အလုပ်ရှာနေသူတွေအတွက် အလုပ်တစ်ခုရဖို့ဆိုတာ အရေးကြီးဆုံးအရာ ဖြစ်ပါတယ်။ ဒီတော့ အလုပ်ရဖို့အတွက် ဘယ်လိုအချက်တွေက အဓိကကျသလဲဆိုတာ သိထားတာဟာ အလုပ်ရဖို့အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာမှာပါ။ ဒီထဲကမှ အလုပ်ရှာတာနဲ့ ပတ်သက်ပြီး အများနားလည်မှု လွဲနေတာလေးတွေ ရှိပါတယ်။

(၁) အင်တာဗျူးတာ ကိုယ့်အကြောင်းကို မေးနေတာ။

Source: The Balance Careers

ဒီအချက်ကို အတော်များများ တလွဲနားလည်နေကြပါတယ်။ အင်တာဗျူးသူက သင့်အကြောင်းကို မေးနေတာဟာ သူလိုချင်တဲ့လူလား သိဖို့နဲ့ သင်ဟာ ဘယ်လောက် အရည်အချင်းရှိသလဲ ဆိုတာ အကဲဖြတ်နေတာပါ။ ဒီတော့ အလုပ်အင်တာဗျူးဝင်ရင် ကိုယ်အလုပ်လုပ်မယ့် ကုမ္ပဏီနဲ့ ကိုယ့်ကို အင်တာဗျူးမယ့်သူအကြောင်း သိတာဟာ အလုပ်ရဖို့ ပိုအခြေအနေကောင်းမှာပါ။

(၂) LinkedIn မှာ ကိုယ်နဲ့ သိသူဆီကိုပဲ လက်ခံတာ

Source: Experteer

နယ်စုံပယ်စုံကနေ အသီးသီး ကူးလူးဆက်သွယ်မှု မြင့်မားလာတဲ့ ဒီဘက်ခေတ်မှာ ကွန်ရက်ကျယ်လေလေ အလုပ်လွယ်လေလေ ပါပဲ။ ကိုယ့်ရဲ့ မြင်ကွင်းကို ချဲ့ပါ။ ကိုယ့်ဆီ ဝင်လာမယ့် အခွင့်အလမ်းတိုင်းအတွက် တံခါးဖွင့်ထားပါ။ ကိုယ့်ကို ဘယ်သူမှ ရှာမတွေ့နိုင်တဲ့ ပုံစံခွက်ထဲက ထွက်ပါ။ အလုပ်ရတယ်ဆိုရာမှာ တိုက်ရိုက် အလုပ်ရတာထက် ၊ အွန်လိုင်းပေါ်ကတို့ ၊ ကြားခံ အဖွဲ့အစည်းတွေကနေ တစ်ဆင့် ရတာက ပိုများပါတယ်။

(၃) ကိုယ်ပိုင် Resume ဖန်တီးတာ

Source: Resume Writer Direct

Resume ဆိုတာ ကိုယ်ဘယ်လိုလူဆိုတာ သိအောင် တင်ပြထားတဲ့ စာတမ်း ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် Resume ကို ကိုယ်တိုင်မရေးဘဲနဲ့ တကယ့် ပရော်ဖက်ရှင်နယ်တစ်ဦး ၊ လက်မှတ်ရ ဝါရင့် စာရေးဆရာနဲ့တောင် ရေးသင့်ပါတယ်။ ဒီထဲမှာ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ၊ အသိဗဟုသုတနဲ့ လုပ်ရည်ကိုင်ရည်ကို ပုံစံတကျ တင်ပြနိုင်ဖို့ လိုအပ်ရင် စာတည်းဖြတ်တဲ့ အယ်ဒီတာနဲ့ တောင် စာစီ စာစဉ်သင့်ပါတယ်။

(၄) အလုပ်ပြောင်းတာကို မိဘကို အသိပေးဖို့ မလိုဘူး။

Source: Capital FM

မဖြစ်သင့်ပါဘူး။ လူတိုင်းဟာ အလှည့်အပြောင်းကို အသေးစိတ် ပြောရာမှာ ရှက်နေတတ်ပါတယ်။ တကယ်တော့ မိသားစု ၊ ဆွေမျိုးမိတ်ဆွေများကို ဒီအကြောင်း သေသေချာချာ ပြောဆို တိုင်ပင်မယ်ဆိုရင် အကူအညီလည်း ရ အကျိုးလည်း များမှာ သေချာပါတယ်။

(၅) အင်တာဗျူးအတွက် ဇာတ်တိုက်စရာ ၊ လေ့ကျင့်စရာ မလိုဘူး။

Source: CareerAddict

ဒါလည်း အမှားကြီးတစ်ခုလို့ ဆိုရမှာပါ။ အလုပ်အကိုင်ကောင်း ရချင်တယ်ဆိုရင် ကိုယ့်ဘက်က သေသေချာချာ အားစိုက်ဖို့ လိုပါတယ်။ လိုအပ်တဲ့ နည်းပေးလမ်းပြ ဆရာကောင်းဆီက အကြံယူ ၊ ဘာတွေလိုသလဲ ပြင်ဆင် နောက်ဆုံး လစာဘယ်လောက်တောင်းသင့်တယ်က အစ ကိုယ့်ဘက်က အစီအစဉ်ကျနေရမှာပါ။

(၆) အလုပ်ဟောင်းအကြောင်းပဲ ဦးစားပေးပြီး တစ်ခြားဟာတွေ ဘေးဖယ်ထားမယ်

Source: Forbes

ဒီနေ့လို စီးပွားကူးလူးမြန်ဆန်တဲ့ လုပ်ငန်းခွင်အတွက် နေ့စဉ်နေ့စဉ် အသစ်ထွင်နေဖို့လိုပါတယ်။ အတိတ်မှာပဲ ကိုယ့်လုပ်ရပ်ကလေး ပြစားလို့မရတော့ပါဘူး။ ကိုယ်မှာ ရှိတဲ့ အိုင်ဒီယာဟာ အသစ်ဖြစ်နေရပါမယ်။ အလုပ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ပြမယ့်သူဟာ ဒီနေ့ မနက်ဖြန်ကို အာရုံစိုက်ရပါလိမ့်မယ်။