ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ မွေးရာပါအရည်အချင်းတစ်ခုမဟုတ်ပါဘူး။ သေချာအချိန်ယူတည်ဆောက်ဖို့လိုပါတယ်။ သို့သော်အခုပြောတဲ့အရာတွေလုပ်မိနေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နေအုန်းမှာပါ။
(၁) မိမိကိုယ်ကို ခွင့်မလွှတ်တာ

Source: Psychology Today
လူတွေက မိမိကိုယ်ကိုခွင့်လွှတ်ဖို့ထက် အခြားသူတွေကို ခွင့်လွှတ်ဖို့ ပိုပြီးလွယ်ကူကြပါတယ်။ ကိုယ်တိုင်လုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်တာဟာ လည်ပင်းမှာ အမြောက်ကျည်ဆန်ကြီး ချိတ်ဆွဲထားသလိုပါပဲ။ ဒါက ကင်ဆာ ရောဂါနဲ့တူပါ။ သင့်ရဲ့ အနာဂတ် အလားအလာတွေအကုန်လုံးကို ဝါးမြိုသွားနိုင်ပါတယ်။ မိမိကိုယ်ကို ခွင့်မလွှတ်တာ သင့်ရဲ့ အတိတ်က သင့်ရဲ့ ပစ္စုပ္ပန်နဲ့အနာဂတ်ကို ထိန်းချုပ်နေတာနဲ့တူပါတယ်။ အခုအတွက်လည်း မကောင်းသလို နောင်အတွက်လည်း ကောင်းဖို့ လမ်းမမြင်ပါဘူး။ လူတွေအကုန်လုံးက အမှားလုပ်ကြပါတယ်။ အရေးကြီးတာက အတိတ်က အမှားတွေဆီကနေ သင်ခန်းစာယူပြီး ရှေးဆက်နိုင်ဖို့ပါပဲ။
(၂) ကျန်းမာရေးကို ဂရုမစိုက်ခြင်း

Source: The Telegraph
ဘဝမှာ ထိန်းချုပ်လို့ မရတဲ့အရာတွေ အများကြီးပါ။ ဒါပေမယ့် သင့်ရဲ့ကျန်းမာရေးတော့ မပါပါဘူး။ ကျန်းမာရေးကောင်းခြင်းမကောင်းခြင်းက သင့်အပေါ်မှာ အများကြီးမူတည်ပါတယ်။ အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက်အလွန်အကျွန် သောက်ခြင်းတွေက ယုံကြည်မှုပျက်ပြားစေတဲ့ ထိပ်ဆုံးသုံးချက်မှာ ပါဝင်ပါတယ်။
(၃) အမြဲတမ်း အခြားသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်နေခြင်း

Source: Local-Oxygen
တစ်ခုခုလုပ်တော့မယ်ဆိုရင် အမြဲတမ်း အခြားသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်နေတာက သင့်ကိုဘယ်တော့မှပျော်ရွှင်မှု ပေးနိုင်မှာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်နေတဲ့သူတွေတောင် တချို့အရာတွေအတွက် ခွင့်ပြုချက်လိုတာမှန်ပါတယ်။ အခြားသူတွေရဲ့ ဝေဖန်မှု၊ အားပေးမှု တွေက လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ခုခု လုပ်ဖို့ အမြဲတမ်း သူတို့ရဲ့ ခွင့်ပြုချက်ကို စောင့်နေဖို့တော့ မလိုအပ်ပါဘူး။
(၄) အဆင်မပြေတဲ့ relationship ရှိနေခြင်း

Source: Freepik
လမ်းခွဲဖို့က ခက်ခဲပါတယ်။ တစ်ယောက်တည်း နေဖို့ကလည်း မိန်းကလေးတွေနဲ့တွဲဖူးတဲ့ ယောက်ျားလေးတွေအတွက် ပိုပြီးခက်ခဲပါတယ်။ ဒါပေမယ့် အဆိပ်ပင်ကို ရေလောင်းနေမယ့်အစား နှုတ်ပစ်လိုက်တာက ပိုပြီးကောင်းပါတယ်။
အဆိပ်လိုမျိုးဖြစ်နေတဲ့ relationship တစ်ခုဟာ သင့်ကို သိမ်ငယ်သွားအောင်၊ ဘဝတိုးတတ်မှုမရှိအောင်၊ အပေါင်းအသင်းဝင်ဆန့်မှု မရှိအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ပြီးတော့ သင့်ကို အားနည်းသွားအောင် ပြုလုပ်နိုင်ပါတယ်။
သူမက သင့်အပေါ်မတူသလိုမတန်သလို ဆက်ဆံနေပြီဆိုရင် ကျောခိုင်းလိုက်ပါ။ ကမ္ဘာပေါ်မှာ သူ့ထက်ကောင်းတဲ့သူတွေ အများကြီးကို သင်တွေ့ရအုန်းမှာပါ။ မထိုက်တန်တဲ့သူတွေအတွက် အချိန်မဖြုန်းပါနဲ့။
