လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး အီဒင်ဟာဇက်ဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမားကနေ အန်းဖီးကို ရောက်ရှိလာတဲ့အချိန်ကတည်းက အသင်းအတွက် ဂိုးတွေ အဆက်မပြတ်သွင်းယူပေးနေတဲ့ကစားသမားဖြစ်ပါတယ်။

Photo: givemesport

ဗုဒ္ဓဟူးနေ့ညနေက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆာလာဟာ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဖာမီနိုရဲ့ နောက်ကျခေါင်းတိုက်သွင်းဂိုးကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆာလာအတွက်ကတော့ ပရီးမီးယားလိဂ်ဂန္တဝင်ရဲ့ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အမှတ်ရစရာညတစ်ညဖြစ်ခဲ့ပါတယ်။

မိုဟာမက်ဆာလာဟာ ချယ်ဆီးအသင်းအတွက် အီဒင်ဟာဇက်သွင်းယူပေးခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၈၅ ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး စုစုပေါင်း ပရီးမီးယားလိဂ်သွင်းဂိုး ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး အံ့အားသင့်စရာကောင်းတာက ဟာဇက်ထက် ပွဲပေါင်း ၁၁၂ ပွဲလျော့ပြီး စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ လီဗာပူးအသင်းအတွက် စုစုပေါင်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၃၃ ပွဲသာ ကစားပေးခဲ့ရာမှာ ၈၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။


Photo : talkSPORT

ဒါ့အပြင် မိုဟာမက်ဆာလာဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကိုလည်း ၆၄ ပွဲလျော့နဲ့ ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးတိုက်စစ်မှူးဟာ အင်္ဂလိဂ်ဘောလုံးလောကမှာ မြင်ခဲ့ဖူးသမျှ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာ ငြင်းချက်ထုတ်စရာမရှိတော့ပါဘူး။