Mobile Legends ကို ဆော့ရတာ ကြာလာလို့ ငြီးငွေ့လာတာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မဆော့ချင်တော့တဲ့အခါ အခုဖော်ပြပေးမယ့် ဂိမ်း (၅) မျိုးဖြင့် အစားထိုး ဆော့ကစားနိုင်ပါတယ်။

ဒီဂိမ်းတွေရဲ့ ကစားပုံ ကစားနည်းနှင့် Features တွေသည် Mobile Legends ဂိမ်း နဲ့ ဆင်တူပြီး ဆော့ရတာ ပိုမိုက်ပါတယ်။

Champions Legion 5v5 MOBA

Mobile Legends ဂိမ်း

Champions Legion နဲ့ Mobile Legends ဂိမ်း တို့ရဲ့ အဓိကတူညီတဲ့အချက်ကတော့ MOBA ဂိမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ၅ ယောက် တစ်ဖွဲ့စီ ယှဉ်ပြိုင်ဆော့ကစားရတာဖြစ်ပါတယ်။ ဒီဂိမ်းကိုလည်း ဆော့ကစားသူအလွန်များပြားပြီး နာမည်ကြီးတဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။

Legend Of Ace

Mobile Legends ဂိမ်း

ဒီဂိမ်းကလည်း စောစောက ဂိမ်းလိုပါပဲ အဖွဲ့တစ်ဖွဲ့မှာ ၅ ယောက်စီ ပါဝင်ပြီး ကိုယ့်စိတ်ကြိုက်အလိုက် ကစားမယ့် Role ကို မကစားခင်မှ ရွေးချယ်နိုင်ပါတယ်။ ၂၀၁၈ ကတည်းက နာမည်ကြီးတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဂိမ်းကစားသမားအများအပြားလည်း ကြိုက်နှစ်သက်ကြပါတယ်။

Lengendary Heroes MOBA Offline

Mobile Legends ဂိမ်း

ဒီဂိမ်းရဲ့ အားသာချက်ကတော့ Offline ကစားနိုင်ခြင်းဖြစ်ပြီး ဒီအကြောင်းအရင်းကြောင့်ပဲ တစ်ကြိမ်တစ်ခါလောက် စမ်းဆော့ကြည့်သင့်တာဖြစ်ပါတယ်။ သင့်ကို ရင်ခုန်စိတ်လှုပ်ရှားစေမယ့် စိန်ခေါ်မှုများလည်း ဖန်တီးပေးထားပြီး ကိုယ့်စိတ်ကြိုက်ဟီးရိုးကို စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ကစားနေစဉ်မှာလည်း ပါဝါ (၄) မျိုးတည်းက တစ်ခုကို သုံးပြီး ဂိမ်းကို နိုင်အောင် ဆော့ကစားနိုင်ပါတယ်။

Onmyoji Arena

games for kwee

ဂျပန်ဆက်တင်နဲ့ တင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဂျပန် Anime ကာတွန်းတွေကို နှစ်သက်သူတွေအတွက် ကွက်တိပါပဲ။ ဒီဂိမ်းလေးသည် တိုက်ရည် ခိုက်ရည်ထက် နည်းဗျူဟာကို အသားပေးကာ ဆော့ကစားရတာဖြစ်တဲ့အတွက်ကြောင့် နည်းဗျူဟာ ကောင်းကောင်းတွေ ဆွဲချင်သူတွေအတွက်ကြောင့် ရွေးချယ်ဆော့ကစားသင့်တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Awakening Of Heroes: MOBA 5v5

games for kwee

ဂိမ်းက 5v5 ဆိုတဲ့ အတိုင်းပဲ အဖွဲ့ဝင် ၅ ယောက်ပါတဲ့ အဖွဲ့ ၂ ဖွဲ့ ယှဉ်ပြိုင်ဆော့ကစားရတာဖြစ်ပါတယ်။ ဆော့ကစားသူ ၅ ယောက်စလုံး အတွဲညီညီနဲ့ ဆော့ကစားနိုင်မယ်ဆိုရင်တော့ အနိုင်ရမှာဖြစ်ပါတယ်။ ပွဲ တစ်ပွဲကို ၁၀ မိနစ်စီ ကြာမြင့်အောင် ဒီဇိုင်းရေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့် ဆော့ကစားသူတွေအနေနဲ့လည်း စိတ်ပြေလက်ပျောက် ဆော့ကစားနိုင်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်း (၅) မျိုးထဲက ဘယ်ဂိမ်းကို ဆော့ကစားဖူးပါသလဲ။ ဒီဂိမ်းတွေ ဆော့ကစားရတဲ့ အတွေ့အကြုံတွေကိုလည်း အခြားသော Gamer များအတွက် ဝေမျှပေးခဲ့ပါဦး။

Source: Sportskeeda

Featured Image: BBC