လီဗာပူးလ္အသင္းရဲ႕ အဓိကတုိက္စစ္မွဴး မုိဟာမက္ဆာလက္ကေတာ့ မေန႔ မနက္ခင္းအေစာပုိင္းမွာပဲ လီဗာပူးလ္ပရိသတ္ေတြသာမကပဲ တစ္ကမာၻလုံးက ေဘာလုံးပရိသတ္ေတြမ်ားစြာကို အံ့အားသင့္ေအာင္ လုပ္ေဆာင္သြားခဲ႔ပါတယ္။ ဒါကေတာ့ သူ႔မ်က္ႏွာ အခ်ိန္အေတာ္ၾကာ ေနရာယူထားခဲ႔တဲ႔ ႏႈတ္ခမ္းေမႊးေတြ မုတ္ဆိတ္ေမႊးေတြကုိ ရိတ္လုိက္ၿပီး ေျပာင္ရွင္းေနတဲ႔ မ်က္ႏွာကုိ ျပသခဲ႔တာပဲျဖစ္ပါတယ္။

အီဂ်စ္လက္ေရြးစင္ တုိက္စစ္မွဴး မုိဆာလက္ဟာ ရုိးမားအသင္းကေန လီဗာပူးလ္ကုိ ေျပာင္းေရႊ႕လာကတည္းက သူရဲ႕ မ်က္ႏွာျပင္ေပၚမွာ မုတ္ဆိတ္ေမႊး ႏႈတ္ခမ္းေမႊးေတြက ရွိေနခဲ႔တာျဖစ္ၿပီး အခုအခ်ိန္မွ အားလုံးကုိ ရွင္းလင္းပစ္လုိက္လုိ႔ သူရဲ႕ လီဗာပူးလ္အသင္းေဖာ္ေတြကပါ အံ့အားသင့္ခဲ႔ရပါတယ္။ ဆာလက္က သူရဲ႕ ေျပာင္ရွင္းသန္႔ျပန္႔ေနတဲ႔ မ်က္ႏွာပုံေတြကုိ အင္စတာဂရမ္ေပၚကေန ေဖာ္ျပသြားခဲ႔ၿပီး ဆာလက္အသင္းေဖာ္ ဟန္ဒါဆင္ လုိဗရန္တုိ႔က Likes ေတြေပးခဲ႔ၾကၿပီးေတာ့ လုိဗရန္က အခုအခ်ိန္မွ ဆာလက္က အသက္၂၆ႏွစ္ဆုိတာ ယုံၾကည္သြားေတာ့တယ္လုိ႔လည္း ေနာက္ေျပာင္ေျပာဆုိသြားခဲ႔ပါတယ္။

ပရိသတ္ေတြကလည္း အေမႊးအမွ်င္မရွိေတာ့တဲ႔ ဆာလက္ရဲ႕ ပုံက ခ်စ္စရာေကာင္းတဲ႔ ကေလးငယ္နဲ႔တူတယ္ ၊ အခြံမရွိတဲ႔ လိပ္တစ္ေကာင္နဲ႔တူတယ္ ၊ ကမာၻေက်ာ္ ဟာသဇာတ္ေကာင္ မစၥတာဘင္းနဲ႔တူတယ္လုိ႔ အသီးသီးမွတ္ခ်က္ေတြ ျပဳခဲ႔ၾကပါတယ္။ အခုလုိ အေမႊးအမွ်င္ ရိတ္သိမ္းလိုက္တဲ႔ လီဗာပူးလ္တုိက္စစ္မွဴး မုိဟာမက္ဆာလက္ကေတာ့ စေနေန႔ညက ဘုန္းေမာက္အသင္းနဲ႔ ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္(၂၆)မွာ အသင္းအတြက္ ပြဲသိမ္းသြင္းဂုိးကုိ သြင္းယူႏုိင္ခဲ႔လုိ႔ အခုဆုိရင္ သူရဲ႕ ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္သြင္းဂုိးက ၁၇ ဂုိးအထိ ရွိလာခဲ႔ၿပီး သူရဲ႕ေအာက္က အူဘာမီယန္းကုိ ၂ ဂုိးသာလြန္ေနတာေၾကာင့္ ေရႊဖိနပ္ဆုကုိ ထပ္ရသြားဖုိ႔ အေျခအေနေကာင္းလုိ႔ေနပါတယ္။

(Unicode)

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး မိုဟာမက်ဆာလက်ကတော့ ဒီနေ့ မနက်ခင်းအစောပိုင်းမှာပဲ လီဗာပူးလ်ပရိသတ်တွေသာမကပဲ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေများစွာက အံ့အားသင့်အောင် လုပ်ဆောင်သွားခဲ့ပါတယ်။ ဒါကတော့ သူ့မျက်နှာ အချိန်အတော်ကြာ နေရာယူထားခဲ့တဲ့ နှုတ်ခမ်းမွှေးတွေ မုတ်ဆိတ်မွှေးတွေကို ရိတ်လိုက်ပြီး ပြောင်ရှင်းနေတဲ့ မျက်နှာကို ပြသခဲ့တာပဲဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဆာလက်ဟာ ရိုးမားအသင်းကနေ လီဗာပူးလ်ကို ပြောင်းရွှေ့လာကတည်းက သူရဲ့ မျက်နှာပြင်ပေါ်မှာ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေက ရှိနေခဲ့တာဖြစ်ပြီး အခုအချိန်မှ အားလုံးကို ရှင်းလင်းပစ်လိုက်လို့ သူရဲ့ လီဗာပူးလ်အသင်းဖော်တွေကပါ အံ့အားသင့်ခဲ့ရပါတယ်။ ဆာလက်က သူရဲ့ ပြောင်ရှင်းသန့်ပြန့်နေတဲ့ မျက်နှာပုံတွေကို အင်စတာဂရမ်ပေါ်ကနေ ဖော်ပြသွားခဲ့ပြီး ဆာလက်အသင်းဖော် ဟန်ဒါဆင် လိုဗရန်တို့က Likes တွေပေးခဲ့ကြပြီးတော့ လိုဗရန်က အခုအချိန်မှ ဆာလက်က အသက်၂၆နှစ်ဆိုတာ ယုံကြည်သွားတော့တယ်လို့လည်း နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။

ပရိသတ်တွေကလည်း အမွှေးအမျှင်မရှိတော့တဲ့ ဆာလက်ရဲ့ ပုံက ချစ်စရာကောင်းတဲ့ ကလေးငယ်နဲ့တူတယ် ၊ အခွံမရှိတဲ့ လိပ်တစ်ကောင်နဲ့တူတယ် ၊ ကမ္ဘာကျော် ဟာသဇာတ်ကောင် မစ္စတာဘင်းနဲ့တူတယ်လို့ အသီးသီးမှတ်ချက်တွေ ပြုခဲ့ကြပါတယ်။ အခုလို အမွှေးအမျှင် ရိတ်သိမ်းလိုက်တဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ကတော့ မနေ့ညက ဘုန်းမောက်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)မှာ အသင်းအတွက် ပွဲသိမ်းသွင်းဂိုးကို သွင်းယူနိုင်ခဲ့လို့ အခုဆိုရင် သူရဲ့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်သွင်းဂိုးက ၁၇ဂိုးအထိ ရှိလာခဲ့ပြီး သူရဲ့အောက်က အူဘာမီယန်းကို ၂ဂိုးသာလွန်နေတာကြောင့် ရွှေဖိနပ်ဆုကို ထပ်ရသွားဖို့ အခြေအနေကောင်းလို့နေပါတယ်။