ဝီစကီကြိုက်သူချင်းတူရင်တောင် သောက်သုံးတဲ့ပုံစံချင်းတော့ ကွဲပြားကြပါတယ်။ တချို့က ဝီစကီကိုဘာမှမရောပဲ ရေခဲစိမ်သောက်ရတဲ့ ခပ်ပြင်းပြင်းအရသာကို ကြိုက်ကြသလို တချို့ကလည်း ဝီစကီရဲ့အရသာကို ပိုမိုထူးကဲကောင်းမွန်စေဖို့ အရောအနှောလေးတွေ ရောစပ်သောက်သုံးကြတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီနေ့တော့ ဝီစကီကို အရောအစပ်လေးတွေနဲ့မှသောက်တက်တဲ့ အမျိုးသားတွေအတွက် ဝီစကီရဲ့အရသာကို ပိုမိုထူးကဲကောင်းမွန်စေမယ့် Mixers တွေကိုပြောပြပေးချင်ပါတယ်။
(၁) လက်ဖက်ရည်ကြမ်း

Source : Pinterest
ဝီစကီနဲ့ လက်ဖက်ရည်ကြမ်း အရောအစပ်ဟာ လန်းဆန်းပြီး ခံတွင်းကိုရှင်းစေတဲ့ အရသာမျိုးရစေပါတယ်။ များသောအားဖြင့်တော့ ဝီစကီနဲ့ လက်ဖက်ရည်ကြမ်းကို ပျားရည်၊ သံပုရာသီးတို့နဲ့ရောစပ်ပြီး ကော့လ်တေးပုံစံသောက်ကြပါတယ်။ အရသာပိုမိုကောင်းမွန်ဖို့အတွက် တစ်ခါတစ်လေမှာ သစ်ကြံပိုးခေါက်ကိုပါ ထည့်သောက်လေ့ရှိပါတယ်။
(၂) ကိုကာကိုလာ

Source : Pinterest
ဝီစကီနဲ့ ကိုကာကိုလာအရောအစပ်ကတော့ လူသိများတဲ့ Mixers တွေထဲကတစ်ခုဖြစ်သလို အများစုလည်း ကြိုက်နှစ်သက်ကြပါတယ်။ ကိုကာကိုလာက ကုန်ကျစရိတ်သက်သာတဲ့ Mixer တစ်ခုဖြစ်သလို လွယ်လွယ်ကူကူပဲ ရောစပ်သောက်သုံးနိုင်ပါတယ်။ ဝီစကီရဲ့အရသာကိုလည်း ထိန်းသွားပြီး အဝင်ကောင်းစေတဲ့အတွက် အမျိုးသားရော အမျိုးသမီးတွေပါသောက်သုံးနိုင်ပါတယ်။
(၃) သံပုရာဆိုဒါ

Source : Pinterest
ဝီစကီကိုအခုမှစသောက်မယ့် သူတွေအတွက်တော့ သံပုရာဆိုဒါ အရောအစပ်က အသင့်တော်ဆုံးဖြစ်ပါတယ်။ သံပုရာဆိုဒါနဲ့ ဝီစကီအရောအစပ်က ဝီစကီရဲ့အနံ့အရသာကို ပိုမိုကောင်းမွန်စေပါတယ်။ ဝီစကီစသောက်မယ့်သူတွေအတွက် ကောင်းတာတစ်ခုက ကိုကာကိုလာ နဲ့ တခြားသော အသီးဖျော်ရည်တွေကဲ့သို့ အချိုအရသာကို မရစေတဲ့အတွက် Limit ကျော်ပြီး အလွန်အကျွံသောက်မိတာမျိုးကိုလည်း မဖြစ်စေပါဘူး။
(၄) ဂျင်းအချိုရည်

Source : Pinterest
ဝီစကီနဲ့ရောစပ်သောက်ဖို့ နာမည်ကြီးတဲ့ Mixer တစ်ခုက Ginger Ale လို့ခေါ်တဲ့ ဂျင်းအရသာ ကာဗွန်နိတ်အချိုရည် ဖြစ်ပါတယ်။ Ginger Ale ဟာ ဝီစကီရဲ့အရသာကို ပိုမိုလေးနက်သွားစေပြီး သောက်လို့ပိုကောင်းပါတယ်။ အများစုကတော့ Bourbon လို့လူသိများတဲ့ အမေရိကန်ဝီစကီနဲ့ ရောစပ်သောက်သုံးလေ့ရှိသလို Dark Rum နဲ့လည်း ရောစပ်သောက်လေ့ရှိပါတယ်။
