အသည်းကွဲခြင်းဆိုတာ လူတိုင်းကြုံဖူးကြတဲ့အရာတစ်ခုပါ။ အဆင်မပြေလို့လမ်းခွဲကြသည်တိုင်အောင် လမ်းခွဲပြီးနောက်မှာ အသည်းကွဲတဲ့ဝေဒနာခံစားကြ ရပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ကိုယ်ကိုအကောင်းဆုံးပြန်တည်ဆောက်ကြရမှာပါ။ တလွဲတွေထပ်လုပ်မိရင် ကိုယ်ပဲပိုပြီးခံစားနာကျင်ရမှာဖြစ်တာကြောင့် လမ်းခွဲပြီးနောက်အခုပြောပြမယ့်အမှားတွေ မလုပ်မိဖို့ အကြံပြုချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်း

sitting alone with stuck on something.

Photo : iStock

တစ်ခါတစ်လေ လမ်းခွဲပြီးတဲ့နောက်မှာ ငါမှားသွားလား ငါအပြစ်တွေကြောင့်လား စသဖြင့် ကိုယ့်ကိုယ်ကိုအပြစ်တင်တဲ့မေးခွန်းတွေကို ထပ်တလဲလဲ မေးမိတက်ပါတယ်။ ဒါကလက်ရှိအခြေအနေကို ပိုကောင်းစေဖို့မရှိဘဲ ကိုယ့်ကိုယ်ကိုအတွေးတွေနဲ့ ပိတ်လှောင်မွန်းကြပ်လာစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ်လမ်းခွဲပြီးရင် အမှားအမှန်ခွဲခြားနေတာတွေ ကိုယ့်ကိုယ်ကိုအပြစ်တာတွေကိုရှောင်ကျဉ်သင့်ပါတယ်။

(၂) ပြန်ဆက်သွယ်ဖို့ ကြိုးစားခြင်း

Broken Heart man looking at phone

Photo : Business Insider

လက်တလောခံစားချက်တွေနဲ့မွန်းကြပ်နေတဲ့အခါ အမှားအမှန်ဖြစ်သင့်မဖြစ်သင့်ဆိုတာ တွေသိပ်မတွေးပဲ သူမနဲ့အရင်လိုအခြေအနေပြန်ရဖို့ကိုပဲ အတင်းကြိုးစားမိတက်ပါတယ်။ ဒါပေမယ့် ကိုယ်ထင်ထားသလို ဖြစ်မလာတဲ့အခါ သူမဘက်က တုန့်ပြန်မှုတွေက အဆိုးဘက်ကို ဦးတည်နေတဲ့အခါမျိူးမှာ ပိုပြီး ခံစားနာကျင်ရမှာပါ။ ဒါကြောင့် စိတ်အလိုလိုက်ပြီး သူမကို အတင်းပြန်လိုက်ဆက်သွယ်တာမျိုးတွေမလုပ်ပဲ ပြီးဆုံးသွားတဲ့အချစ်ရေးကိုသေချာပြန်သုံးသပ်သင့်ပါတယ်။

(၃) သူမအကြောင်းပဲအမြဲ စုံစမ်းနေခြင်း

 man depressed at home

Photo : The Healthy

သူအဆင်ပြေရဲ့လား ဘာတွေလုပ်နေလဲ ဘယ်တွေသွားနေလဲစသည်ဖြင့် သူ့အကြောင်းတွေကို သူငယ်ချင်းတွေကနေတဆင့်စုံစမ်းတာမျိုး ဖေ့ဘွတ်ခ်အကောင့်တွေလိုက်ကြည့်နေတာမျိုးတွေမလုပ်သင့်ပါဘူး။ လမ်းခွဲလိုက်ပြီးပြီဆိုရင် အားလုံးက ကိုယ့်ဘဝနဲ့ ကိုယ်ဖြစ်သွားပါပြီ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုသာ အဆင်ပြေအောင် ဂရုစိုက်သင့်တာဖြစ်ပါတယ်။

(၄) နောက်ထပ်အချစ်သစ်တစ်ခုချက်ချင်းစတင်ခြင်း

 young woman and man talking together

Photo : Love Connection

အစားထိုးတယ်ဆိုတာ အချစ်ရေးမှာတကယ်တော့ မကောင်းတဲ့အရာတစ်ခုပါပဲ။ လက်တလော ခံစားချက်တွေ နာကျင်မှုတွေပြေလျော့ဖို့ နောက်ထပ်အချစ်သစ်တစ်ခုကို ချက်ချင်း မစတင်သင့်ပါဘူး။ အရင်ဆုံးကိုယ့်ကိုယ်ကို အနားပေးသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး သင်ခန်းစာတွေ ပြင်ဆင်စရာတွေ ပြန်လည်တည်ဆောက်ချိန်တွေပေးပြီး လုံလောက်ပြီဆိုမှသာ နောက်ထပ်အချစ်သစ်တစ်ခုစသင့်တာပါ။

Featured Photo : Unsplash