အလှအပ ဆိုတာမိန်းကလေးတွေအတွက်သာမကပဲ အမျိုးသားတွေအတွက်လည်း အရေးကြီးပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အသားအရည်တွေဟာ လျော့ရဲတွဲကြလာတတ်ပါတယ်။ မျက်နှာပေါ်မှာ လည်းအရေးအကြောင်းတွေ ထင်လာတတ်ပါတယ်။

ဒါတွေကို တိုက်ထုတ်နိုင်တဲ့ အစားအသောက်တွေကို kwee ကဖော်ပြပေးသွားမှာပါ။

လက်ဖက်စိမ်း

Source: Thailand Medical News

လက်ဖက်စိမ်းမှာပါတဲ့ ဓာတ်ပေါင်းတစ်မျိုးဟာ အသားအရေကိုနုပျိုစေပြီး နေရောင်အောက်မှာ သွားလာတဲ့အခါမှာလည်း ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။ ပြီးတော့ လက်ဖက်စိမ်းဟာ မျက်နှာပေါ်က အရေးအကြောင်းတွေကို တိုက်ထုတ်ရမှာလည်း ကူညီပေးပါသေးတယ်။

အရမ်းကြီးနုပျိုချင်တယ်ဆိုပြီး လက်ဖက်စိမ်းကို အများကြီးမသောက်ဖို့တော့ လိုအပ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း လက်ဖက်ရည်ကို တော်ရုံလောက်ပဲနှပ်ပြီး သောက်သုံးဖို့ သတိပေးပါရစေ။

ထောပတ်သီး

Source: Learn English Teens

ထောပတ်သီးဟာ အသုံးပြုတတ်ရင်ကျန်းမာရေးအတွက် အလွန်အသုံးဝင်တဲ့ အသီးပါ။ ဒါ့အပြင် အသားအရည်လှပဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ဗီတာမင်အီးနဲ့ဘီကွန်ပလက် တို့က အသားအရည်ကိုအားဖြည့်ရာမှာ အကူအညီပေးပါတယ်။

ထောပတ်သီးကို နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးနိူင်ပါတယ်။ ကျန်းမာရေးအတွက်သာမက အသားအရည်အတွက်ပါ ကောင်းတာကြောင့် ထောပတ်သီးကို စားသုံးပေးသင့်ပါတယ်။

ဆော်လမွန်ငါး

Source: Fine Art America

ဆောလ်မွန်ငါးမှာ omega-3 fatty acids ပါဝင်တာကြောင့် အသားအရည်ကို အစိုဓာတ်ထိန်းပေးနိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဆော်လမွန်ငါးဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။

ဆော်လမွန်ငါးမှာပါဝင်တဲ့ omega-3 ဟာ အက်စ်ရက်ဇန်သင်းလို့ခေါ်တဲ့ အရေးအကြောင်းကိုဆန့်ကျင်ပေးတဲ့ အားဖြည့်ဓာတ်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဓာတ်ဟာ ငါးကိုပန်းနုရောင်သန်းနေစေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။

ဘလူးဘယ်ရီသီး

Source: SlashGear

ဘလူးဘယ်ရီသီး ကျန်းမာရေးအတွက် စားသုံးပေးဖို့ အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။ ဘလူးဘယ်ရီသီး မှာပါဝင်တဲ့ anthocyanin ဓာတ်ဟာ အသားအရည်ကို ကြည်လင်ဝင်းပစေပါတယ်။ ဒါ့အပြင် ဗီတာမင်စီနှင့်အီးလည်း ပါဝင်တာကြောင့် ဆော်လမွန်ငါးလိုပဲ ဘလူးဘယ်ရီသီးဟာ သင့်တော်တဲ့ သဘာဝဓာတ်စာဖြစ်ပါတယ်။