ယနေ့ခေတ်မှာ လူတိုင်းနီးပါး မိုဘိုင်းဖုန်းတွေ အသုံပြုနေကြပါပြီ။ ဒါပေမယ့် မိုဘိုင်းဖုန်းနဲ့ပတ်သက်တဲ့ ကျန်းမာရေး အသိပညာတွေကိုတော့ လူတိုင်းမသိကြသေးပါဘူး။ မိုဘိုင်းဖုန်းအသုံးကို အချိန်ကြာမြင့်စွာအသုံးပြုခြင်းဟာ လူတွေထင်ထားတာထက်ပိုပြီး ကျန်းမာရေးကိုထိခိုက်စေပါတယ်။
ဒီနေ့မှာတော့ kwee page ကနေ မိုဘိုင်းဖုန်းသုံးတဲ့အချိန်တွင် လူတိုင်းနီးပါးလုပ်မိကြတဲ့အမှားတွေကို ဖော်ပြပေးသွားမှာပါ။
မိုဘိုင်းဖုန်းကိုဘေးမှာထားပြီးအိပ်ခြင်း
မိုဘိုင်းဖုန်းဟာ အခြေခံအားဖြင့် လျှပ်စစ်သံလိုက်တွေ ထုတ်လွှတ်လက်ခံရတဲ့ ပစ္စည်းတခုဖြစ်ပါတယ်။ ဒါက ရေဒီယို လှိုင်းတွေထုတ်လွှတ်တယ်ဆိုတာကို ပြောချင်တာပါ။ ဒီလှိုင်းတွေက အချိန်အကြာကြီး ထိတွေ့မိရင် ဦးနှောက်ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။
ပြီးတော့ ဖုန်းထဲမှာ တတ်လာတဲ့ notifications တွေက အိပ်ပျော်နေတာကို လန့်နိုးလာစေတတ်ပါတယ်။ ဒီလိုဖြစ်ဖန်များလာရင် အိပ်ရေးမဝဖြစ်က ကျန်းမာရေးကိုပါ ထိခိုက်လာစေနိူင်ပါတယ်။ ညဖက်အိပ်တဲ့အချိန်မှာ ဖုန်းကိုတခြားအခန်းမှာထားတာ (သို့) airplane mode လုပ်ထားပေးဖို့ လိုအပ်ပါတယ်။
signal အားပျော့နေချိန်မှာ အသုံးပြုခြင်း
signal အားပျော့နေချိန်မှာ အသုံးပြုခြင်းဟာ အလွန်ကိုအန္တာရာယ်များပါတယ်။ ဒီလိုအချိန်တွေမှာ ဖုန်းကစွမ်းအင်တွေများများသုံးရပြီး ကျန်းမာရေးကို ပိုမိုဆိုးရွားစွာထိခိုက်စေပါတယ်။ ကျွမ်းကျင်သူတွေကတော့ signal အားပျော့နေချိန်မှာ ဖုန်းထဲကနေ ဓါတ်ရောင်ခြည် ပမာဏများပြားစွာထုတ်လွှတ်တာကြောင့် ကျန်းမာရေးထိခိုက်စေကြောင်း ပြောဆိုထားပါတယ်။ ဒီလိုအချိန်မှာ ဖုန်းကို လူတွေနဲ့ ဝေးဝေးမှာ ထားဖို့ ပညာရှင်တွေက အကြံပေးထားပါတယ်။
ဖုန်းကို ကိုယ်နေဟန်ထား မမှန်ကန်စွာအသုံးပြုခြင်း
ဖုန်းကို ကိုယ်နေဟန်ထား မမှန်ကန်စွာအသုံးပြုခြင်းက လည်ပင်းရိုးနာ ရောဂါရနိူင်ပါတယ်။ လည်ပင်းကို ကွေးပြီး ဖုန်းကို ငုံ့ကြည့်တဲ့အချိန်မှာ လည်ပင်ရိုးကို ဖိအားများစေပါတယ်။ အချိန်ကြာလာရင် လည်ပင်းကို ခေါင်းအလေးချိန်ထက် (၅) ဆပိုမိုလေးလံတဲ့ အရေကို ထမ်းထားရသလိုမျိုး ခံစားရစေပါတယ်။ ဒါတွေက လည်းပင်ရိုးနာ ခြင်းကိုဖြစ်ပေါ်စေတာပါ။ ဒါကြောင့် ဖုန်းတွေကို ကြည့်တဲ့အခါမှာ ရှေ့တည့်တည့် မှာထားပြီးကြည့်ပါ။