စိတ်ဖိစီးမှုတွေဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ ကိုယ်တိုင်ကစိတ်ဖိစီးမှုတွေကို လက်ယက်ခေါ်နေမိတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စိတ်ဖိစီးမှုတွေဖြစ်လာစေဖို့ သင်ကိုယ်တိုင်လုပ်နေမိတဲ့အမှားတချို့ကို သတိထားဆင်ခြင်မိစေဖို့ ပြောပြပေးချင်ပါတယ်။
(၁) အဆိုးမြင်စိတ်များ

Source : The Muse
အဆိုးမြင်စိတ်အများစုက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ သင့်ဘဝမှာအရာရာ အပေါ် အဆိုးမြင်စိတ်နဲ့ ကြည့်နေမိတယ်ဆိုရင်သေချာပေါက် စိတ်ဖိစီးမှုတွေဖြစ်လာမှာပါ။
(၂) နှိုင်းယှဉ်နေမှုများ

Source : Inc.com
လူတိုင်းလူတိုင်းမှာ အားသာချက်အားနည်းချက်ကိုယ်စီရှိတတ်ကြတာပါပဲ။ ကိုယ်မှာရှိတဲ့အားသာချက်က တခြားသူတစ်ယောက်ရဲ့အားနည်းချက်ဖြစ်နိုင်သလို ကိုယ်ရဲ့အားနည်းချက်ကလည်း တခြားသူတွေရဲ့ အားသာချက်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ဒါတွေကိုလိုက်နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုအလိုမကျခြင်းတွေဖြစ်နေရင် စိတ်ဖိစီးမှုတွေဖြစ်လာရုံမှတပါး တခြားမရှိနိုင်ပါဘူး။
(၃) ပြီးပြည့်စုံချင်စိတ်များ

Source : Dave Luck Writes
လောကမှာ ဘယ်သူမှအရာရာပြီးပြည့်စုံတယ်သူဆိုတာမရှိနိုင်ပါဘူး။ အားလုံးမှာ လိုအပ်ချက်တစ်ခုစီတော့ အနည်းဆုံးရှိကြစမြဲပါပဲ။ သင့်အနေနဲ့ဘဝမှာ အရာရာကို ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ချင်လို့မရပါဘူး။ အရာအားလုံးပြီးပြည့်စုံအောင် ကြိုးစားနေခြင်းက သင့်ကိုစိတ်ပင်ပန်းခြင်းနဲ့ ဖိစီးမှုတွေဖြစ်လာစေနိုင်ပါတယ်။
(၄) ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်း

Milli Gazete
လူတိုင်းဘဝမှာအမှားတွေကျူးလွန်ခဲ့ဖူးပါတယ်။ဒါဟာသင့်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ့်ဘဝမှာရှိခဲ့ဖူးတဲ့အမှားတွေကို အပြစ်ထိုင်တင်နေရုံနဲ့ သင့်ဘဝက ထူးခြားပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အမှားတွေကိုသင်ခန်းစာအဖြစ်ပြောင်းလဲပါ။ မဟုတ်ပဲ အမှားတွေအတွက် ကြိမ်ဖန်တလဲလဲ ကိုယ့်ကိုယ်ကိုအသုံးမကျသူတစ်ယောက်အဖြစ်အပြစ်တင်နေမယ်ဆိုရင် စိတ်ဖိစီးမှုတွေက မြင့်တက်နေမှာပါ။
