HTC ကတော့ နောက်ဆုံးပေါ်  Modern ဒီဇိုင်းနဲ့ Entry Level Specs တွေပါတဲ့ စမတ်ဖုန်းတစ်လုံး မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါဖုန်းကို Wildfire E5 Plus လို့ နာမည်ပေးထားပြီး ၆.၇၅ လက်မ မျက်နှာပြင် တပ်ဆပ်ပေးထားကာ 90Hz Refresh Rate နဲ့ 720p+ Resolution ထောက်ပံ့ပေးထားပါတယ်။

HTC Wildfire E5 Plus

Photo : GSMArena.com

Wildfire E5 Plus စမတ်ဖုန်းမှာ Unisoc T606 Chipset မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Internal Storage အတွဲအစပ်နဲ့ လာပါတယ်။ Storage ထပ်ချဲ့နိုင်မယ့် microSD Card Slot တစ်ခုလည်း ထည့်သွင်းပေးထားပြီး Chipset ကတော့ 5G အသုံးပြုနိုင်တဲ့ Modem ပါရှိမှာ မဟုတ်ပါဘူး။

ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာနဲ့အတူ 2MP Depth Sensor တစ်လုံး တွဲဖက်တပ်ဆင် ပေးထားပြီး အရှေ့ဘက်မှာတော့ 16MP ဆယ်လ်ဖီ ကင်မရာတစ်လုံး ပါဝင်ပါတယ်။

HTC Wildfire E5 Plus
Photo : GSMArena.com

ဘက်ထရီကတော့ 5,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပြီး Charging Rate နဲ့ ပတ်သတ်ပြီးတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဆော့ဖ်ဝဲပိုင်းမှာ Android 14 ကို Run ပေးထားပါတယ်။ HTC Wildfire E5 Plus စမတ်ဖုန်းရဲ့ ဈေးနှုန်းကတော့ ၉၃ ဒေါ်လာ ခန့် ကျသင့်မှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ ပထမဆုံး စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Global ဈေးကွက်ကို ဖြန့် /မဖြန့်ဆိုတာတော့ ဆက်လက်စောင့်ကြည့် ရပါမယ်။

Source : GSMArena.com

Featured Photo : GadgetByte Nepal