ဒီခေတ် Modern Furniture ဈေးတွေကတော့ ကွီးတို့ သွေးတက်လောက်ပါပေတယ်။ သာမန် ထိုင်ခုံလေးတစ်ခုံတောင် လက်ရှိငွေဈေးအရ သိန်းဂဏန်း အနည်းဆုံး ကျော်နေတာပါ။ ဒီတော့ Budget လည်း Save ဖြစ်ပြီး ကွီးတို့ အိမ်မှာ အထာကျကျ သုံးလို့ရမယ့် DYI တာယာခုံ အိုင်ဒီယာလေးတွေကို မျှဝေပေးချင်ပါတယ်။

အိုင်ဒီယာ (၁)

Tyre chairs ideas

Photo : Pinterest

ဒီနည်းလမ်းကတော့ ကြိုးတပ် တာယာထိုင်ခုံ ဒီဇိုင်း အိုင်ဒီယာလေး ဖြစ်ပါတယ်။ တာယာကွင်းရဲ့ မျက်နှာပြင်မှာ အပေါက်ဖောက် ပြီး ခိုင်ခန့်တဲ့ ကျစ်ကြိုးတွေကို တပ်ဆင်လိုက်ရုံပါပဲ။ ပုံမှာမြင်ရတဲ့အတိုင်း ကျောမှီပါတဲ့ ထိုင်ခုံဒီဇိုင်း ဖန်တီးလို့ရသလို ရိုးရိုးရှင်းရှင်း တာယာကွင်းထိုင်ခုံဒီဇိုင်းလေးလည်း ကွီးတို့ စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။

အိုင်ဒီယာ (၂)

Tyre chairs ideas

Photo : Pinterest

Modern Furniture တွေနည်းပါး အထာကျပြီး Cool ဖြစ်တဲ့ ဒီဇိုင်းလေးပါ။ အိမ်သုံးအနေနဲ့သာမက ကော်ဖီနဲ့ ဘားတွေမှာလည်း အသုံးပြုလို့ ရပါတယ်။ တာယာကွင်းရာ နှစ်သက်ရာ ဆေးရောင်ခြယ်ပြီး ထိုင်တဲ့အခါ သက်တောင့်သက်သာ ရှိစေဖို့ အလယ်မှာ Cushion လေး ဖြည့်လိုက်ရမှာပါ။ Minimalist ဆန်ပြီး ရိုးရိုးလေးနဲ့ မိုက်တဲ့ ဒီဇိုင်းမျိုး ကြိုက်ရင် ဒီအိုင်ဒီယာလေးကို ဖန်တီးလို့ ရပါတယ်။

အိုင်ဒီယာ (၃)

Tyre chairs ideas

Photo : Pinterest

ဒီကောင်လေးကတော့ ကွီးတို့ အိမ်နောက်ဖေး ခြံဝန်းထဲမှာ ဒါမှမဟုတ် အိမ်အပေါ်ဆုံးထပ် ဒါဘာလို နေရာမှာ ခင်းကျင်းထားလို့ သင့်လျော်တဲ့ ထိုင်ခုံ/စားပွဲ Set ဖြစ်ပါတယ်။ ပထမနည်းနဲ့ အလားတူပါပဲ တာယာကို ကျစ်ကြိုးတွေနဲ့ လေးစိပ်ကွက် ချည်နှောင်ပြီး ထိုင်ခုံတွေကို ဖန်တီးနိုင်ပါတယ်။ တာယာရဲ့ နောက်ခံအထိုင်ကိုတော့ ကွီးတို့အိမ်မှာ မသုံးတော့တဲ့ သစ်သားအဟောင်းတွေနဲ့ လွယ်လွယ်ကူကူ ရိုက်လိုက်လို့ ရပါတယ်။

အိုင်ဒီယာ (၄)Tyre chairs ideas

Photo : Pinterest

Modern Furniture တွေလို အမြင်ဆန်းပြီး ဆန်းသစ်တဲ့ ဒီဇိုင်းလေးတွေ ကြိုက်ရင်တော့ ကွီးတို့ ဒီအိုင်ဒီယာလေးကို လုပ်လိုက်ကြည့်ပါ။ ထိုင်ခုံနေရာမှာ Cushion ဖြည့်ပြီး နောက်ထပ် တာယာကွင်းကိုပဲ ဖြတ်တောက်ကာ ကျောအမှီအနေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအိုင်ဒီယာလေးကတော့ ကြည့်လိုက်တာနဲ့ ခေတ်ဆန်ပြီး အထာကျတဲ့ Vibe ကို ပေးပါတယ်။

ကွီးတို့ရော အိမ်မှာ မသုံးဖြစ်တော့တဲ့ တာယာအဟောင်းတွေနဲ့ အမိုက်စား အိမ်သုံးပစ္စည်းတွေ ဖန်တီးကြည့်ဖူးလား ??

Source : Pinterest

Featured Photo : Reddit