ယနေ့ခေတ်လူငယ်အများစုရဲ့ အသုံးစားရိတ်တော်တော်များများဟာ မှားယွင်းတဲ့ ငွေကြေးသုံးစွဲမှုတွေအတွက် ကုန်ဆုံးနေရတာများပါတယ်။ငွေကြေးသုံးစွဲမှုဆိုင်ရာနည်းလမ်းအမှားတွေကိုပြုလုပ်နေမိမယ်ဆိုရင် လစဉ်ပုံမှန်ဝင်ငွေရှိတဲ့လူတစ်ယောက်ဖြစ်နေပါစေ ဝင်ငွေနဲ့ ထွက်ငွေမလောက်ငှတဲ့ ပြဿနာက အမြဲတွေ့နေရအုန်းမှာ။

ဒါကြောင့်ဒီနေ့မှာတော့ လူငယ်တိုင်းသတိထားသင့်တဲ့ ငွေကြေးသုံးစွဲမှုနည်းလမ်းအမှားတွေကို ပြောပြပေးချင်ပါတယ်။

 

(၁) ရှိရင်ရှိသလိုသုံးလိုက်မိခြင်း

Source : The Motley Fool

အများစုက လူငယ်သဘာဝသုံးချင်စွဲချင်ကြပါတယ်။ဒါပေမယ့်ပိုဆိုးတာတစ်ခုက လက်ထဲငွေရှိရင်ရှိသလိုသုံးနေမိခြင်းပါပဲ။ ကိုယ်လက်ထဲပိုက်ဆံမြင်နေသ၍ တစ်နည်းမဟုတ်တစ်နည်းနဲ့ သုံးစွဲဖို့ စိတ်အလိုလိုက်မိကြပါတယ်။တကယ်တော့ ကိုယ်လစဉ်ဘယ်လောက်ငွေပမာဏကိုသုံးစွဲမယ်ဆိုတဲ့ စာရင်းတစ်ခုပြုလုပ်ထားသင့်တာဖြစ်ပါတယ်။မဟုတ်ရင်တော့ သုံးကောင်းကောင်းနဲ့ သုံးနေမိအုန်းမှာပါ။

(၂) မလိုအပ်ဘဲ သင်တန်းတွေတက်ခြင်း

Source : Shutterstock

သင်တန်းတွေတက်တာမကောင်းဘူးလားဆိုရင်တော့မဟုတ် ပါဘူး။ဒါပေမယ့်လည်း ကိုယ့်အတွက်တကယ်အသုံးဝင်တဲ့ သင်တန်းဖြစ်ဖို့တော့လိုပါတယ်။လူငယ်တော်တော်များများက ကိုယ့်အတွက်တကယ်တက်သင့်မတက်သင့်မစဉ်းစားဘဲ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလား သင်တန်းတက်ကြတာများပါတယ်။ဒီအချက်ဟာပိုက်ဆံကုန်စေတဲ့အပြင်ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေပါကုန်ဆုံးသွားရတာဖြစ်ပါတယ်။

(၃) အပျော်အပါးနွံထဲနစ်နေခြင်း

Source : radioalice.radio.com

လူငယ်အရွှယ်မှာပျော်စရာပါးစရာကိစ္စတွေကနေ့တိုင်းလိုလို ကုန်သွားတယ်ဆိုတာမရှိပါဘူး။သူငယ်ချင်းတွေနဲ့သောက်မယ်စားမယ် ပျော်မယ်ပါးမယ်ဆိုတဲ့ကိစ္စတွေက လူငယ်တွေကိုအဓိကဆွဲဆောင်နေတဲ့ အချက်တွေဖြစ်ပါတယ်။အပျော်အပါးတွေရဲ့ နွံကလည်း ရုန်းထွက်ဖို့ခက်ခဲလှပါတယ်။ဒီလိုအပျော်အပါး တွေကြောင့်ပဲ ပိုက်ဆံတွေကကုန်ကုန်သွားရတာဖြစ်ပြီး တစ်ချို့ဆိုရင် လမ်းမှားရောက်သွားကြတဲအထိဖြစ်သွားတာမျိုးတွေရှိပါတယ်။

(၄) နောင်ဖြစ်မှနောင်ရှင်းသုံးစွဲခြင်း

Source : parade.com

လူငယ်တွေဖြစ်တဲ့ ဆုံးဖြတ်ချက်တွေကလည်းရင်ကျက်သင့်သလောက်မရင့်ကျက်ကြသေးပါဘူး။ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း သေချာစဉ်းစားဆုံးဖြတ်တာမျိုးသိပ်မလုပ်ကြပါဘူး။နောင်ဖြစ်မှနောင်ရှင်းမယ်ဆိုတဲ့စိတ်တွေတော်တော် များများမှာရှိပါတယ်။ငွေကြေးသုံးစွဲမှုနဲ့ပတ်သတ်လာရင်လည်း နောင်ဖြစ်မှနောင်ရှင်းမယ် လောလောဆယ်တော့သုံးလိုက်မယ်ဆိုတဲ့စိတ်တွေကြောင့်ပဲ ငွေရေးကြေးရေးအကျပ်အတည်းတွေအမြဲရှိနေတာဖြစ်ပါတယ်။

(၅) ဝင်ငွေထွက်ငွေစာရင်းမရှိခြင်း

Source : The Advocate

လူတစ်ယောက်ဟာကိုယ်ရဲ့ဝင်ငွေထွက်ငွေနဲ့ ပတ်သတ်ပြီးစာရင်းမရှိရင် ငွေကြေးဆိုင်အရာအကျပ်အတည်းနဲ့ ရင်ဆိုင်ရဖို့ များပါတယ်။တစ်လတာဝင်ငွေကိုစာရင်းပြုလုပ်ဖို့လိုသလို တစ်လတာအသုံးစာရင်းကိုလည်းသေချာစွာမှတ်သားထားဖို့လိုပါတယ်။စာရင်းမရှိပဲသုံးစွဲခြင်းက အထိပ်ကွပ်မရှိငွေသုံးစွဲခြင်းနဲ့ အတူတူပါပဲ။ကိုယ့်ရဲ့ဝင်ငွေထွက်ငွေစာရင်းလုပ်ထားမယ်ဆိုရင် ဘယ်လောက်ဝင်ငွေရှိတယ် ဘယ်လောက်သုံးမယ် ဘယ်လောက်ကတော့စုမယ်ဆိုတာကို သေချာစွာခွဲခြားနိုင်မှာဖြစ်ပါတယ်။