Mixed Drinks ဆိုတာ ကော့တ်တေးပဲလို့ အလွယ်ပြောနိုင်ပါတယ်။ အပြင်းစားယမကာတစ်မျိုးမျိုးကို သကြား ၊ အသီးဖျော်ရည် Mixer တစ်ခုခု ပါတဲ့ ကော့တ်တေးလ်တွေဟာ အမျိုးစုံသလောက် အရသာဆန်းကြယ်လှပါတယ်။ အပြင်းချည်းပဲ သောက်ရတာ ငြီးငွေ့လာသူတို့အတွက် ကော့တ်တေးရဲ့ ချိုမွှေးရှိန်းအေးပြီး တက်တဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ ဘယ်လို ကော့တ်တေးတွေ မြည်းရမလဲ မသိရင် အခုပြောမယ့် Mixed Drinks လေးတွေ စမ်းကြည့်ဖို့ အကြံပေးလိုက်ရပါတယ်။
(၁) Apple Martini

Photo: Cocktails LoveToKnow
Apple Martini ကို Appletini လို့လည်း ခေါ်လေ့ရှိကြပါတယ်။ Dry Martini ကို နည်းနည်းလေး ထပ်စွက်ထားတာပါ။ ဂျင်အစား ဗော့ဒ်ကာသုံးထားပြီး Apple Schnapps အရည် နဲ့ ချိုချဉ်ပြင်းအရသာဖြစ်အောင် ကော့တ်တေးစပ်ထားတာပါ။ ချဉ်တင်တင် Apple Martini အတွက်ဆို လီမွန် Juice လေးပါ ထည့်ညှစ်နိုင်ပါတယ်။ ပြီးရင်တော့ ပန်းသီးစိတ်လေး တပ်ပြီး အရသာခံလို့ ရမှာ ဖြစ်ပါတယ်။
(၂) Long Island Iced Tea

Photo: MasterClass
မရိုးနိုင်တဲ့ ကော့တ်တေးစတိုင်တွေထဲမှာ Long Island Iced Tea လည်း ပါဝင်ပါတယ်။ ဒီကော့တ်တေးက အမယ်စုံပါတယ်။ ဗော့ဒ်ကာ ၊ ဂျင် ၊ ရမ်အပျော့ ၊ တက်ကီလာ ၊ လိမ္မော်အရသာ Triple Sec နဲ့ လီမွန် Juice ပြီးရင် Cola ၊ ရေခဲ တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Iced Tea ကြိုက်သူတွေအတွက် ခပ်ပြင်းပြင်းနဲ့ နားရွက်နွေးစေမယ့် ကော့တ်တေး Iced Tea တစ်မျိုးပါပဲ။
(၃) Margarita

Photo: splenda
ရိုးရှင်းလှတဲ့ တက်ကီကာ ၊ Triple Sec နဲ့ သံပရာ ရေခဲအတွဲအစပ်လေးပါပဲ။ များသောအားဖြင့် တက်ကီလာသောက်သလိုပဲ ဖန်ခွက်အနားသတ်တွေမှာ ဆားပွင့်လေးတွေ တွေ့မြင်ရမှာပါ။ အသီးအရသာကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ ရိုးရိုး သံပရာအပြင် ရက်စ်ဘာရီ ၊ မက်မွန်နဲ့ စတော်ဘယ်ရီဆိုပြီး နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။
(၄) Caipirinha

Photo: robbreport
ဒီကော့တ်တေးကတော့ စပိန်တုပ်ကွေးအတွက် အိမ်သုံးဆေးဝါးအဖြစ် သုံးခဲ့တဲ့ ဖော်မြူလာနဲ့လာတာပါ။ ဘရာဇီးမှာတော့ ကြံကနေ ထုတ်ထားတဲ့ Cachaca ဆိုတဲ့ အရက်တစ်မျိုး ဒါမှမဟုတ် ရမ်ဖြူ/ဗော့ဒ်ကာနဲ့ သကြားညို ၊ သံပရာရည်တို့ သုံးပါတယ်။ အတော်အတန် ဖျားချင်နာချင်လာရင် သောက်ဖို့ အရင်ဆုံးစဉ်းစားသင့်တဲ့ ကော့တ်တေးတစ်မျိုးပါပဲ။
(၅) Mai Tai

Photo: robbreport
Mai Tai က ပိုလီနီးရှန်းစတိုင် ကော့တ်တေးဖြစ်ပြီး အသီးနံ့လေးတွေ စွက်နေတဲ့ ပူနွေးချိုမြတဲ့အရသာ ရပါတယ်။ ရမ်အဖြူ နဲ့ အညိုရောင်ရမ် ၊ လိမ္မော် Curacao ရည် ၊ ဗာဒံ Syrup တို့ ပါဝင်ပါတယ်။ Lime Juice နဲ့ Orgeat Syrup တို့ကတော့ မူလလက်ဟောင်း တဟီတီကျွန်းက အရသာလို့ ပြောကြပါတယ်။
Featured Photo: The Adult Man
