လိင်မှုရေးရာ Sex Positions တွေ များစွာရှိတဲ့အထဲမှာ အရိုးရှင်းဆုံးနဲ့ Classic အဆန်ဆုံး သိုင်းကွက်ကို ပြောပါဆိုရင် Missionary Position ကတော့ ထိပ်ဆုံးကနေ ပြောရပါမယ်။ Missionary သိုင်းကွက်ဆိုတာ အမျိုးသမီးပါတနာက အောက်ကနေပြီး အမျိုးသားက အပေါ်ကနေ ဦးဆောင်ကာ မျက်နှာချင်းဆိုင် ရင်ဘတ်ချင်း နီးနီးကပ်ကပ် နှစ်ပါးသွားရတဲ့ သိုင်းကွက်ကို ခေါ်ပါတယ်။ ဒီသိုင်းကွက်ဟာ သင်နဲ့ သင့်ပါတနာကြားမှာ မျက်လုံးချင်းသာကမ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် ရှိစေတဲ့အတွက် နှလုံးသားချင်း ပိုမိုနွေးထွေးတဲ့ ခံစားချက်ကို ရစေမှာဖြစ်သလို သက်တောင့်သက်သာနဲ့ အထွတ်အထိပ် ခံစားမှုတွေကို ပြည့်ပြည့်ဝဝ ခံစားရရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Missionary သိုင်းကွက် လုပ်ဆောင်တဲ့အခါ ခံစားမှုတွေ ပိုပြီး ကောင်းမွန်နေစေဖို့ ၊ အထွတ်အထိပ် ခံစားမှုကို အပြည့်အဝရစေဖို့အတွက် အကြံပြုချက် အချို့ကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) အရေပြားချင်း ထိတွေ့မှုဟာ ဖီးလ်တစ်ခုပါ

Missionary Position

Photo : GiveLegacy

Missionary သိုင်းကွက်မှာ အရေးပါဆုံး လျို့ဝှက်ချက်တစ်ခုကို ပြောပြပါမယ်။ ဒါကတော့ လိင်အင်္ဂါချင်း ထိုးသွင်းဆက်ဆံမှုအပြင် ခန္ဓာကိုယ် အရေပြားချင်း ထိတွေ့ပွတ်သပ်မှုဟာ ခံစားမှုတွေကို အမြင့်ဆုံးအထိ အရှိန်တင်ပေးနိုင်မယ့် အချက်တစ်ခု ဖြစ်ပါတယ်။ သိုင်းကစားနေစဉ်အတွင်းမှာ တစ်ပြိုင်နက်တည်း ကွီးတို့ ပါတနာရဲ့ ကျောပြင်လေး သို့မဟုတ် ရင်သားနဲ့ ပေါင်တံလေးတွေကို ညင်သာနူးညံ့တဲ့ အထိအတွေ့တွေနဲ့ ပွတ်သပ်နှိုးဆွ ပေးလို့ရပါတယ်။

(၂) တင်ပါးတွေကို မြှင့်ထားပါ

Missionary Position

Photo : Romper

အောက်ကနေမယ့် ပါတနာရဲ့ တင်ပါးတွေဟာ ခပ်မြင့်မြင့်အနေအထားမှာ ရှိနေတယ်ဆိုရင် ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်မှု လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ခံစားမှု အထွတ်အထိပ်ကို အပြည့်အဝကို ရောက်ရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Missionary သိုင်းကွက် ကစားတဲ့အခါမှာ အောက်ကနေမယ့် ပါတနာရဲ့ တင်ပါးအောက်ကို ခေါင်းအုံးခုထားပေးဖို့ အကြံပေးချင်ပါတယ်။

(၃) အသက်ရှုသံတွေကို ခံစားခိုင်းပါ

Missionary Position
Photo : The Gaze

နှစ်ဦးသားရဲ့ ရင်ခုန်သံ စည်းချက်တွေ ပိုပြီး မြန်ဆန်လာစေဖို့အတွက် Missionary သိုင်းကွက် ကစားချိန်မှာ လုပ်လို့ရတဲ့ အကောင်းဆုံး လုပ်ဆောင်မှု တစ်ခုကတော့ ကွီးတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့အသက်ရှုသံတွေကို ချစ်သူလေးရဲ့နားအနားကပ်ပြီး နားထောင်ခိုင်းစေတာပါ။ ချစ်တင်းနှောနေစဉ်အတွင်းမှာ ထွက်ပေါ်လာတဲ့ ပုံမှန်ထက်ပိုပြီး ပြင်းရှတဲ့ အသက်ရှုသံ ခပ်တိုးတိုးဟာ နှစ်ဦးသားရဲ့ စိတ်ခံစားမှုတွေကို ပိုမိုပြင်းထန်နိုးကြားလာစေဖို့ ကူညီပံ့ပိုးပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ ပါတနာရဲ့ လည်ပင်းနားကို ကပ်ပြီး ကွီးတို့ရဲ့ အသက်ရှုသံလေးတွေကို ခံစားခိုင်းပါ။ သူမရဲ့ ခံစားချက်တွေကို ထိန်းမနိုင်သိမ်းမရ ပွင့်ထွက်သွားစေချင်တယ်ဆိုရင်တော့ လည်တိုင်လေးကို ခပ်ဖွဖွအနမ်းလေးတွေ ပေးနိုင်ပါတယ်။

Source : Red Pepper Magazine

Featured Photo : VICE