ငွေကြေးလုံလောက်နေမှုက အိပ်မက်တွေရှင်သန်စေဖို့အတွက် ကူညီပေးပါတယ်။ တစ်ချို့လူတွေက ဝင်ငွေထွက်ငွေမျှအောင်၊ နှစ်စဉ်ခရီးထွက်နိုင်အောင်၊ နေ့စဉ်စားသောက်ဖို့အတွက် ငွေကြေးကို စီမံခန့်ခွဲမှုတွေ လုပ်ကြတယ်။ ဒီလူတွေလည်း တစ်ခြားလူတွေလိုပဲ အလုပ်လုပ်ကြတာချင်းအတူတူ ပိုက်ဆံပိုပြီးစုမိကြတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ငွေကြေးစုဆောင်းနိုင်ဖို့အတွက် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။

လက်ငင်းငွေချေကြတယ်

Source: Clark Howard

အခုလို တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးထဲမှာ ငွေစက္ကူသုံးစွဲမှုက ခေတ်နောက်ကျ တယ်လိုထင်ကြတဲ့သူတွေ ရှိလာနေပါပြီ။ ဒါပေမယ့် ပိုက်ဆံကို ချွေချွေတာတာသုံးစွဲသူတွေကတော့ ကက်နဲ့ငွေပေးချေဖို့ထက် ငွေစက္ကူဖြင့်သာ ငွေပေးချေကြတယ်။ အထူးသဖြင့် သေးသေးမွှားမွှားတွေ ဝယ်ခြမ်းရတဲ့အချိန်မျိုးမှာပေါ့။ လူချမ်းသာတွေက အကြွေးနဲ့ကင်းနိုင်သမျှကင်းအောင် နေကြပါတယ်။

The 24-hour rule (၂၄ နာရီစည်းမျဉ်း)

Source: Money Crashers

သန်းကြွယ်သူဌေးတွေတော်တော်များများက The 24-hour rule (၂၄ နာရီစည်းမျဉ်း) အသုံးပြုကြတယ်။ ဒီစည်းမျဉ်းကတော့ ရိုးရှင်းပါတယ်။ ဝယ်ချင်တာတစ်ခုခုရှိလာပြီဆိုရင် ဒီပစ္စည်းကို ဝယ်သင့်မဝယ်သင့် တစ်ရက်လောက်စောင့်ပြီး စဉ်းစားတာပါ။ မလိုအပ်တာတွေ ဝယ်မိခြင်းက ခဏအတွင်းမှာပေါ်လာတဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်တက်ပါတယ်။ သူတို့တွေက မလိုအပ်တဲ့နေရာတွေမှာ ငွေမဖြုန်းကြဘူး။ တစ်ခုခုဝယ်ရဖို့ဖြစ်လာပြီဆိုရင် ဒီအရာကို ငါလိုအပ်တာလာ လိုချင်တာလာ ဆိုတာကို သင့်ကိုသင်သေချာပြန်မေးပါ။

ရေရှည်အသုံးဝင်မဲ့ ပစ္စည်းတွေပဲဝယ်ပါ

Source: Money Crashers

ပိုက်ဆံစုဖို့အတွက်အလွန်အကျွံ တွန့်တိုနေတာမျိုး မဖြစ်သင့်ပါဘူး။ ချမ်းသာတဲ့သူတွေဟာ ရေရှည်အတွက် ရင်းနှီးမြှပ်နှံတတ်တဲ့ အကျင့်ရှိပါတယ်။ သူတို့ဟာ အလုပ် (သို့) အိမ်အတွက် ရေရှည်အသုံးခံမယ့် ပစ္စည်းတွေကိုသာ ဝယ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဈေးပေါပြီး အရည်အသွေးနှိမ့်တဲ့ ပစ္စည်းတွေက ကြာကြာ အသုံးခံလေ့ မရှိတာကြောင့် မကြာခဏ ထပ်ဝယ်ရလေ့ရှိပါတယ်။ ဒီလိုမကြာခဏ ထပ်ပြီးဝယ်ရတဲ့အခါမှာ ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ ဈေးကြီးပြီး အရည်အသွေးမြှင့် ရေရှည်အသုံးခံတဲ့ ပစ္စည်းတွေထက် ငွေကြေးပိုကုန်ကျလေ့ရှိတက်ပါတယ်။

