အနည်းငယ် လိုအပ်ပါမယ်။ ပင်စိမ်းရွက်များကို ကြိတ်ချေလိုက်ပါ (သို့) ထောင်းလိုက်ပါ။ ပိုညှက်သွားအောင်လို့ ရေအနည်းငယ်ထည့်ပြီး ထောင်းပေးရပါမယ်။ ထို့နောက် ဝက်ခြံပေါက်သောနေရာ (သို့) ဝက်ခြံကြောင့် အမာရွတ်ဖြစ်ကျန်ခဲ့သော နေရာများတွင် သုတ်လိမ်းပေးကာ အခြောက်ခံထားလိုက်ပါ။ နာရီအနည်းငယ် ကြာတဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးလေးဖြင့် ဆေးကြောလိုက်ရုံပါပဲ။

ဒီနည်းလမ်းကို တစ်ရက်လျှင် တစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံကင်းစင် ပြုံးပျော်ရွှင်ရပါလိမ့်မယ်။

နည်းလမ်း (၂)

Mint leaves for men with Acne Scars

ဒီနည်းလမ်းအသုံးပြုတဲ့အခါမှာတော့ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း လိုအပ်ပါမယ်။ ပင်စိမ်းရွက်ကတော့ ၁၀ ရွက်မှ ၁၅ ရွက်ခန့် လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး ပင်စိမ်းရွက်များကို ထောင်းလိုက်ပါ။ ရရှိလာတဲ့ ပင်စိမ်းနှစ်များကို ပန်းကန်လုံးထဲထည့်လိုက်ပါ။ ထို့နောက် ပျားရည်ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဝက်ခြံပေါက်တဲ့နေရာပေါ် သုတ်လိမ်းပေးလိုက်ပါ။

မိနစ် ၃၀ ခန့်ကြာမှ ရေဖြင့်ဆေးကြောလိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ရက်လျှင် တစ်ကြိမ်ခန့် မှန်မှန်ပြုလုပ်ပေးပါက ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ ထူးခြားတဲ့ရလာဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

နည်းလမ်း (၃)

Mint leaves for men with Acne Scars

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ပင်စိမ်းရွက် ၁၅ ရွက်မှ ၂၀ ရွက်ခန့်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပင်စိမ်းရွက်ကို ကြိတ်ချေလိုက်ပါ။ ထို့နောက် သံလွင်ဆီ၊ သံပုယိုရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

ထို့နောက်မျက်နှာကို သန့်စင်အောင် ဆေးကြောလိုက်ပါ။ ရရှိလာတဲ့အရောအနှောကို မျက်နှာတစ်ပြင်လုံး (သို့) ဝက်ခြံပေါက်သောနေရာတွင် သုတ်လိမ်းပေးလိုက်ပါ။ မျက်နှာကို မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးလိုက်ပါ။

မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်လိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ်လျှင် သုံးကြိမ်ခန့် အသုံးပြုပေးရပါမယ်။

နည်းလမ်း (၄)

Mint leaves for men with Acne Scars

ဒီနည်းလမ်းအတွက်တော့ ပင်စိမ်းရွက် ၁၀ ရွက်၊ ၁၅ ရွက်ခန့်၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သခွားသီးအနှစ် (သို့) သခွားသီးဖျော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့လိုအပ်ပါလိမယ်။ အရင်ဦးဆုံး ပင်စိမ်းရွက်များကို ညှက်အောင် ထောင်းလိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေလိုက်ပါ။

ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းကာ မိနစ် အနည်းငယ်ခန့် ပေါင်းတင်ပေးလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်လျှင် သုံးကြိမ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Source: Stylecraze.com

Featured Image Source: Desiblitz