Shoes တွေဟာ ကိုယ့်ရဲ့ အသွင်အပြင်ကို ထည်ဝါစေဖို့အတွက် အလွန်အရေးပါတဲ့ အသုံးအဆောင်ဖြစ်သလို နေ့စဉ်ဘဝအတွက် တကယ့်ကို အသုံးလိုတဲ့ အဆင်တန်ဆာလည်း ဖြစ်ပါတယ်။ ကိုယ်စီးတဲ့ ဖိနပ်ဟာ ကိုယ်နဲ့ လိုက်ဖက်နေသရွေ့ လူတစ်ယောက်ရဲ့ စတိုင်ကျမှုဟာ အမှတ်မြင့်မြင့်ရနေဦးမှာပဲ ဖြစ်ပေမယ့် အဝယ်မှားတဲ့ ဖိနပ်များ စီးမိရင်တော့ ရှိရင်းစွဲ ကြည့်ကောင်းမှုတွေ မှိန်သွားတတ်ပါတယ်။

ဒါကြောင့် ဖိနပ်ဝယ်ဖို့ရွေးပြီဆိုရင် ဘယ်လိုအမှားတွေ မလုပ်ဖြစ်အောင် ရှောင်ကြဉ်ကြမလဲ။ ဘယ်အချက်တွေ ဂရုစိုက်ပေးရမလဲဆိုတာ ပြောပြချင်ပါတယ်။

(၁) Suit နဲ့ဆို Sneaker မဝယ်ပါနဲ့

Source: pexels

Sneaker တွေဟာ ပေါ့ပေါ့ပါးပါး အပြင်ထွက်ဖြစ်ချိန်မှာ စီးသင့်တဲ့ ဖိနပ်အမျိုးအစား ဖြစ်ပြီး အခမ်းအနားတွေ တက်ရာမှာတော့ မစီးသင့်ပါဘူး။ ဒီတော့ ရုံးတက်ဝတ်စုံပြည့်နဲ့ အနေများတဲ့သူတွေဆိုရင် Sneaker ဝယ်ဖို့ မစဉ်းစားသင့်ပါဘူး။

(၂) ရက်လွန်နေတဲ့ တိုက်ဆွေးဖိနပ်မျိုး မစီးမိစေပါနဲ့

Source: pexels

ဒီဇိုင်းက တောက်ပနေတုန်း။ ဒါပေမယ့် ဖိနပ်သားက ဆိုင်ထဲမှာ ၄-၅ နှစ် ပစ်ထားလို့ တိုက်ဆွေးကြီး ဖြစ်နေတဲ့ ဖိနပ်မျိုး မဝယ်သင့်ပါဘူး။ ကိုယ်စီးနေတဲ့ ဖိနပ်မှာလည်း ခွာတွေက အက်ကွဲရာတွေ လိုက်လာပြီ။ InSole ပြားတွေလည်း ပျက်စီးနေပြီဆိုရင်တော့ နောက်တစ်ရံပဲ ဝယ်စီးသင့်ပါတယ်။

(၃) အဖြူနဲ့ အနက်ပဲ စီးနေတုန်းလား

Source: pexels

Shoes ဆို အနက်ရောင် ၊ ဒါမှမဟုတ် အဖြူ/အနက် နှစ်ရောင်စပ်ပဲ ရွေးဝယ်မိတဲ့ အကျင့်ကို ဖျောက်လိုက်ပါ။ မျက်လုံးဟာ ကာလာတွေမှာ ယဉ်တတ်တာကြောင့် အသစ်အဆန်းကို တန်းမတိုးတတ်ပါဘူး။ ဒါပေမယ့်လည်း အစိမ်းရင့် ၊ ကာကီဝါနု ၊ အပြာနု စသည်ဖြင့် ကာလာဆန်းလေးတွေလည်း စမ်းစီးသင့်ပါတယ်။

(၄) ခြေအိတ် ဝယ်သင့်မဝယ်သင့်

Source: pexels

များသောအားဖြင့် ခြေအိတ်နဲ့ စီးတာက Formal ကျပါတယ်။ ခေတ်ရေစီးမှာတော့ Sockless စီးတာတွေလည်း ရှိလာပြီ ဖြစ်လို့ တစ်ချို့ Sneaker တွေကို ခြေအိတ်မပါဘဲလည်း ဒီအတိုင်း စီးတာ အမြင်ဆန်းပါတယ်။ နောက်တစ်ခုက ခြေအိတ်သုံးမယ်ဆိုရင်လည်း ဖိနပ်ပေါ်လိုက်ပြီး ခြေအိတ်အတို/အရှည် ရွေးဝယ်တတ်ဖို့လည်း လိုပါတယ်။

(၅) လေးထောင့်ဖိနပ်ဦး ဒီဇိုင်းတွေ စီးဦးမလား

Source: D’Marge

အခုခေတ်မှာ ဖိနပ်ထိပ်ကို ခပ်ပြေပြေချွန်တာ ၊ ဒါမှမဟုတ် အံဝင်ခွင်ကျ ကွေးညွှတ်ထားတာကပဲ ဖက်ရှင်ကျပါတော့တယ်။ Square-Toed Shoes လို့ခေါ်တဲ့ ဖိနပ်ထိပ်ပိုင်းကို လေးထောင့်စပ်စပ် ထားတဲ့ Shoes တွေ ခေတ်အောက်သွားပြီ ဖြစ်လို့ ဝယ်စီးဖို့ မစဉ်းစားသင့်ပါဘူး။