ဘက်ဂျက်ရေးဆွဲပြီး လိုက်နာကျင့်သုံးပါ

Source: Budget Legal Advice

ဘက်ဂျက်ရေးဆွဲပြီး လိုက်နာကျင့်သုံးတဲ့ အလေ့အကျင့်က ငွေပိုငွေလျှံတွေ ထွက်လာစေပါတယ်။ ဘက်ဂျက်ရေးဆွဲရာမှာ (၅၀/၃၀/၂၀) စည်းမျဉ်းကို အသုံးပြုကြည့်ပါ။ ဝင်ငွေရဲ့ (၅၀) ရာခိုင်နှုန်းကို အမှန်တကယ်လိုအပ်တာတွေအတွက် အသုံးပြုပြီး (၃၀) ရာခိုင်နှုန်းကိုတော့ လိုချင်တာတွေဝယ်ဖို့ အသုံးပြုပါ။ ကျန်တဲ့ (၂၀) ရာခိုင်နှုန်းကိုတော့ စုငွေထဲထည့်လိုက်ပါ။

လျှော့ဈေးရတဲ့အချိန် ပစ္စည်းဝယ်တယ်

Source: AARP

လူတော်တော်များများ လျှော့ဈေးပေးနေတဲ့ ပစ္စည်းတွေ ဝယ်ရတာ နှစ်သက်ကြပါတယ်။ ဈေးကြီးတဲ့ ပစ္စည်းတွေကို လျှော့ဈေးပေးတဲ့ အချိန်ထိ စောင့်ပြီး ဝယ်တာဟာ ကုန်ကျစရိတ်အများကြီးသက်သာစေပါတယ်။ လျှော့ဈေးတွေက တနှစ်ပတ်လုံးရှိပါတယ်။ ချမ်းသာတဲ့ သူတွေဟာ တစ်နှစ်လုံးစားအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ထားပြီး လျှော့ဈေးပေးတဲ့ အချိန်မှာ ဝယ်ကြလေ့ရှိပါတယ်။

သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေအတွက် ပိုက်ဆံအသုံးပြုကြတယ်

Source: BBC

ချမ်းသာတဲ့သူတွေဟာ သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေ ဥပမာ သူတို့ရဲ့ဝါသနာတွေအပေါ်ငွေကြေးသုံးစွဲ တတ်ကြပါတယ်။ သူတို့တွေဟာ တဖက်ကလည်း အလုပ်ကြိုးစားပြီးငွေစုဆောင်းသလို တဖက်ကလည်း သူတို့ရဲ့ပျော်ရွှင်မှုအတွက် ငွေကြေးသုံးစွဲလေ့ရှိကြပါတယ်။

ပိုက်ဆံအကြွေတွေကို ပြန်သုံးပါ

Source: Forbes

လူတချို့တွေက ပိုက်ဆံအကြွေတွေကို ပြန်သုံးလေ့မရှိကြပါဘူး။ သူတို့က တစ်ရာတန်နှစ်ရာတန်တွေ သိမ်းထားပြီး ပြန်မသုံးဖြစ်ပဲ မေ့ထားလေ့ရှိတတ်ကြပါတယ်။ချမ်းသာတဲ့သူတွေအတွက်က တော့ တစ်ကျပ်တန်လည်းငွေပါပဲ။ ဒါကြောင့် သူတို့တွေဟာ ပိုက်ဆံအကြွေတွေကို စုဆောင်းပြီး ကော်ဖီဝယ်သောက်တဲ့ အချိန်မှာဖြစ်ဖြစ် ကလေးတွေအတွက် သကြားလုံးလေးတွေ ဝယ်ပေးတဲ့အချိန်မှာဖြစ်ဖြစ် ပြန်သုံးလေ့ရှိကြပါတယ်။