လူတိုင်းလူတိုင်း ဘဝမှာအောင်မြင်ချင်ကြသူတွေချည်းပါပဲ။ ဒါပေမယ့် တစ်ချို့ကတော့ အောင်မြင်ချင်တယ်ဆိုပေမယ့် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာတော့ အောင်မြင်မှုနဲ့ ဝေးကွာစေတဲ့ လုပ်ရပ်အမှားတွေကိုပြုလုပ်မိတက်ကြပါတယ်။ ဘယ်လိုအမှားတွေက အောင်မြင်မှုနဲ့ ဝေးကွားစေလဲဆိုတာ လေ့လာကြည့်ရအောင်။
(၁) အချိန်ဆွဲခြင်း
Source : Freepik
မအောင်မြင်သေးတဲ့ လူတော်တော်များများက အလုပ်တစ်ခုလုပ်မယ်ဆိုရင် အချိန်ဆွဲတဲ့အလေ့အထမျိုးပြုလုပ်တက်ကြပါတယ်။ အချိန်စောသေးတယ် ခဏလောက်နားလိုက်အုန်းမယ် မနက်ဖြန်မှလုပ်လည်းမှီပါတယ် စသည်ဖြင့် ကိုယ့်ရဲ့အလုပ်တာဝန်ကို ရွေ့ဆိုင်းတာ အချိန်ဆွဲတာမျိုးတွေလုပ်တက်ကြပါတယ်။ ဒီလိုအချိန်ဆွဲတဲ့အလေ့အထဟာ အလုပ်ပြီးမြောက်ဖို့ ကြန့်ကြာစေသလို ကောင်းမွန်တဲ့အခွင့်အရေးတွေကိုဆုံးရှုံးရတက်ပါတယ်။
(၂) ဆုံးဖြတ်ချက်မခိုင်မာခြင်း
Source : Focused Collection
ဘဝခရီးတစ်လျောက်မှာ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေအများကြီးကြုံတွေ့ရမှာအသေအချာပါပဲ။ ဘယ်ကိစ္စမဆို ဆုံးဖြတ်ချက်တစ်ခုချတိုင်းမှာ အရင်ဆုံးသေချာလေ့လာပြီး အကောင်းဆုံးဖြစ်မယ်ထင်တာကို ခိုင်ခိုင်မာမာနဲ့ ပြတ်သားစွာဆုံးဖြတ်တက်ဖို့လည်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်းကဝေးဝါးပြီး အမြဲတမ်းတွေဝေနေမယ်ဆိုရင် အမှားတွေပိုဖြစ်လာနိုင်သလို မထင်ထားတဲ့ဆုံးရှုံးမှုတွေလည်း ရလာနိုင်ပါတယ်။
(၃) ထပ်ခါထပ်ခါကြိုးစားမှုမရှိခြင်း
Source : andprofessionalsltd
ကိုယ်လိုချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို တစ်ကြိမ်တစ်ခါတည်းရသွားတယ်ဆိုတာ အင်မတန်ကံကောင်းသလို ရှားလည်းရှားပါတယ်။ ဘဝမှာအောင်မြင်မှုကြီးကြီးမားမားရထားသူတွေဟာ သူတို့ဒီလိုအခြေအနေထိရောက်လာအောင်ကိုယ်တိုင်ထပ်ခါထပ်ခါ ကြိုးစားလာခဲ့ကြလို့ပါ။ အောင်မြင်မှုဆိုတာလွယ်လွယ်မရနိုင်သလို ကျရှုံးသွားတိုင်လည်း လက်လျော့ဖို့မလိုပါဘူး။အမြဲထပ်ခါထပ်ခါ ကြိုးစားနေရင် အောင်မြင်မှုနဲ့ နီးကပ်တဲ့အခြေအနေကိုရောက်လာမှာပါ။
(၄) သက်သာမှုကိုစွဲလန်းမိခြင်း
Source : iStock
လူအများစုက ပင်ပန်းမှုတွေထက် သက်သက်သာသာနဲ့ ပေါ့ပါးစွာနေလို့ရတဲ့နေရာမျိုးကို ပိုပြီးသဘောကျတက်ကြပါတယ်။ သို့သော်လည်း အမြဲတမ်းကိုယ့်အတွက် လုပ်ရိုးလုပ်စဉ်အရာတွေနဲ့ စိန်ခေါ်မှုကင်းမဲ့ဇုန်မှာနေခြင်းက သင့်ရဲ့အရည်အချင်းနှင့် လုပ်ဆောင်နိုင်စွမ်းတွေကိုကျဆင်းစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ Comfort Zone လိုနေရာမျိုးကိုရောက်နေရင် အခုပဲထွက်ခဲ့လိုက်ပါ။ ဘဝတိုးတက်အောင်မြင်ဖို့ စိန်ခေါ်မှု ရုန်းကန်မှု ပင်ပန်းမှုတွေကိုမကြောက်ပါနဲ့။